စစ်အစိုးရရဲ့ စစ်ရေးရည်မှန်းချက်

့စစ်ရေးကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ အဆမတန် ဆုံးရှုံးနေရ တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။



ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံက စစ်အစိုးရရဲ့ စစ်ရေး ရည်မှန်းချက်ကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ အဆမတန် ဆုံးရှုံးနေရ တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အာအက်ဖ်အေကို ပြောပါတယ်။ မြောက်ကိုးရီးယား အကူအညီနဲ့  တာဝေးပစ် ဒုံးပျံကို မြန်မာနိုင်ငံမှာ နှစ်နှစ်အတွင်း ထုတ်လုပ်နိုင်မယ့် အခြေအနေ တွေ့ ရသလို နျူကလီးယား လက်နက် ထုတ်လုပ်ဖို့  ကြံစည်နေတဲ့ အနေအထား ကိုလည်း မြင်နေရတယ်လို့  စစ်ရေးလျှို့ ဝှက် မှတ်တမ်း အချက်အလက်တွေကို စစ်ဆေးခဲ့ကြတဲ့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။