"သယံဇာတအထိန်းအချုပ်မဲ့ထုတ်ယူခြင်းနှင့် နောက်ဆက်တွဲပြဿနာများ"
2023.02.24
အခုတစ်ပတ် RFAစကားဝိုင်းမှာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အချိန်အတွင်း သယံဇာတတွေကို အထိန်းအချုပ်မဲ့ ထုတ်ယူနေတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေအများကြီး ပေါ်ထွက်လာနေတဲ့အကြောင်း ဆွေးနွေးကြပါမယ်။
သယံဇာတတွေကို ဥပဒေနည်းလမ်းနဲ့အညီမဟုတ်ဘဲ ထုတ်ယူနေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းပြီး ဒေသခံတွေ နေထိုင်ရာရွာတွေပါ ရွှေ့ပြောင်းရတာတွေလည်း ဖြစ်လာပါတယ်။
ဒီတစ်ပတ်ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနဲ့ ဖားကန့်ဒေသခံတစ်ဦးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။