ရန်ကုန်ဆေးရုံကြီး မီးလောင်မှု လူထိခိုက်မှု မရှိ

2018-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်ဆေးရုံကြီးမှာ ၂၀၁၈၊ သြဂုတ် ၁၃ ရက်ေန့ ညက မီးလောင်မှုဖြစ်ပွားလို့  ဆေးရုံသုံး တန်ဖိုးကြီးစက်ပစ္စည်းတွေကို အရေးပေါ် ရွှေ့ပြောင်းနေစဉ်
ရန်ကုန်ဆေးရုံကြီးမှာ ၂၀၁၈၊ သြဂုတ် ၁၃ ရက်ေန့ ညက မီးလောင်မှုဖြစ်ပွားလို့ ဆေးရုံသုံး တန်ဖိုးကြီးစက်ပစ္စည်းတွေကို အရေးပေါ် ရွှေ့ပြောင်းနေစဉ်
Photo: Thant Zin Oo/ RFA

ရန်ကုန်ဆေးရုံကြီးမှာ တနင်္လာနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ကင်ဆာရောဂါ ပြင်ပလူနာဌာန၊ အသေးစားခွဲခိတ်ခန်းက မီးခလုတ်ခုံ အပူလွန်ကဲရာက စတင်ခဲ့တာဖြစ်ပြီး၊ မျက်နှာကျက်က သစ်သားတန်းတွေ၊ ၀ါယာကြိုးတွေ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်နဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက မီးသတ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ ကြတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးရုံးက သတင်းထုတ်ပြန်ပါတယ်။

ကင်ဆာဆောင်က လူနာ ၆၀ လောက်ကို သယ်ထုတ်ခဲ့ကြရပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ သုံးသိန်း ခုနှစ်သောင်းခွဲ လောက်ရှိကြောင်း၊ ဓါတ်ရောင်ခြည် ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့