နေစရာ ဤမြေကမ္ဘာ

စမ်းစမ်းတင်
2024.03.06

“ပိတ်ဆို့ထားတဲ့ မြန်မာ့ကျွန်းသစ်တွေကို အီတလီလုပ်ငန်းရှင်တွေ ဆက်ဝယ်နေ”

စစ်ကောင်စီကို အီးယူက ပိတ်ဆို့အရေးယူထားပေမဲ့ မြန်မာ့ကျွန်းသစ်တွေကို အီတလီလုပ်ငန်းရှင်တွေက ဒဏ်ကြေးဆောင်ပြီး ဆက်လက်တင်သွင်းနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ကချင်ပြည်နယ်မှာ ရွှေအလွန်အကျွံတူးဖော်လာ”

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ရွှေအလွန်အကျွံပိုတူးဖော်ကြတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ဖန်လုံအိမ်ဓာတ်ငွေ့၊ အယ်လ်နီညိုနဲ့ အပူပြင်းဆုံးနှစ်”

နေစရာ ဤမြေကမ္ဘာမှာ ၂၀၂၃ ဟာ ရာသီဥတုအပူပြင်းဆုံးနှစ်လို့ မှတ်တမ်းတင်ထားပါတယ်။ ၁၈၈၀ ပြည့်နှစ်ပိုင်းတွေကစလို့ ကမ္ဘာ့အပူချိန်ကို သိပ္ပံပညာရှင်တွေ မှတ်တမ်းယူနေတာဖြစ်ပြီး ၁၀ နှစ်ဆက်တိုက် ပူလာရာက တစ်ကမ္ဘာလုံးခြုံလို့ ခု ၂၀၂၄ ဇန်နဝါရီဟာ အပူပြင်းဆုံးပဲလို့လည်း ပြောပါတယ်။ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အယ်နီညို သဘာဝဘေးကြုံရနိုင်ကြောင်း Time မဂ္ဂဇင်း သတိပေး”

အခု ၂၀၂၄ ဟာ အယ်နီညို (El Nino) ကျရောက်မဲ့နှစ်ဖြစ်ပါတယ်။ သူအားကောင်းရင် စိုက်ပျိုးရေးနဲ့ ကျန်းမာရေးကို အဓိက ထိခိုက်စေမဲ့ သဘာဝဘေးဖြစ်ရပ်တွေ ကြုံရနိုင်ပြီး အယ်နီညိုရာသီဥတုကို မြန်မာနိုင်ငံကလည်း ခံရနိုင်ဖွယ်ရှိပါတယ်။ ဒီသဘာဝဘေး မကျရောက်ခင်ကတည်းက ပြည်တွင်းရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပေးနေတဲ့ တောင်သူတွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်ကြုံနေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အစွန်းရောက်ရာသီဥတု ဆိုးကျိုးခံရတဲ့နိုင်ငံတွေထဲ မြန်မာပါဝင်”

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရာသီဥတုအစွန်းရောက်မှု ဖြစ်ရပ်တွေထဲ ဒုတိယမြောက် အကျိုးအများဆုံး သက်ရောက်တဲ့ နိုင်ငံ ဖြစ်တယ်လို့ ၂၀၂၃ မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီရင်ခံစာမှာဖော်ပြတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အာရှတိုက်ကာဗွန်ကင်းစင်ရေး ရည်မှန်းချက် မြန်မာစစ်ကောင်စီ လိုက်နာနိုင်မလား”

အာရှတိုက်ကာဗွန်ကင်းစင်ရေးအတွက် ဂျပန်နိုင်ငံက ဦးဆောင်မယ်လို့ မြန်မာစစ်ကောင်စီ မပါဝင်ဘဲ ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေတက်ရောက်တဲ့ အာရှတွင်း ကာဗွန်လုံးဝကင်းစင်ရေး အဝန်းအဝိုင်း ထိပ်သီးညီလာခံမှာ ဂျပန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်ကောင်စီကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်တဲ့ ကျောက်မီးသွေးစက်ရုံတည်ဆောက်ရေးကို စိတ်ဝင်စားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အထွေထွေအကျပ်အတည်း၊ အပူဒဏ်နဲ့ မြန်မာနိုင်ငံ”

ရာသီဥတုပြောင်းလဲနေတာ တိုက်ဖျက်ဖို့ ကမ္ဘာက ကြိုးပမ်းနေပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေကြဆဲ ဖြစ်ပါတယ်။ ဒီဓာတ်ငွေ့တွေ အများဆုံးထုတ်လွှင့်နေတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား မြန်မာနိုင်ငံက ညပ်နေပါတယ်။ နိုင်ငံတွင်းက အထွေထွေအကျပ်အတည်းတွေကြား တစ်နှစ်ထက်တစ်နှစ် ရာသီဥတုပူပြင်းလာတဲ့ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေပါ ကြုံတွေ့နေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“နည်းပညာသစ်နဲ့ သဘာဝပတ်ဝန်းကျင်”

