0:00 / 0:00
Eleven Media သတင်းဌာနက သတင်းသမားသုံးယောက်ကို မကြာသေးခင်က ဖမ်းဆီးအရေးယူလိုက် တာကြောင့် ဒီမိုကရေစီရေး ရှေးရှုဖို့ ကတိပြုထားတဲ့ အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးအပေါ် မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာနေပါတယ်။ သတင်းသမားတွေကို အရေးယူတဲ့ လုပ်ရပ်တွေဟာ မီဒီယာတွေအပေါ် ပိုမိုဖိနှိပ်လာတာလား၊ မီဒီယာနဲ့ဆက်ဆံရေးမှာ အားနည်းချက်တွေ ရှိနေလို့လား ဆိုတဲ့အပေါ် အကဲခတ်သူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက စုစည်းတင်ပြထားပါတယ်။