သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-27
ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ဒုက္ခသည်တစ်ရာကျော်ကို စစ်မှုထမ်းဖို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-27
ရခိုင်ပြည်နယ်မှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ အရာခံနဲ့ တပ်သားတွေကို စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာ ရှိ၊ မရှိ စစ်ဆေးနေပြီး အမိန့်ပေးတဲ့သူ၊ အကောင်အထည်ဖော်ခဲ့တဲ့သူတွေကို သူတို့ဥပဒေအရ အရေးယူသွားမယ်လို့ (AA) က RFA ကိုပြောပါတယ်။
2024-02-26
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခုနစ်သောင်းနီးပါး (၂၆၈,၇၃၁) ထပ်တိုးလာပါတယ်။
2024-02-26
တိုက်ပွဲကာလအတွင်း ကော့ကရိတ် မြို့ပေါ် ရပ်ကွက် ခုနစ်ခုက ဒေသခံ လူသုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး စားသောက်စရာနဲ့ နေရာထိုင်ခင်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
2024-02-26
ရန်ကုန်ကနေ ရခိုင်ကိုပြန်တဲ့ လူငယ် တစ်ရာကျော်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
2024-02-26
ဖားကန့် ကျောက်စိမ်းမှော်ကို KIA ရော၊ စစ်ကောင်စီကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပိုပြင်းထန်နေပါတယ်။
2024-02-25
အရေးယူပိတ်ဆို့တာတွေ ရှိပေမဲ့ စစ်ကောင်စီဟာ လောင်စာဆီတွေ ရနေဆဲပဲလို့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ AI အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-02-25
ကိုညီမင်းသူလို အသက်ပေးလိုက်ရသူတွေကို လေးစားရင် တော်လှန်ရေးမှာ တပ်ပေါင်းစုတွေ ညီညွတ်ကြပါလို့ ဗကသ ကျောင်းသားဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
2024-02-25
စစ်ကိုင်းတိုင်း ကလေးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2024-02-24
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2024-02-23
ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်က ခြံတစ်ခုအတွင်းကို ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
2024-02-23
ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော၊ တရားမဝင်ပါ မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှုများလာသလို ထိုင်းအာဏာပိုင်တွေကလည်း စစ်ဆေးမှုတွေ ပိုတင်းကျပ်ပြီး ဖမ်းဆီးမှုတွေပါ ပိုများလာပါတယ်။
2024-02-23
စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုခဲ့ပြီးတဲ့နောက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဧည့်စာရင်း ပိုစစ်တာ၊ ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-22
ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ တစ်လတာ တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေး ငါးဦး အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ငါးဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက ပြောပါတယ်။
2024-02-22
ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ထိုးကျနေပြီလို့ လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။