“စိတ်ဒဏ်ရာရပြည်သူတွေကို ဘယ်လိုကုစားမလဲ”

2023.06.02

ရောဂါဘယဒဏ်၊ စစ်ဘေးစစ်ဒဏ်နဲ့ သဘာဝဘေးဒဏ်တွေကို နှစ်နဲ့ချီပြီး ဆက်တိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေထိုင်နေကြရပါတယ်။ ဒီဖိစီးမှုတွေဟာ သူတို့ ဆက်လက်ရှင်သန်ရမယ့် ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ၊ ဒီစိတ်ဒဏ်ရာတွေအကြောင်း သဘောပေါက်နားလည်ထားဖို့ ဘယ်လောက်အရေးကြီးသလဲ၊ ဘယ်လို ကူညီကုစားနိုင်သလဲဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မီတီဝင်တစ်ဦးဖြစ်သလို ရွှေဘိုနည်းပညာတက္ကသိုလ်ကနေ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုး၊ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ ပြည်နယ်မှာနေထိုင်တဲ့ စိတ်ကျန်းမာရေးပညာရှင် မဂျူဂျူးမင်းသူနဲ့ နှစ်သိမ့်ဆွေးနွေး၊ ပညာပေးအဖွဲ့တစ်ခုဖြစ်တဲ့ Purple Window Counselling က ကိုဝေယံတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။