သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-31
မြေသိမ်းတဲ့ တပ်နဲ့ တောင်သူ အချင်းများရာက ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်သွားတဲ့ တောင်ကြီး ခရိုင် ရွှေညောင်မြို့နယ် ရေပူကျေးရွာ က တောင်သူ ဦးမြင့်အောင်ရဲ့ တူမနှစ်ယောက်ကိုလည်း ရဲစခန်း က အမှုဖွင့်ထားပါတယ်။ ဒေါ်စမ်းစမ်းတင်က တင်ပြ ပါမယ်။
2015-05-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်၊ မေလ ၂၉ ရက်ကနေ ၃၁ ရက် အထိ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ သုံး ရက်တာကျင်းပခဲ့ပါတယ်။
2015-05-31
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး သတင်း၊ ဓါတ်ပုံ၊ ရုပ်သံနဲ့ ကာတွန်းဆုတွေ ပေးအပ်ခဲ့ပါတယ်။
2015-05-31
မိုးစပါးအတွက် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေတွေကို လယ်ယာလုပ်ကိုင်ခွင့် ပုံစံ ၇ ရှိသူများကိုသာ ထုတ်ချေးပေးဖို့ ညွှန်ကြားထားတာကြောင့် မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေရရှိရေးအတွက် ပုံစံ ၇ မရှိတဲ့ လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
2015-05-28
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။အဲ့ဒီ ဥပဒေကြမ်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ဆက်စပ်နေပုံနဲ့ အဲ့ဒီဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်း တင်ပြထားပါတယ်။
2015-05-28
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၄ မြို့နယ် နဲ့ နေပြည်တော်ကောင်စီ မြို့နယ် ၈ ခုမှာ ကြေညာ ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ မဲပေးခွင့် အမည်စာရင်း မပါသူတွေရှိနေတယ်လို့ မဲစာရင်း စိစစ်နေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2015-05-27
လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို တင်ပြတဲ့ အစီရင် ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၇ ယောက်က ဆွေးနွေး ခဲ့ပါတယ်။
2015-05-27
အမျိုးသားပညာရေး ဥပဒေပြဌာန်းပြီးရင် ဆက်လက်ရေးဆွဲရမယ့် ဥပဒေတွေထဲက "အဆင့်မြင့်ပညာရေးဥပဒေကြမ်း" ကို ရေးဆွဲနိုင်ဖို့အတွက် ဒီနေ့ နေပြည်တော် မှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
2015-05-25
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် တပ်ဆွဲကျေးရွာ မှာ အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး "မြစိမ်းရောင်စီမံကိန်း" အတွက် ငွေချေးပေးရာ မှာ ငွေကြေးအလွဲသုံးစားမှုတွေ ရှိနေတယ် ဆိုပြီး ကျေးရွာသား ၅ဝ ကျော်က ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2015-05-25
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီက ဧရာဝတီတိုင်းနဲ့ တခြားတိုင်းဒေသကြီးတချို့မှာ တောင်သူလယ်သမားတွေထံက ပါတီမှတ်ပုံတင်ကြေး ကောက်ခံတာအပြင် ငွေချေးပေးမယ်ဆိုပြီး စည်ရုံးမှုတွေ ရှိနေတဲ့အတွက် တိုင်ကြားမှုတွေ ရှိနေပါတယ်။
2015-05-24
အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်သွားကြတဲ့ လှေစီးဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေကတစ်ဆင့် သွားရောက်ကြ တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ က လှေစီးဒုက္ခသည်တွေက ပြောကြပါတယ်။
2015-05-21
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဝင် ၁၇ဝ လောက်က ပါတီဝင်အဖြစ်ကနေ ဒီနေ့ နှုတ် ထွက်လိုက်ပါတယ်။
2015-05-21
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စုက လယ်ယာမြေဧက ၅ဝဝဝ ကျော်ကို စစ်တပ်ကသိမ်းဆည်းပြီး တန်းလျားဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် မကျေနပ်တဲ့အတွက် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ယာပိုင်ရှင်တစ်ဦးက ဒီနေ့မနက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြလိုက်ပါတယ်။
2015-05-18
မျိုးစောင့်ဥပဒေ လေးမျိုးထဲက တစ်ခုဖြစ်တဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးခဲ့ပါတယ်။
2015-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာရှိတဲ့ ဓနသဟာယ စစ်သချိုၤင်းအနီးက ကြာကန်ဘောလုံး ကွင်းမှာ မြို့ခံတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ ပါတယ်။