စက်မှုတော်လှန်ရေးကနေ ဒီနေ့ခေတ်အထိ စက်မှုနဲ့ နည်းပညာ တိုးတက်လာပြီး လူနေမှု အဆင့်အတန်းမြင့်မားလာတာနဲ့ အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အခက်အခဲတွေကြား စိုက်ပျိုးရေးသမားတွေ ရုန်းကန်နေရ”

ဒီတစ်ပတ်မှာတော့… ရှေးဦးလူသားတွေလက်ထက်ကစတင်လို့ ဒီနေ့ထိ စားသုံးနေတဲ့ ရိက္ခာထုတ်လုပ်ပေးတဲ့ စိုက်ပျိုးရေးဟာ အနာဂတ်အတွက်လည်း အမွေအနှစ်ဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စစ်ပွဲနောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ”

ဒီတစ်ပတ်မှာတော့… စစ်မက်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရုံတင်မက သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးရ၊ သဘာဝ သယံဇာတွေလည်း အလုအယက်ထုတ်ယူခံရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“တောင်သမန်အင်းရေ ဘာကြောင့်ညစ်ညမ်းရသလဲ”

ဒီတစ်ပတ်မှာတော့ . ..... မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်သမန်အင်းဟာ နှစ်ပေါင်းများစွာ သူ့ရေဝင် ရေထွက်၊ သူ့ရေ အတက်အကျနဲ့ သဘာဝအတိုင်းရှိခဲ့ရာက ၁၂ ရာသီ မပြတ် ငါးရဖို့ အင်းရေစီးကြောင်းကို ပိတ်လိုက်တဲ့အခါ အရင်က သောက်လို့ ရတဲ့ အင်းရေညစ်ညမ်းသွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“သစ်တောပြုန်းတီးမှုနောက်ဆက်တွဲ ပဲခူးရေကြီးမှု ပိုဆိုးလာ”

ဒီတစ်ပတ်မှာတော့ . ..... ရေကြီးရေလျှံတိုင်း မိုးသည်းထန်တာကို အကြောင်းပြတတ်ပေမဲ့ ပဲခူးမှာ ရေကြီးသွားတဲ့ နောက်ခံ အကြောင်းတွေထဲ ရိုးမက တောတွေ ပြုန်းတာနဲ့ ဆည်တွေက ရေတွေလွှတ်လိုက်တာလည်း ပါဝင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စစ်ကောင်စီလက်အောက် ကျွန်းသစ်တင်ပို့မှု”

ဒီတစ်ပတ်မှာတော့ . ..... မြန်မာ့ကျွန်းသစ်နဲ့ ဇိမ်ခံရွက်လှေတွေ၊ အပျော်စီးသင်္ဘောတွေ ဆောက်လုပ်ကြပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူထားပေမဲ့ ကျွန်းသစ်တွေက ရောက်ရှိနေပါတယ်။ ဝယ်ယူတဲ့ လုပ်ငန်းရှင်တွေကလည်း တရားဝင် ဝယ်ယူထားတယ်လို့ သက်သေပြနိုင်အောင် ဥပဒေနဲ့ညီအောင်ဘယ်လို ဆောင်ရွက်ထားသလဲဆိုတာ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြေအောက်သယံဇာတနဲ့ သစ်တောပြုန်းတီးမှု”

ဒီတစ်ပတ်မှာတော့ . ..... မိုးရာသီမှာ ရေလွှမ်းမိုးလေ့ရှိတတ်ပြီး အရင်တုန်းက သာမန်ဖြစ်ရိုးဖြစ်စဉ် ရေကြီးတတ်တဲ့နေရာတွေမှာ ရေအကြီးအကျယ်ကြီးရတဲ့ အကြောင်းရင်းတွေထဲ ဆည်တွေ၊ ရေကာတာကြီးတွေ ဆောက်လုပ်တာနဲ့ သစ်တောတွေ ပြုန်းတီးရတာနဲ့ ဆက်စပ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရာဇဝတ်မှုထူပြောတဲ့ မြန်မာ”

ဒီတစ်ပတ်မှာတော့ . ..... မြန်မာနိုင်ငံဟာ ရာဇဝတ်အထူပြောဆုံး ထိပ်ဆုံးနိုင်ငံမှာ ပါဝင်နေပြီး သဘာဝပတ်ဝန်းကျင်ရေးရာ ရာဇဝတ်မှုလည်း ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ဆုံးရှုံးသွားရတဲ့ မြန်မာ့သစ်တောများ”

