ဗိုင်းရပ်စ်ကြောင့် အမေရိကန်ရောက် ချင်းမိသားစု တိုက်ခိုက်ခံရ

ကိုရိုနာဗိုင်းရပ်စ် သယ်လာတဲ့ အာရှနိုင်ငံသားလို့ စွပ်စွဲခံရပြီး အမေရိကန်ရောက် မြန်မာမိသားစုတစ်စု ပြီးခဲ့တဲ့အပတ်က ဓားနဲ့ထိုးကြိတ် တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ခြောက်နှစ်အရွယ် ကလေးငယ်ရဲ့ ဦးခေါင်းတဝိုက်မှာ ၁၅ ချက်ချုပ်လိုက်ရပါတယ်။

အဲဒီမိသားစုကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။