ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား-ဝေးသလား ခေါင်းစဉ် ဆွေးနွေးချက်


2015.01.14

၃လ နီးပါးကြာရပ်နားခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ်ပြန်လည် ထုတ်ဝေခြင်းမိတ်ဆက် အခမ်းအနားကို ဒီနေ့ ကျောက်တံတားမြို့နယ်က စင်ထရယ်ဟိုတယ်မှာကျင်းပ ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ "ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား-ဝေးသလား"ခေါင်းစဉ်နဲ့ စကားဝိုင်းတစ်ခုကို ထည့်သွင်းခဲ့ပါတယ်။

အဲ့ဒီစကားဝိုင်းမှာ ဆွေးနွေးချက်တွေကို RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။

"ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား-ဝေးသလား"ဆိုတဲ့ခေါင်းစဉ်နဲ့ ပြန်ကြားရေးဝန်ကြီးဌါန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ စီးပွားရေးပည်ရှင် ဦးဝင်းမြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလိုဆွေးနွေးရာမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရအနေနဲ့ငြင်းဆန်မယ်ဆိုရင် ပြည်သူတွေနဲ့အစိုးရကြားမှာ ဝေးကွာသွားမှာဖြစ် တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဦးကိုကိုကြီး။              ။ဒီဘက်မှာ အလျော့ပေးပြီးတော့ ပြောရရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ချင်လို့ ဒီဖွဲ့စည်းပုံရဲ့အားနည်းချက်၊ ယိုယွင်းချက်တွေကို သိပါလျက်နဲ့ ရွေးကောက်ပွဲကိုဝင်ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင် ဖို့ကြိုးစားနေတဲ့ ကြိုးပမ်းမှု၊ ဆိုတော့ပြည်သူတွေနဲ့ ဒါတော်တော်နီးတယ်လို့ ကျနော်မြင်တယ်၊ အစိုးရသော် လည်းကောင်း၊ လွှတ်တော်ကသော်လည်းကောင်း ဒါကိုပြင်ဆင်ဖို့ ငြင်းဆန်တယ်ဆိုရင် အဲ့ဒီဆောင်ရွက်ချက် က ပြည်သူတွေနဲ့ဝေးတဲ့လှုပ်ရှားမှုလို့ပဲ ပြောလို့ရမယ်တော့ထင်ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အကောင်အထည်ဖော်ဖို့အတွက် အကြံပြချက်အတိုင်းကို ငြင်းပယ်တာ မရှိကြောင်းနဲ့ အစိုးရက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ရှောင်ဖယ်နေတယ်လို့ ဝေဖန်နေမှုတွေအပေါ် ပြည်ထာင် စုဝန်ကြီး ဦးရဲထွဋ်က အခုလိုရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ဦးရဲထွဋ်။                  ။၆ ပွင့်ဆိုင်တို့ ဘာတို့ဆိုတဲ့ ကိစ္စအပေါ်မှာ ကျနော်တို့ သမ္မတကြီးအနေနဲ့ကတော့ တကယ်တမ်းပြောရရင် တွေ့ဆုံဆွေးနွေးရေးကို စိတ်ပါလက်ပါလုပ်ခဲ့တာက အလုပ်နဲ့သက်သေပြတာ၊ ဒါကြောင့်မို့လို့ ကျနော်တို့က ဘယ်အဆိုကိုမှမတင်ဘူး၊ သို့သော်အဆိုတစ်ခုကို ကျနော်တို့ သွားမယ်ဆိုရင်တော့ တက်နိုင်သမျှပြုပြင်၊ ဒီနေ့ကျနော်တို့က အများကြီးအပေါ်မှာ လူတွေရဲ့အကြုံပြုချက်လိုပါတယ်။

လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ဖြေလျော့တဲ့အဆင့်မှာသာရှိနေပြီး ဖြေလျော့ရာမှာတောင် ကန့်သတ်ချက်တွေရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆွေးနွေးခဲ့ပါတယ်။

ဦးဝင်းမြင့်။                 ။တကယ်တော့ ပြုပြင်ပြောင်းလဲရေးဟာ အခုဟာကဖြေလျော့တဲ့အခြေအနေ၊ ဒီလိုအခြေအနေမျိုးမှာ အသွင်ကူးပြောင်မှု အစဉ်ကောင်းများကိုလည်း နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို တည်ဆောက်လို့မရဘူး၊ ဒီမိုကရေစီရဲ့အစဉ်အလာက လွတ်လွတ်လပ်လပ်ဖြစ်နေတော့ မဟုတ်သေးဘူးလေ၊ အကန့်အသတ် အချုပ်အချယ်နဲ့ ဖြေလျော့ရမယ်၊ အကန့်အသတ် အချုပ်အချယ်နဲ့ ဖြေလျော့တာမဖြေလျော့တာ အခုမီဒီယာတွေကိုပဲကြည့် ဖမ်းဆီးခံရတယ်၊ တရားစွဲခံရတယ်၊ ထောင်ကျနေပြီ၊ နောက်တစ်ခု ပုဒ်မ ၁၈ နဲ့ တရားစွဲခံနေရပြီ၊ အဲ့ဒါဖြေလျော့တာဘက်မှာ လုံးဝဖြေလျော့တာမဟုတ်ဘူး၊ အကန့်အသတ်အတားအဆီတွေ ရှိနေသေးတယ်။

စီးပွားရေးပညာရှင် ဦးကျော်ဝင်းက အစိုးရနဲ့ပြည်သူကြား နီးစပ်မှုရှိစေရေးတို့အတွက် လိုအပ်တဲ့အချက်တွေ ကို ထောက်ပြခဲ့ပါတယ်၊ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ချင်တယ်ဆိုရင် ပြည်သူနဲ့နီး စပ်အောင်ဆောင်ရွက်ဖို့လိုပြီး အုပ်ချုပ်ရေးရှု့ထောင့်တစ်ခုတည်းက မကြည့်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဦးကျော်ဝင်းက ဆွေးနွေးခဲ့ပါတယ်။

ဦးကျော်ဝင်း။              ။ ကိုထင်ကျော် ဘာကိုတောင်းဆိုခဲ့လဲ၊ သူတို့တွေသည် ဥပဒေဘောင်ကနေ ငြိစွန်းတာတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါကို ကျနော်တို့ လက်ခံရမယ်၊ သို့သော်သူတို့ဘာကို တောင်းဆိုတာလဲဆိုတာကို ကျနော်တို့လက်ရှိ တာဝန်ယူနေတဲ့အဖွဲ့အစည်းက မြင်အောင်ကြည့်ပြီးတော့ ဘာကိုလုပ်သင့်တယ်ဆိုတဲ့ သူတို့သင်ခန်းစာယူပြီးမှ ရှေ့ကိုလှမ်းပါတဲ့၊ ကျနော်တို့လှမ်းတဲ့ အမြင်ဖြစ်မယ်၊ အဲ့လို ကျနော်တို့ဘက်ကပဲ အုပ်ချုပ်ရေးဘက်ကပဲ မကြည့်သင့်ဘူး။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ဒီနေ့ဆွေးနွေးရာမှာတော့ လက်ပံတောင်းတောင် အရေးမှာ အစိုးရရဲ့ဖြေရှင်းမှုတွေ ဗဟိုအုပ်ချုပ်မှုရှနေဆဲကိစ္စရပ်တွေ၊ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတွေ ကို ငြင်းပယ်နေတာတွေကို ဝေဖန်ထောက်ပြခဲ့ကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။