ဒီတစ်ပတ်မှာတော့ . ..... လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရိက္ခာနဲ့ရေ ရရှိရေးအတွက် သစ်တောက အရေးကြီးလှပါတယ်။ဒါပေမဲ့ မြန်မာ့သစ်တောတွေ ဆုံးရှုံးနေရပြီး သစ်တောဖုံးလွှမ်းဧရိယာ တရားဝင်စာရင်းနဲ့ အမှန်စာရင်း ကွာဟတဲ့ အကြောင်း သစ်တောပညာရှင်တွေက သုံးသပ်ပါတယ်။ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“တရုတ်ရေကာတာနဲ့ မြန်မာပြည်က မြစ်များ”

ဒီတစ်ပတ်မှာတော့ . ..... ဧရာဝတီဟာ မြန်မာတစ်နိုင်ငံတည်းမှာပဲ စီးဆင်းပေမဲ့ သံလွင်မြစ်ရော မဲခေါင်မြစ်ပါ တခြားနိုင်ငံတွေကိုပါ ဖြတ်သန်းစီးဆင်းပြီး မြစ်တွေထဲ ရေကာတာတွေ ဆောက်လုပ်နေတဲ့ တရုတ်နိုင်ငံက ရေဦးရေဖျားမှာရှိနေပါတယ်။ မဲခေါင်မြစ် ထိပ်ဖျားမှာ တရုတ်နိုင်ငံက ရေကာတာတွေတည်ဆောက်တဲ့အတွက် မြစ်အကြေပိုင်းက နိုင်ငံတွေ အခက်အခဲ ဖြစ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရေကြောင်းဆိုင်ရာအန္တရာယ်နဲ့ အာရှကမြစ်ဆယ်စင်း”

ဒီတစ်ပတ်မှာတော့ . ..... မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့ သံလွင်နဲ့ မဲခေါင်အပါအဝင် အာရှက မြစ်ဆယ်စင်းဟာ ရေကြောင်းဆိုင်ရာ အန္တရာယ်ကျရောက်နေပြီလို့ ဟောင်ကောင်အခြေစိုက် အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ မြစ်ဆယ်စင်းစီးဆင်းတဲ့နိုင်ငံ အများစုက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်ပြီး ဒီအထဲ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာက အဆိုးဝါးဆုံး ထိခိုက်မယ်လို့ ဖော်ပြတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အယ်လ်နီညို၊ လာနီညာနဲ့ ကမ္ဘာ့မိုးလေဝသ”

ဒီတစ်ပတ်မှာတော့ . ..... သဘာဝဟန်ချက်ပျက်တဲ့အတွက် ရာသီဥတုက ပြောင်းလဲ၊ ကုန်းတွင်းရော ပင်လယ်ပြင်က တိုက်တဲ့ မုန်တိုင်းတွေလည်း အဖြစ်များလာရုံမက ကမ္ဘာ့မိုးလေဝသကို သိသိသာသာပြောင်းစေတဲ့ အယ်လ်နီညို (El Niño) နဲ့ လာနီညာ (La Niña) ကမ္ဘာမှာ ကျရောက်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“နွေရာသီနဲ့ လေဆင်နှာမောင်း”

ဒီတစ်ပတ်မှာတော့ . ..... ကုန်းတွင်းမုန်တိုင်းလို့ သိကြတဲ့ လေဆင်နှာမောင်းဟာ ရာသီဥတုပူပြင်းရင် ဖြစ်ပေါ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အရင်ကဆို စိုက်ဆင်းလေပဲ ရှိခဲ့ရာက ဧပြီမှာ လေဆင်နှာမောင်း တိုက်ခတ်သွားတာက အဆင့်တက်လာတာပဲလို့ လေ့လာသူတွေက ပြောတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာနိုင်ငံနဲ့ ရေကောင်းရေသန့်”

ဒီတစ်ပတ်မှာတော့ . ..... မြစ်ချောင်း အင်းအိုင်ပေါများတဲ့ မြန်မာနိုင်ငံဟာ ရေရှားတယ်လို့မသတ်မှတ်နိုင်ပေမယ့် ပင်မမြစ်ကြီး ဧရာဝတီမြစ်ဟာ မြစ်ဖျားခံရာ ကချင်ပြည်နယ်ကစလို့ ပျက်စီးသွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“တရုတ်က လာတူးဖော်နေတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု”

ဒီတစ်ပတ်မှာတော့ . ..... မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းဆိုတာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်တဲ့အတွက် တရုတ်နိုင်ငံဟာ သူ့နိုင်ငံက လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ စည်းနဲ့ကမ်းမဲ့ လာရောက်တူးဖော်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“၁၂ ရာစုအတွင်း အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်များ”

