သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-14
မြန်မာနိုင်ငံအတွင်းက အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ်ပေးဖို့ ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
2018-05-14
စစ်ပွဲတွေရပ်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုကြတဲ့ လူငယ်တွေကို အကြမ်းဖက် ဖမ်းဆီးတရားစွဲ တာဟာ ဥပဒေနဲ့ရော ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းနဲ့ပါ မညီညွတ်ဘူးလို့ ရှေ့နေတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
2018-05-14
မြန်မာ့သစ်တောတွေကို ခုတ်ထွင်ပြီး တောထဲမှာပဲ ထုတ်လုပ်တဲ့ မီးသွေးတွေကို တရုတ်နိုင်ငံ တင်ပို့ပုံ အဆင့်ဆင့်ကို အမေရိကန်ပြည်ထောင်စုအခြေစိုက် Mongabay ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ရေဆုံးရေဖျားလိုက်စုံစမ်းဖော်ထုတ်ပါတယ်။
2018-05-11
အညာဒေသရဲ့သဘာဝဝန်းကျင်ကိုထိန်းညှိပေးသလို ဒေသခံပြည်သူူတွေရဲ့ စီးပွားရေး၊ လူမှုရေးကိုလည်း အထောက်အကူပြုတဲ့ နှစ်ရှည်ပင်ထန်းတွေကို အပင်လိုက်ခုတ်ရောင်းတာတွေ အများအပြား ရှိလာတာကြောင့် သဘာဝပတ်ဝန်းကျင် မျှခြေပျက်စီးပြီး ရာသီဥတုဖောက်ပြန်ဆိုးဝါးလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။
2018-05-11
၂ နှစ်တာပြည့်မြောက်လာခဲ့ပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2018-05-10
၄၅ ကြိမ်မြောက် အစ္စလာမ်မစ် ကူးပေါင်းဆောင် ရွက်ရေး OIC အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးက ထုတ်ပြန်လိုက်တဲ့ ဒါကာကြေညာ ချက်ထဲက လူ့အခွင့်ရေးချိူးဖောက်မှု စွပ်စွဲချက်တွေကို မြန်မာအစိုးရက လက်မခံကြောင်း တုံ့ပြန်လိုက် ပါတယ်။
2018-05-10
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က မေလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2018-05-08
ရှမ်းပြည်နယ် သံလွင် အထက်ပိုင်း မိုင်းတုံ ရေကာတာ စီမံချက်အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက်ထက် ၂၀၁၀ ကတည်းက တရုတ်ကုမ္ပဏီတွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။
2018-05-07
မြန်မာတွေ အသိနည်းပေမဲ့ ကမ္ဘာလှည့်တွေ ဟာ မြန်မာ့ကမ်းရိုးတန်းက dive site ဆိုတဲ့ရေအောက်က ပန်းခြံတွေကို လာရှုစားကြပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှာ မြေပြို လို့ မကြာခဏ လူပေါင်းများစွာ သေဆုံးနေတာတွေ၊ နှစ်ရှည်ထိမ်းသိမ်းထားရမယ့် တန်ဖိုးကြီးတဲ့ ကျောက်တွေကို ရေတိုအတွင်း အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ် မလဲဆိုတာ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာကြီး တရပ် ဖြစ်နေပါတယ်။
2018-05-05
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ရေးမှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကြန့်ကြာအောင်လုပ်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အမြင်နဲ့ထောက်ပြချက်တွေ ရှိနေပါတယ်။
2018-05-05
‘ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့’ ကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးလိုက်ပြီး ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် နိုင်ငံရဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆,၄ဝဝ ကျော်ဖိုး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
2018-05-03
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2018-05-03
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို နိုင်ငံတကာက စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို အကဲဖြတ်ဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာတဝှမ်းမှာ ကျင်းပနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကတော့ မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတယ်လို့ စာနယ်ဇင်းလောကသားတွေက သုံးသပ်ပြောဆိုကြပါတယ်။
2018-05-03
လွန်ခဲ့တဲ့ ၁၀ နှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကြေခဲ့ကာ မိသားစုလိုက် ပျောက်ဆုံးကုန်တာ၊ နေအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးကြီး ရှိခဲ့ပါတယ်။