သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-31
ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်အတွင်း ဝင်ရောက်သွားကြတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမအသုတ်အနေနဲ့ အိမ်ထောင်စု ၁၉ ခုက လူ ၆၅ ဦးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။
2016-10-31
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီတွေကို ဈေးကွက်တွေတွင်း ရောင်းချနေတာတွေရပြီး အန္တရာယ်ရှိတဲ့ ဆီစားသုံးမှုတွေကြောင့် နှလုံး၊ သွေးတိုး၊ ကင်ဆာနဲ့အတူ အသည်းရောဂါများ အဖြစ်များလာနေတဲ့အကြောင်း မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-10-31
အင်တာနက် ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မြန်မာစာရေးသားမှုတွေဟာ သတ်ပုံသတ်ညွှန်း စံသတ်မှတ်ချက်တွေနဲ့ လွဲချော်တာတွေ များပြားလာတဲ့အပေါ် ဘာသာစကား ပျက်စီးသွားမယ့်အရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
2016-10-30
အကြီးစားကျောက်စိမ်းတူးဖော်မှုကို ယာယီရပ်ဆိုင်းပေဖို့၊ ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ နဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ပြည်ပကို တရားမဝင်ပို့ဆောင်နေတာတွေကို ဖမ်းဆီးပေးဖို့ ကျောက်အရောင်း အဝယ်လုပ်ကိုင်သူ ၃ ထောင်ကျော်က မန္တလေး မဟာအောင်မြေမြို့နယ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-29
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလမှာ နယ်မြေမအေးချမ်းမှုကြောင့် ရွေးကောက် ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်က မိုင်းရှုးနဲ့ ကျေး သီးမြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားပါတယ်။
2016-10-28
မြန်မာနိုင်ငံမှာ ကလေးမွေးနှုန်းကျဆင်းလာတာဟာ အမျိုးသမီးတွေ အိမ်ထောင်ပြုတဲ့နှုန်း နည်းလာတာ နဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေ အိမ်ထောင်ပြုနှုန်းနည်းလာတာကို ဖြေရှင်းဖို့ အမျိုးသားတွေဘက်က ပြုပြင်ရမှာတွေရှိသလို တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးဖို့လည်း လိုတယ်လို့ သုံးသပ်ကြပါတယ်။
2016-10-28
မြန်မာစိၤးပွားရေးမြှင့်တင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တွေ သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အောက်တိုဘာလ ၂၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကနေ နှေးကွေးနေတဲ့ မြန်မာ့စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့လို့ ဆိုပါတယ်။
2016-10-27
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ မှာ မော်တော်ဆိုင်ကယ်တွေ စီးနင်းခွင့်ပေးမယ့် အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကြောင့် အဆင်ပြေနိုင်စရာရှိနိုင်ပေမယ့် ယာဉ်အန္တရာယ် နဲ့အတူ ဒုစရိုက်မှုတွေ ပိုများလာနိုင်တယ် ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိနေပါတယ်။
2016-10-26
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနှစ် စက်တင်ဘာလမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ထိပ်တန်းနိုင်ငံ ၂၀ မှာပါဝင်တယ်လို့ ဖော်ပြထား ပါတယ်။
2016-10-26
မြန်မာနိုင်ငံသားတွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က လာရောက်အခြေချ နေထိုင်သူတွေ တနေ့တခြား များပြားလာနေစဉ်မှာပဲ Kansas ကန်ဆက်ပြည်နယ်ကို ရောက်ရှိလာကြသူတွေနဲ့ ဒေသခံတွေအကြား လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာမုန်းတီးမှုတွေ တိုးပွားလာနေကြောင်း ဆောင်းပါးတပုဒ် The New York Times နယူးယေက် တိုင်းမ်စ် သတင်းစာမှာ ဒီကနေ့ရေးသားထားပါတယ်။ Jack Healy ဂျက် ဟီလီ ရဲ့ဆောင်းပါးကို ဦးခင်မောင်စိုး က ဘာသာပြန်ဆို တင်ပြထားပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လူ ရွယ်တွေ မြို့ပေါ်တက် အခွင့်အလမ်းရှာဖွေမှု တိုးများ လာတာကြောင့် ကျေးလက်တောရွာတွေမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို လက်ဆင့်ကမ်း သယ်ဆောင် ထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေ အလွန်အမင်းနည်းပါးလာ ပြီး၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့တွေ ပျောက် ကွယ်လာနေတဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-10-25
အိမ်ထောင်မကျတဲ့ အမျိုးသမီးရာခိုင်နှုန်းမြင့်တက်မှုနဲ့အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာတဲ့အတွက် လူဦးရေ ထိန်းချုပ်ရေးမူဝါဒတစ်ရပ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အခုတလော အယူသီးမှုတွေ ရှေးရိုးစွဲအယူအဆတွေကြောင့် အသက်သေဆုံးတဲ့အထိ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေ ပေါ်ပေါက်လာနေတာနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-24
ပြီးခဲ့တဲ့ အပတ်အတွင်းက ဖားကန့်မြို့က သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက အတည်ပြုပြဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။
2016-10-24
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေထိုင်စားသုံးမှုတွေ မရှိတာကြောင့် သွေးတိုးရောဂါနဲ့အတူ ကိုလက်စထရော (Cholesterol) မြင့်တက်တာတွေ အဖြစ်များနေတဲ့အကြောင်း မသင်းသီရိက တင်ပြထားပါတယ်။