ဒီတစ်ပတ်မှာတော့ . ..... ဖေဖော်ဝါရီ ၁၉ ရက်စာရင်းအရ လူ ၄၆ဝဝဝ သေဆုံးရတဲ့ တူရကီနဲ့ ဆီးရီးယားမှာလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ ၂၁ ရာစုအတွင်း အဆိုးဝါးဆုံးကျရောက်တဲ့ သဘာဝဘေးအန္တရာယ်စာရင်းထဲ ပါဝင်ပါတယ်။ ဒီအဆိုးဝါးဆုံးတွေထဲ မြေငလျင်အပြင် ဆူနာမီရေလှိုင်းနဲ့ မြန်မာနိုင်ငံမှာ ၂၀၀၈ မေက ကျရောက်ခဲ့တဲ့ နာဂစ် ဆိုက်ကလုန်းမုန်တိုင်းလည်း ပါဝင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရာသီဥတုဖောက်ပြန်မှုကြားက မြန်မာ့စိုက်ပျိုးရေးကဏ္ဍ”

ဒီတစ်ပတ်မှာတော့ .၂၀၂၃ အတွက် အကြီးမားဆုံး အန္တရာယ်တွေထဲ သဘာဝပတ်ဝန်းကျင်ရေးရာပါဝင်ပြီး ရာသီဥတုဖောက်ပြန်ရင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နိုင်တာကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စစ်ပွဲ၊ မြန်မာနိုင်ငံနဲ့ လူဦးရေ”

ဒီတစ်ပတ်မှာတော့ ..စစ်ပွဲတွေကြောင့် လူ့အသက်တွေ မဆုံးပါးရအောင် ကမ္ဘာကကြံဆောင်ရင်း ကမ္ဘာ့လူဦးရေက သန်း ရှစ်ထောင်ရှိလာပါတယ်။ မြန်မာနိုင်ငံက လူဦးရေ ၅၄ သန်းကျော်ထဲ ၂ဝ၂၁ စစ်အာဏာသိမ်းပြီးချိန်က စလို့ သတ်ဖြတ်ခံရသူ၊ အစရှာမရအောင် ပျောက်ဆုံးသူ၊ လူမသိသူမသိ လက်စဖျောက်ခံရသူတွေ ရှိတဲ့အပြင် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး ခိုလှုံရသူတွေ ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အာဏာရှင်လက်အောက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး”

ဒီတစ်ပတ်မှာတော့ ..သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်းမှာ ကုလသမဂ္ဂက စတင်ဆောင်ရွက်တာ ၂၀၂၂ ဆိုရင် နှစ် ၅၀ ရှိသွားတဲ့အချိန် မြန်မာနိုင်ငံကတော့ စစ်အာဏာရှင်လက်အောက် ပြန်ကျရောက်နေပြီး အများစုဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မစဉ်းစားအားဘဲ ဝမ်းရေး၊ အသက်ဘေးနဲ့ လုံခြုံရေးကိုပဲ ဦးစားပေးနေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရာသီဥတုဆိုင်ရာကတိတွေ လုပ်ပြဖို့ အချိန်တိုင်ပြီ”

ဒီတစ်ပတ်မှာတော့ ..ကမ္ဘာမြေကို ပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့လျှော့ချဖို့ နိုင်ငံတကာမှာ ကြိုးစားနေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကာဘွန်အများဆုံးထုတ်လွှင့်နေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ ရှိနေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရမယ့်ကိစ္စကို အရေးယူဆောင်ရွက်ဖို့ အချိန်ဆွဲနေရင် ကမ္ဘာတစ်ဝန်း လူ့အသက်တွေနဲ့ဘဝတွေ ပျက်စီးနိုင်တယ်လို့ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ သတိပေးလိုက်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ငါးသယံဇာတ ပြုန်းတီးရမှုများ”

ဒီတစ်ပတ်မှာတော့ ..ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်ဟာ ကမ္ဘာမှာ ရောဂါဘယမဖြစ်ပွားအောင် ကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်နဲ့ ရိက္ခာထုတ်လုပ်ရေးက ဆက်စပ်ပါတယ်။ အာဟာရပြည့်ဝမှ ကျန်းမာမှာဖြစ်ပြီး မြန်မာတွေအတွက် အာဟာရဓာတ်ဖြည့်ဆည်းပေးတဲ့ ပင်လယ်ပြင်က ရေသတ္တဝါတွေရဲ့ ဆန်းကျယ်တဲ့ သဘာဝ ဘဝစက်ဝန်းနဲ့ စနစ်မကျတဲ့ ငါးဖမ်းနည်းကြောင့် အလဟဿပြုန်းတီးရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“သဘာဝဟန်ချက်ပျက်မှုတွေကြားက စိတ်ကျန်းမာရေး”

