လူ့အခွင့်အရေးဆောင်ရွက်သူတွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း

2018-12-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ တာမွေခုံးကျာ်တံတားအောက်မှာ ၂ဝ၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
စစ်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ တာမွေခုံးကျာ်တံတားအောက်မှာ ၂ဝ၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
Photo: Aung Thain Kha/RFA

ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကမ္ဘာတဝှမ်းမှာ လူ့အခွင့်အရေး ကာကွယ်သူပေါင်း ၃၅ဝဝ ထက်မနည်း အသတ်ခံခဲ့ရပြီး အဲဒီထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးသဘောတူခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို နိုင်ငံအားလုံးလိုက်နာဖို့နဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေကို အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ များနေသေးသလို၊ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆောင်ရွက်တဲ့အဖွဲ့တွေကို အစိုးရဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ပိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမှတ်ပြုမှု အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့