လေးလအတွင်း ရိုဟင်ဂျာငါးရာကျော် အဖမ်းခံရ


2020.02.28
Share on WhatsApp
Share on WhatsApp

မြန်မာ့ပင်လယ်ပြင်မှာ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းအရသိရပါတယ်။  အဲဒီအပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ ၂ဝ၂ဝ ဖေဖော်ဝါရီလအထိ လေးလအတွင်း မှတ်ပုံတင်အထောက်အထားမပါလို့ ပြည်တွင်းမှာ အဖမ်းခံထားရတဲ့သူ ၅၀၀ ကျော်ရှိပြီး တရားရင်ဆိုင်နေရပါတယ်။

အဲဒီထဲမှာ အသက် (၁၈) နှစ်အောက်ကလေးတွေကို လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းတွေ ပို့ထားတာလည်းရှိပါတယ်။

ရခိုင်ပြည်နယ်မှာ သူတို့ရဲ့မရေရာတဲ့ဘဝရှေ့ရေးတွေကြောင့် ထွက်ပြေးတာများလာနေပြီလို့ အစိုးရအရာရှိတွေရော၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပါ ‌ထောက်ပြကြပါတယ်။

RFA ဝိုင်းတော်သူ မခက်မာတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။