ဒီတစ်ပတ်မှာတော့ ..လူသားနဲ့သဘာဝ အပြန်အလှန်မှီခိုနေထိုင်ရင်း သဘာဝဟန်ချက်ပျက်တာနဲ့အမျှ စိတ်ကျန်းမာရေးပါ ထိခိုက်ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်၊ ကျယ်လောင်ပြီး မပြီးဆုံးနိုင်တဲ့ ဆူညံသံတွေ၊ ဓာတု စွန့်ပစ္စည်းတွေ၊ ရေချိုတွေ နည်းပါးလာတာတွေ၊ လေထုညစ်ညမ်းတာတွေကြောင့် လူတွေ စိတ်ဆင်းရဲရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အစာကွင်းဆက်မှာ အရေးပါတဲ့ ဒီရေတောများ”

ဒီတစ်ပတ်မှာတော့ ..ကမ္ဘာမြေကြီးကို ပူနွေးစေတဲ့ ကာဗွန်တွေကို သစ်ပင်သစ်တောတွေက စုပ်ယူတာကို green carbon အစိမ်းရောင် ကာဗွန်လို့ ခေါ်တွင်ပြီး သမုဒ္ဒရာတွေက စုပ်ယူတာကို blue carbon အပြာရောင်ကာဗွန်လို့ ခေါ်တွင်ပါတယ်။ ဒီရေတောတွေဟာ blue carbon မှာပါဝင်ပြီး အစာကွင်းဆက်မှာ အရေးပါပုံကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ဒီရေတော ပြုန်းတီးမှုနဲ့ မြန်မာနိုင်ငံ”

ဒီတစ်ပတ်မှာတော့ ..ပြုန်းတီးသွားတဲ့ ဒီရေတောတွေကို ပြန်လည်ပြုစုပျိုးထောင်တဲ့အခါ တချို့ရပ်ရွာတွေက စိတ်အားထက်သန်ပြီး တချို့နေရာတွေမှာတော့ ရွာသားတွေက ပါဝင်ချင်ပေမယ့် ဦးစီးဦးဆောင်လုပ်သူတွေက လက်မခံတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ကချင်ပြည်နယ်က မြေရှားသတ္တုတရားမဝင်တူးဖော်မှု နောက်ဆက်တွဲဆိုးကျိုး”

ဒီတစ်ပတ်မှာတော့ ..လူသားတွေ နေ့စဉ်သုံးနေတဲ့ ခေတ်မီပစ္စည်းတွေ ထုတ်လုပ်ရာမှာ အထူးအရေးပါတဲ့ မြေရှားသတ္တု တရားမဝင်တူးဖော်နေတဲ့အတွက် ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အပူဒဏ်၊ လေထုညစ်ညမ်းမှုနဲ့ ကာဘွန်ထုတ်လုပ်မှု”

ဒီတစ်ပတ်မှာတော့ ..အပူဒဏ်က လူ့ကျန်းမာရေးထိခိုက်ရပြီး ကမ္ဘာမှာ ကာဘွန်အထွက်လျှော့ချဖို့ကြိုးပမ်းပေမဲ့ အာရှနိုင်ငံတွေက အထွက်လျှော့မချနိုင်ဘဲ စစ်အာဏာသိမ်းလိုက်တဲ့နောက် လေထုညစ်ညမ်းမှု သတိပေးတဲ့ ပရဟတိသမားတွေ လုပ်ငန်းရပ်လိုက်ရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“တိုင်းရင်းသားဒေသတွေမှာ သဘာဝကို ထိန်းသိမ်းတဲ့ဓလေ့ ပျောက်ပျက်”

ဒီတစ်ပတ်မှာတော့ ..သဘာဝကို မထိန်းသိမ်းရင် ရန်သူမျိုးငါးပါးမှာ တစ်ပါး အပါအဝင်ဖြစ်တဲ့ ရေက လူသားကို အမြဲနိုင်နေလိမ့်မယ်လို့ ယူဆသူရှိပါတယ်။ မိုးခေါင်တဲ့အခါနဲ့ ရေအကြီးအကျယ်လွှမ်းမိုးတဲ့အခါ လူသားတွေကို ရေက လူကို ဒုက္ခပေးတဲ့အကြောင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ တောတောင်ရေမြေ သဘာဝကို ထိန်းသိမ်းတဲ့ဓလေ့တွေ ပျောက်ပျက်သွားတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရာသီဥတုနဲ့ နိုင်ငံရေးအခြေအနေကြားက မြန်မာလယ်သမားတွေရဲ့ဘဝ”

