0:00 / 0:00
နိုဝင်ဘာ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ကိုယ်စား လှယ်တွေရဲ့ အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လေ့လာနေမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။အဲဒီလိုပြောကြားတဲ့ အချက်တွေအပေါ်မှာ ကြိုဆိုတာတွေရှိသလို၊ ဝေဖန်မှုတချို့လည်း ရှိနေပါတယ်။
ဒီပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် မမိုးကလျာဦးက စုစည်းတင်ပြထားပါတယ်။