ဖားကန့်မှာ သတ္တုအစိတ်အပိုင်း တစ်ခု ကောင်းကင်က ကျလာ


2016.11.10
phakant-metal-620 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာရဲ့ အနောက်ဘက် တစ်မိုင်လောက်အကွာမှာ နိုဝင်ဘာလ ၁ဝ ရက်နေ့က ကောင်းကင်ကပြုတ်ကျလာတဲ့ သတ္တုအစိတ်အပိုင်း တစ်ခုကို တွေ့ရစဉ်
Photo : Ko Ko Jade

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာရဲ့ အနောက်ဘက် တစ်မိုင်လောက်အကွာမှာ ဒီကနေ့ မနက်အစောပိုင်းက ကောင်းကင်ကနေ သတ္တုအစိတ်အပိုင်း တစ်ခုပြုတ်ကျခဲ့လို့ အစိုးရတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အဲဒီနေရာအနီးနားတဝိုက်ကို လုံခြုံရေးယူထားပြီး အန္တရာယ်ရှိ၊ မရှိကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးသွားမယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က အခုလိုပြောပြပါတယ်။

မှော်စီစာရွာအနီးက လုပ်ငန်းမစရသေးတဲ့ ပြည်တန်ရတနာနဲ့ ခိုင်လုံ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်နှစ်ခုကြားကို အဲဒီသတ္တုအစိတ်အပိုင်း ကျရောက်ခဲ့တာပါ။

အသံကြီးကြားရပေမယ့် အနီးအနားမှာရှိတဲ့ လူတွေကို ထိခိုက်တာမရှိဘူးလို့ မှော်စီစာရွာရဲ့ ရပ်မိမရပ်ဖ ဦးဝင်းထိန်က ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့်မဖြစ်စေဖို့အတွက် လက်ရှိမှာ အစိုးရတပ်မတော်က လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။