ဒီတစ်ပတ်မှာတော့ ..ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကြောင့် တစ်နှစ်ထက် တစ်နှစ် ပူနွေးလာနေပြီး မိုးရာသီမှာဆိုရင်လည်း မိုးရွာချိန် ခဏပဲ နေသာထိုင်သာရှိပြီး ရာသီဥတုက ပြန်ပူလာပါတယ်။ မကွေးတိုင်း ဧရာဝတီမြစ် အနောက်ခြမ်းမှာဆိုရင်လည်း ဇွန်လ တစ်လလုံး မိုးမရွာသေးဘဲ ဖြစ်နေတာပါ။ ရန်ကုန်တိုင်းက လယ်သမားတွေကတော့ ရာသီဥတု မမှန်တဲ့ကြား စိုက်စရိတ်ကြီးမားနေပေမယ့် စိုက်စရိတ်ကြီးမားတဲ့အတွက် အထွက်နှုန်းနည်းပေမယ့်လည်း နွေရာသီကတည်း မျိုးစေ့အခြောက်တွေ ကြဲတဲ့နည်းနဲ့ စိုက်ပျိုးရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စည်းကမ်းတကျအမှိုက်ပစ်ရင်း ကမ္ဘာမြေကို ကယ်တင်နိုင်”

ဒီတစ်ပတ်မှာတော့ ...လူမှုရေး နိုင်ငံရေး လှိုင်းတံပိုးအောက် ရုန်းကန်နေရတဲ့ မြန်မာအများစုဟာ တချိန်က မြန်မာနိုင်ငံကို ကိုလိုနီစနစ်အောက်ကျရောက်စေတဲ့ ဗြိတိန်နိုင်ငံက တော်ဝင်မင်းသား ဦးစားပေးတဲ့ ကမ္ဘာမြေအဓွန့်ရှည် တည်တံ့ရေးကို လှည့်မကြည့်နိုင်အားပါဘူး။ ဒါပေမဲ့ တစ်နိုင်တစ်ပိုင်အနေနဲ့ အမှိုက်စနစ်တကျပစ်ရင်း တစ်နည်းတစ်ဖုံ တာဝန်ယူနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ပိုးသတ်ဆေး သံသရာ”

ဒီတစ်ပတ်မှာတော့ ...ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဒီဒီတီ ပိုးသတ်ဆေး မသုံးတော့ပေမယ့် ဒီဒီတီအစား တခြား ပိုးသတ်ဆေးတွေ ထုတ်လုပ်ကြပါတယ်။ တရုတ်နဲ့ အိန္ဒိယက ပိုးသတ်ဆေးတွေ မြန်မာနိုင်ငံကိုဝင်နေပြီး အဲဒီနှစ်နိုင်ငံဟာ ဒီဒီတီ ထုတ်လုပ်နေတဲ့အကြောင် ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စစ်အာဏာသိမ်းပြီးတဲ့နောက် သယံဇာတတွေ ပိုပြုန်းတီး”

ဒီတစ်ပတ်မှာတော့ ...ကမ္ဘာ့အပူချိန်ထပ်မတိုးအောင် ထိန်းထားဖို့လိုပေမယ့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ဆက်တိုးထုတ်လွှင့်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေကလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရှိန်တန့်သွားချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် သယံဇာတတွေ ပိုပြုန်းတီးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“သဘာဝလောကရေရှည်တည်တံ့ဖို့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်”

ဒီတစ်ပတ်မှာတော့ ...ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ သိတဲ့ ဗြိတိန်က Sir David Attenborough သဘာဝလောကရေရှည်တည်တံ့ဖို့ အားလုံးက ဝိုင်းဝန်းလုပ်ကြဖို့ ဆော်သြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝမ်းရေးကြောင့်ရော၊ လောဘကြောင့်ပါ သယံဇာတတွေ ထုတ်ယူနေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“နိုင်ငံတကာမြေကမ္ဘာနေ့”

ဒီတစ်ပတ်မှာတော့ ...၁၉၇ဝ ပြည့်နှစ် ဧပြီ ၂၂ ရက်က ပထမဆုံးကျင်းပတဲ့ မြေကမ္ဘာနေ့မှာ လေထု၊ ရေထုနဲ့ မြေထု ညစ်ညမ်းတာနဲ့ ကျန်းမာရေးထိခိုက်တာကို ဇောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှုကို ဦးစားပေး ကျင်းပတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ကမ္ဘာမှာ လူသန်းနှစ်ထောင်နီးပါး သောက်သုံးရေသန့်မရ"

