သဘောမတူဘဲ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် အမည်ဖော်ပြခံရကြောင်း ချင်းအမတ်ဟောင်းပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.02.02
Share on WhatsApp
Share on WhatsApp
သဘောမတူဘဲ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် အမည်ဖော်ပြခံရကြောင်း ချင်းအမတ်ဟောင်းပြော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်
RFA

အာဏာသိမ်း နှစ်နှစ်ပြည့်ပြီးနောက် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီစာရင်းမှာ ကြိုတင်အသေးစိတ် သဘောတူညီချက်မယူဘဲ အမည်ထည့်သွင်း ဖော်ပြခံခဲ့ရတာလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်က ပြောလိုက်ပါတယ်။

ကျွန်တော်က သံတမန်နည်းအရ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ပါတီမှာလည်း ဥက္ကဋ္ဌမရှိတော့ ကျွန်တော်တာဝန်ယူနေရတယ်ဆိုတော့ စွမ်းဆောင်နိုင်မှုတော့မရှိဘူးလို့ထင်တယ်လို့ ပြောလိုက်တယ်။ ကျွန်တော်က အမှတ်တမဲ့ထင်တာကိုး။ ဘယ်ဟုတ်မလဲ ၈ နာရီသတင်းကျတော့ ပါလာတယ်။ 

“ကျွန်တော်က တီဗွီလည်းမကြည့်တော့ မိတ်ဆွေတစ်ယောက် MRTV ကြည့်တဲ့သူကပြောမှသိတာ။ အဲ့မတိုင်ခင် ငါးနာရီလောက်မှာ နေပြည်တော်က ဖုန်းဆက်တယ်။ တာဝန်တစ်ခုလုပ်ဆောင်နိုင်မလားလို့မေးတယ်။ ကျွန်တော်က သံတမန်နည်းအရ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ပါတီမှာလည်း ဥက္ကဋ္ဌမရှိတော့ ကျွန်တော်တာဝန်ယူနေရတယ်ဆိုတော့ စွမ်းဆောင်နိုင်မှုတော့မရှိဘူးလို့ထင်တယ်လို့ ပြောလိုက်တယ်။ ကျွန်တော်က အမှတ်တမဲ့ထင်တာကိုး။ ဘယ်ဟုတ်မလဲ ၈ နာရီသတင်းကျတော့ ပါလာတယ်။ ဆန္ဒရှိပါတယ်ဆိုပြီး အလိမ်အမာသုံးလိုက်တာ။ ဘယ်လိုလုပ်သွားငြင်းလို့ကောင်းပါ့မလဲ။"

အမည်စာရင်းဖော်ပြခံရပြီးနောက် ဘာဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သူကပြောပါတယ်။

သူဟာ ဆီးချိုသွေးချိုနဲ့ အာရုံကြောအားနည်းရောဂါရှိသလို လေဖြတ်ဖူးတာမို့ ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူးလို့ ပြောပါတယ်။

ပူဂင့်ကမ်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

စစ်ကောင်စီက မနေ့က ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခံခဲ့ရသူ ကချင်ပြည်နယ်ပြည်သူ့ပါတီဝင်ဟောင်း ဒေါ်ဒွဲဘူလည်း အမည်စာရင်းပါဝင်ပါတယ်။

“တတ်နိုင်သလောက် ကိုယ့်ဒေသနဲ့ တိုင်းပြည်အတွက်လုပ်ဆောင်မယ်ဆိုတဲ့ ဆန္ဒနဲ့လုပ်ဆောင်ဖို့ လက်ခံခဲ့တာ” လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဒွဲဘူကပြောပါတယ်။

စစ်ခေါင်းဆောင်က သူကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်နေရာယူပြီး အသစ်ဖွဲ့လိုက်တဲ့ စစ်ကောင်စီအဖွဲ့မှာ အဖွဲ့ဝင် ၂၀ ဦးထည့်သွင်းဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။