ချင်းမိုင် သီတင်းကျွတ်လပြည့်နေ့


2016.10.17

ဒီကနေ့မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားက ဗုဒ္ဓဘာသာဝင်တွေက မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးစံအရ ဘုရားသွား ကျောင်းတက် အလှူဒါနတွေ အသီးသီးပြုလုပ်ကြသလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ဗုဒ္ဓဘာသာ တိုင်းရင်းသားတွေလည်း ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြပြီး နတ်ရွာစံသွားခဲ့တဲ့ ထိုင်းဘုရင်ကြီးအတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။

အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် က ချင်းမိုင်မြို့ကနေ ပေးပို့ထားပြီး ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။