သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-15
NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက် အစိုးရဖွဲ့ဖို့အရေးမှာ တပ်မတော်နဲ့ ညှိနှိုင်းမှုတွေလုပ်နေရာမှာ မပြေလည်မူတွေရှိနေတယ်ဆိုတဲ့သတင်းတွေ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေ အကြားမှာ ပြောဆိုနေကြသလို နေပြည်တော်ကလာတဲ့ ရိုက်တာစ်သတင်းမှာလည်း တပ်မတော်ဘက် က တောင်းဆိုမူတွေနဲ့ပတ်သက်ပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်တချို့ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာနားဆင်နိုင်ပါတယ်။
2016-02-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီနေ့စတင်ကျင်းပတဲ့ တိုင်းရင်းမီဒီယာ BNI ရဲ့ ၄ ကြိမ်မြောက် ညီလာခံမှာ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
2016-02-14
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာ အခု ဆိုရင် သုံးလ နီးပါးကြာမြင့်နေပြီဖြစ်ပြီး ကျောက်မဲ မြို့တစ်ဝိုက်က ဒေသခံ ၂၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2016-02-14
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျင်းပခဲ့ကြပါတယ်။
2016-02-13
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁ဝ၁ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် အမျိုးသားစာပေ တသက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ အမှန်တရား၊ နိုင်ငံရေး သုခမိန်နဲ့ အောင်ဆန်း ဆိုတဲ့အမည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြုစုရေးသား ထုတ်ဝေထားတဲ့ စာရေးဆရာ ဆရာထွန်းဇော်ဌေးနဲ့ ကဗျာဆရာ ဆရာအောင်ဝေး ပြောပြတဲ့ အမှတ်တရ စကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်း တင်ပြထားပါတယ်။
2016-02-13
ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ မနေ့က နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် အစည်းဝေးကို (၁ဝ) မိနစ်ကျော်ပဲ ကျင်းပခဲ့တဲ့အပေါ် ဝေဖန်ချက်တချို့ထွက်ပေါ်လာသလို မတူညီတဲ့ အမြင်အမျိုးမျိုးလည်း ရှိနေပါတယ်။
2016-02-12
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ ပတ်ဝန်းကျင်မှာ RCSS နဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ၁၅ဝဝ လောက်ဟာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေကြပါတယ်။
2016-02-12
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်၊ ချင်းနဲ့ ရှမ်းတိုင်းရင်သားခေါင်းဆောင်တွေ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့တာ ဒီကနေ့ဆိုရင် ၆၉ နှစ်မြောက် ရှိပြီဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ နှစ်ပေါင်း ၇ဝ နီးပါးကြာမြင့်ခဲ့ပေမယ့် ပြည်တွင်းစစ်မီးဟာ လက်ရှိအချိန်အထိ တောက်လောင်နေဆဲ ဖြစ်ပါတယ်။
2016-02-12
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အခမ်းအနားတွေ ကျင်းပပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားအဖွဲ့တွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲက တချို့ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2016-02-12
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို အခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြင်ဆင်တာ မျိုးဖြစ်သင့်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ရှုမြင်သုံးသပ်ကြပါတယ်။
2016-02-11
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အတွက် ပင်လုံစာချုပ်ပါ အချက်တချို့အကြောင်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထား ပါတယ်။
2016-02-09
လွှတ်တော်တွင်း သတင်းရယူခွင့်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)နဲ့ မြန်မာနိုင်ငံ သတင်စာဆရာအသင်း (MJA)တို့က ကန့်ကွက်ကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-02-09
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒုတိယ အကြိမ် လွှတ်တော်အစည်းအဝေး တွေကို ဒီနေ့ စတင်ကျင်းပခဲ့ပြီး လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌတွေ ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
2016-02-09
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာမှာ ပြည်ထောင်စုလွှတ်တော် အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး ဥပဒေတွေကို အသစ်ပြဌာန်းတာ၊ ပြင်ဆင်တာနဲ့ ရုပ်သိမ်းတာတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2016-02-06
ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူနိုင်ဖို့အတွက် လွှတ်တော်မှာ ပုဒ်မ ၅၉ (စ) ကို ပြင်မလား ဒါမှမဟုတ် ပုဒ်မ ၄၃၆ ကို ပြင်ဆင်မလားဆိုတဲ့အပေါ် အမြင် ၂ မျိုးဖြစ်နေပါတယ်။