မိုးပျံပူးပေါင်း စီမံကိန်းကို ဖျက်သိန်းပေးဖို့ တောင်းဆို

0:00 / 0:00

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကန်တော်ကြီးအတွင်း အကောင်အထည်ဖော်မယ့် မိုးပျံပူးပေါင်း စီမံကိန်းကို ဖျက်သိန်းပေးဖို့ ကန်တော်ကြီးထဲမှာ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ကိုင်သူ ၅၀ နီးပါး စုပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။ အဲဒီစီမံကိန်းကို Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။