သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-28
သတင်းမီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချနေတယ်ဆိုပြီး သတင်းစာနဲ့ ဂျာနယ်စာမျက်နှာတွေမှာ ကန့်ကွက်ကြောင်း ရေး သားဖော်ပြကြသလို ဆန္ဒပြမှုတွေလည်း လုပ်ဆောင်နေတဲ့အပေါ် မီဒီယာသမားတွေ ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
2015-03-26
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုပြုပြင်ဆင်ချက်တွေကို ထည့်သွင်းပြီး အတည်ပြုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်း သား ကျောင်းသူတွေ တောင်းဆိုထားတဲ့ အချက် အားလုံးမပါဝင်ပဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။
2015-03-26
အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာတွေကို ကျပ် ၄သောင်းခွဲ ၊ အမြင့်ဆုံးလစာကို ၂ သိန်းခွဲစီ အစိုးရက တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-03-23
သြင်္ကန်ကာလအတွင်း နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမယ့် သီချင်း၊ သံချပ်၊ သရုပ်ဖော် မှုတွေ ပြုလုပ်ရင် ဥပဒေအရအရေးယူသွား မှာဖြစ်ကြောင်း စစ်ကိုင်းတိုင်း တိုင်းဒေသကြီး အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2015-03-22
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုနဲ့ပတ်သက်တဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အစိုးရက ရပ်နားလိုက်ပြီဖြစ် ပါတယ်။
2015-03-19
ရခိုင်ပြည်နယ်မှာ မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့ တဲ့ အောင်တံခွန် အမှတ် ၃ ရေယာဉ် ဘာကြောင့် နစ်မြုပ်ခဲ့တယ်ဆိုတာကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြခဲ့ ပါတယ်။
2015-03-18
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား အဖွဲ့တွေ ရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့ NCCT တို့ ၇ ကြိမ်မြောက် တွေ့ ဆုံဆွေးနွေးပွဲ ပထမနေ့ ကို ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေးစင်တာမှာ ကျင်းပနေပါတယ်။
2015-03-18
အမျိုးသားလွှတ်တော်မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၁၀ ကြိမ်မြောက် ကြားနာပွဲကို ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2015-03-17
မြန်မာ့သစ်တောပြုန်းတီးမှု အခြေအနေတွေ နဲ့ပတ်သက်ပြီး၊ ဗြိတိန်နိုင်ငံက UK AID နဲ့ နိုင်ငံတကာ သစ်တောထိန်းသိမ်းရေး Forest Trends အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2015-03-16
အမျိုးသားလွှတ်တော်မှာ ဒီနေ့ ၉ ကြိမ်မြောက် ကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကြားနာပွဲကို သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်တစ်ချို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
2015-03-16
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
2015-03-12
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့ဈေးထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက အမြောက်ကျည်ဆံ ကျခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ကိုလည်း အစိုးရက ဖမ်းဆီး စစ်ဆေးနေတာတွေရှိတယ်လို့ ကိုးကန့် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2015-03-12
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ကန့်ကွတ်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပွဲကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေးကူညီအသင်း(ရန်ကုန်)မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-03-11
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ကျောင်း သား၊ ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
2015-03-09
မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမအနီးမှာ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို ရဲတပ်ဖွဲ့အပြင် လက်ပတ်နီဝတ် အရပ်သားတွေကပါ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်တာတွေ များလာနေပါတယ်။