ဒီတစ်ပတ်မှာတော့ ...ကမ္ဘာမှာ လူသန်းနှစ်ထောင်လောက် သောက်သုံးရေသန့်မရကြဘဲ အမျိုးသမီးတွေဟာ ပင်ပန်းခံပြီး ရေခပ်နေရပါတယ်။ အမေရိကန် ရုပ်ရှင်မင်းသား Matt Damon ဟာ လူသားတွေ ရေကောင်းရေသန့်ရဖို့ အကျိုးဆောင်နေချိန်မှာ ရေရှားချိန်မှာ ရေကုသိုလ်လုပ်ပေးလေ့ရှိတဲ့ ပရဟိတမင်းသား ကျော်သူကတော့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ရေရှားချိန်မှာ ရေတွင်းတူးတာ ရေရှည်အဖြေမဟုတ်"

ဒီတစ်ပတ်မှာတော့ မတ်လ ၂၂ ရက်ဟာ ကမ္ဘာ့ရေနေ့ဖြစ်ပြီး ဒီနှစ်အတွက် မြေအောက်ရေ အရေးကြီးတဲ့အကြောင်း အသားပေးထားပါတယ်။ မြေအောက်ရေဆိုတာ အမြဲရနေတာ မဟုတ်ဘဲ ပြန်ဖြည့်တင်းနေရပြီး ရေရှားချိန်မှာ ရေတွင်းတူးတာ ရေရှည်အဖြေ မဟုတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"လူဖန်တီးတဲ့ သဘာဝဘေး"

လူ့ စနက်ကြောင့် နေရာအနှံ့မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးနေပြီး ဆင်းရဲတဲ့ နိုင်ငံတွေက ပိုဒဏ်ခံရမယ်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးလိုက်ပါတယ်။
ရာသီဥတုပြောင်းလဲမှုဒဏ် အဆိုးဝါးဆုံးခံစားရမယ့် နိုင်ငံတွေထဲ မြန်မာနိုင်ငံပါဝင်ပြီး သဘာဝဘေးကြောင့် လူတွေနေရပ်က ရွှေ့ပြောင်းရမယ့်အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။


"စင်္ကာပူနဲ့ ရေချို"

ဒီတစ်ပတ်မှာတော့ နွေရောက်လာရင် ရေရှားတဲ့နေရာရှားပေမယ့် တစ်နှစ်လုံးရတဲ့ ရေနဲ့ လူဦးရေကို အချိုးကျကြည့်ရင် မြန်မာနိုင်ငံဟာ ရေရှားတဲ့ နိုင်ငံမဟုတ်ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။ ဒီအကြောင်းနဲ့ မြန်မာနိုင်ငံလို မြေအောက်က ရေချိုမရနိုင်တဲ့ စင်္ကာပူနိုင်ငံက ရေအတွက် စီမံဆောင်ရွက်ထားပုံကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"သယံဇာတ ဆုံးရှုံးမှု"

အခုတပတ်မှာ... နှစ် ၃၀ အတွင်း ပြင်းထန်တဲ့ ရာသီဥတု အကြိမ် ၄၀ ကျော်လက်တွေ့ရင်ဆိုင်ရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သဘာဝသယံဇာတတွေကို အဆီးအတားမရှိ ထုတ်ယူနေပါတယ်။ သဘာဝပျက်ပြီး ရာသီဥတု ဖောက်ပြန်တဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ နောက်ဆယ်စုနှစ်တွေအတွင်း ပင်လယ်ရေမျက်နှာ မြင့်တက်လို့ လူတွေ နေရပ်ကရွှေ့ပြောင်းရမယ့် အနေအထားမှာ ရှိတယ်လို့ လေ့လာချက်တွေကလည်း ဖော်ပြတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ပိုဆိုးလာတဲ့ မြန်မာ့သစ်တောပြုန်းတီးမှု"

အခုတပတ်မှာ... ၁၉၉၀ ကနေ ၂၀၂၀ ထိ နှစ် ၃၀ အတွင်း အာရှနိုင်ငံတွေမှာ သစ်တော ပြန်ပျိုးထောင် နိုင်ပေမယ့် အင်ဒိုနီးရှားနဲ့ မြန်မာ့သစ်တောတွေက အများဆုံး ပြုန်းတီးရပါတယ်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံကတော့ သစ်တောတွေ ပြန်ပျိုးထောင်နိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"များပြားလာတဲ့ သယံဇာတ တရားမဝင်တူးဖော်မှု"

အခုတပတ်မှာ... အုပ်ချုပ်ရေးစနစ်ညံ့ဖျင်းတဲ့အခါ သဘာဝပတ်ဝန်းကျင် ပျက်စီးရပြီး သစ်တောလို သယံဇာတ မျိုးက ပြန်အစားထိုးလို့ရနိုင်ပေမယ့် ကျောက်စိမ်းလို တွင်းထွက်သယံဇာတတွေက ပြန်အစားထိုးလို့ မရပါဘူး၊ စစ်အာဏာသိမ်းပြီးတဲ့နောက် သယံဇာတတွေ တရားမဝင်ပိုမို ထုတ်ယူနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ကျောက်မီးသွေး ပြဿနာ"

