ရခိုင်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးတာတွေရှိ
သန့်ဇင်ဦး
2020.03.12
2020.03.12
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က စစ်ကြောရေးဆောင်ရွက်ပြီးနောက် သေဆုံးတာတွေနဲ့ ဖမ်းဆီး ခံရပြီးနောက် မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာတွေရှိတယ်လို့ ကာယကံရှင် မိသားစုက ပြော ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် နှမဒါကျေးရွာက အသက် ၇၃ နှစ်အရွယ် ဦးမောင်ဖြူထွန်းဟာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ စက်လှေနဲ့ရွာပြန်လာရာမှာ ကျောက်တော် မြို့နယ် တင်းမရွာမှာစခန်းချနေတဲ့ တပ်မတော်က ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုက ပြောပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ဦးမောင်ဖြူထွန်းကို တပ်မတော်က မော်တော်ကားနဲ့ ကျောက်တော်ရဲစခန်းကို လာရောက်အပ်နှံခဲ့ပြီးနောက် အဲဒီနေ့ညမှာပဲ စစ်ကြောရေးမှာရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးသွား တယ်လို့ သားဖြစ်သူ ကိုကျော်ကျော် က ပြောပါတယ်။
“ည ၇ နာရီခွဲလောက်မှာ တပ်မက ကားနှစ်စီးနဲ့လာပြီးတော့ ကျွန်တော့အဖေအပါအဝင် အဖမ်းခံထားရသူ ခုနှစ်ဦး ကို ကျောက်တော်ရဲစခန်းကို လာပို့တယ်။ ကျွန်တော့အဖေကိုတော့ ရဲစခန်းရှေ့မှာ ကားပေါ်ကနေတွန်းချလိုက် ပါတယ်။ တခြားလူတွေကိုတော့ သွားနိုင်လာနိုင်လို့ ကိုင်ပြီးချပေးပါတယ်။ ကျွန်တော့အဖေကိုတော့ ကြိုးချည် လျှက်သား ခင်ဗျားသေစမ်းဆိုပြီးတော့ တွန်းချလိုက်ကြတာ။ ရဲတွေက ချက်ချင်းဆေးရုံတင်ခွင့်မရဘဲ စစ်သား တွေပြန်သွားလို့ ည ၈ နာရီကျော်လောက်မှ ဆေးရုံတင်ခွင့်ရတယ်။ အဖေ့ကိုဆေးရုံတင်တဲ့အကြောင်း ကျွန်တော့ ကိုလှမ်းပြောကြတော့ ကျွန်တော်က လမ်းပန်းဆက်သွယ်ရေး အခြေအနေအရလာလို့မရဘူး။ တိုက်ပွဲတွေကြောင့် ရေကြောင်းကနေလာလို့မရတော့ ကုန်းလမ်းလည်း ညဆိုလာလို့မရဘူး။ မနက်ဖုန်းထပ်ဝင်လာတော့ အဖေဆုံး ပြီတဲ့”
ဦးမောင်ဖြူထွန်းဟာ ကျောက်တော်မြို့နယ် မာလာရွာကို ဝါးရောင်းပြီး စက်လှေနဲ့အပြန် ဝါးအရောင်းအဝယ် လုပ်တဲ့ အခြားအသက်ကြီး အမျိုးသားနှစ်ဦးနဲ့အတူ ပြန်လာရာမှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဝါးရောင်းလို့ရတဲ့ငွေတွေနဲ့ စက်လှေကိုတော့ ဒီနေ့အထိပြန်မရဘူးလို့ ကိုကျော်ကျော် ကပြောပါတယ်။
တပ်တော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးမှုကို ခံရပြီးနောက် ပျောက်ဆုံးနေသူတစ်ဦးကတော့ မြောက်ဦးမြို့နယ် အထုပ်သည်မကျေးရွာက ဦးစံရွှေသန်း(ခေါ်) အသန်းချေပါ။
အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးစံရွှေသန်းဟာ ရွာမှာပြုလုပ်မယ့် ရှင်ပြုအလှူအတွက် ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက ဆိုင်ကယ်နဲ့ဈေးဝယ်ဖို့ထွက်ရာမှာ မြောင်းဘွေကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာနဲ့ကြုံရပြီးနောက် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
အဲဒီနေ့ကဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ တိုက်ပွဲဟာ အရပ်သား ၁၁ ဦးအထိ သေဆုံးခဲ့ရတဲ့တိုက်ပွဲပါ။
မသင်္ကာတဲ့လူ ၁၄ ဦးကို မတ်လ ၃ ရက်နေ့က မြောက်ဦးမြို့မရဲစခန်းမှာ တပ်မတော်က အမှုဖွင့်လိုက်ပေမယ့် အဲဒီအထဲမှာ ဦးစံရွှေသန်းက ပါမလာပါဘူး။
ဦးစံရွှေသန်းရဲ့ သမီးဖြစ်သူ မမြနှင်းဝေက သူ့အဖေကို ဒီနေ့အထိ စုံစမ်းလို့မရသေးဘူးလို့ပြောပါတယ်။
အဲဒီနေ့မှာပဲ ဦးစံရွှေသန်းရဲ့လက်ကိုင်ဖုန်းကို မိသားစုက ဆက်သွယ်ရာမှာ အမည်မသိသူတစ်ဦးက ဗမာစကားနဲ့ ညနေပြန်လွှတ်မှာဖြစ်ကြောင်းပြောဆိုတာ၊ မြောက်ဦးရဲစခန်းမှာ အမှုဖွင့်ခံရသူတွေက သူတို့နဲ့အတူ ဦးစံရွှေသန်း လည်း အဖမ်းခံရတာလို့ အခိုင်အမာပြောဆိုတာ စတဲ့အချက်တွေကြောင့် ဦးစံရွှေသန်းဟာ တပ်မတော်ရဲ့ လက်ထဲ မှာရှိနေတယ်ဆိုတာကို မိသားစုက ယုံကြည်နေကြပါတယ်။
ဦးစံရွှေသန်း ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို မသိသေးဘူးဆိုတဲ့အဖြေကိုသာရခဲ့ကြောင်း သမီးဖြစ်သူ မမြနှင်းဝေက ပြောပါတယ်။
ပလက်ဝမြို့နယ် နှမဒါကျေးရွာက ဦးမောင်ဖြူထွန်းဟာ တပ်မတော်စစ်ကြောရေး လက်လွန်သေဆုံးတာ၊ မြောက်ဦးမြို့နယ်က ဦးစံရွှေသန်းကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးတာ စတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက် နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို RFA က ဒီနေ့မနက် ၁၀ နာရီမှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အောက်ခြေအဆင့်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံတော်အကြီးအကဲတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း အရပ်သားသေဆုံးမှုဟာ ၁၅ ယောက်လောက်ရှိ ခဲ့ပါတယ်။
အချိန်တစ်နှစ်ကျော်အထိ ကြာမြင့်လာခဲ့တဲ့ စစ်ရေးပဋိပက္ခကာလမှာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူတွေ ၂၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပေမယ့် အရေအတွက်အတိအကျကို စာရင်းပြုစုထားတာ မတွေ့ရပါဘူး။