အခုတပတ်မှာ... မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲတဲ့အတွက် သဘာဝဘေး အကျရောက်ဆုံး နိုင်ငံစာရင်း ဝင်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲရတဲ့ အကြောင်းရင်းထဲ ကျောက်မီးသွေးသုံးတာ အဓိကကျပြီး အိမ်နီးချင်းတရုတ်နိုင်ငံက လျှပ်စစ် လိုတဲ့အတွက် ကျောက်မီးသွေးဘက်ပြန်လှည့်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"အမှိုက်ပုံ ပြဿနာ"

အခုတပတ်မှာ... ကာဘွန်ဒိုင်အောက်ဆိုဒ်သာမက မီသိန်းဓာတ်ငွေ့ကြောင့်ပါ ကမ္ဘာမြေကြီးပူနွေးရပြီး အမှိုက်ပုံတွေကနေ မီသိန်းဓာတ်ငွေ့ထွက်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၈ မှာ ရန်ကုန်တိုင်းက ထိန်ပင်အမှိုက်ပုံ မီးအကြီးအကျယ်လောင်ကျွမ်းသွားပြီးတဲ့နောက် ဂျပန်နည်းပညာအကူအညီနဲ့ အမှိုက်ပုံ မီးထပ်မလောင်အောင် စီမံခန့်ခွဲတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"သဘာဝထိန်းသိမ်းရေးလုပ်ငန်း လဲပြို"

အခုတပတ်မှာ... ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေတဲ့ ကာဗွန်တွေကို သစ်တောတွေက စုပ်ယူရာက မြန်မာ့သစ်တောတွေ အပါအဝင် ကမ္ဘာ့သစ်တောတွေ ပြုန်းတီးတဲ့အတွက် ကာဗွန်ထုတ်လွှင့်တဲ့အသွင် ပြောင်းသွားတဲ့အကြောင်းနဲ့ စစ်အာဏာ သိမ်းလိုက်တဲ့နောက် သဘာဝထိန်းသိမ်းရေးလုပ်ငန်း လဲပြိုသွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"အန္တရာယ်ရှိတဲ့ အမှိုက်တွေ တင်ပို့မှု"

အခုတပတ်မှာ... စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်တိုင်းက မြောက်ဒဂုံလိုမြို့နယ်တွေမှာ ရပ်ကွက်ကလူတွေကပဲ အမှိုက်ပစ်ပေးခယူပြီး အမှိုက်လာသိမ်းကြပါတယ်။ ကမ္ဘာမှာတော့ ကျန်းမာရေးထိခိုက်တဲ့ အီလက်ထရွန်းနစ် စွန့်ပစ္စည်း အပါအဝင် အမှိုက်အမျိုးအစား ၅၀ လောက်ရှိပြီး တနှစ်ကို အမှိုက်တန်ချိန် သန်းနှစ်ထောင်ကျော် ပစ်နေပါတယ်။ ဒီထဲက အန္တရာယ်ရှိတဲ့ အမှိုက်တွေကို ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို တင်ပို့တဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"မြန်မာ့သစ်တောပြုန်းတီးပုံ ဂြိုဟ်တုဓာတ်ပုံတွေက ပြသ"

အခုတပတ်မှာ... စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့သစ်တောတွေပြုန်းတီးနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့်ရေးအဖွဲ့ကပြောကြားတဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ကမ္ဘာ့ရာသီဥတုက မြန်မြန်ဆန်ဆန် ပြင်းပြင်းထန်ထန် ပြောင်းလဲနေ"

အခုတပတ်မှာ... ဒီနှစ်ထဲ ဥရောပမှာရော အာရှမှာပါ ရေလွှမ်းမိုးပါတယ်။ ရာသီဥတု ပြောင်းလဲတဲ့အတွက် ဥရောပမှာ ရေကြီးရပြီး မြန်မာနိုင်ငံမှာ သစ်တောပြုန်းတာနဲ့ပါ ဆက်စပ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ရာသီဥတု၊ သစ်တောပြုန်းတီးမှုနဲ့ ရေလွှမ်းမိုးမှု ဆက်စပ်"

အခုတပတ်မှာ... ဒီနှစ်ထဲ ဥရောပမှာရော အာရှမှာပါ ရေလွှမ်းမိုးပါတယ်။ ရာသီဥတု ပြောင်းလဲတဲ့အတွက် ဥရောပမှာ ရေကြီးရပြီး မြန်မာနိုင်ငံမှာ သစ်တောပြုန်းတာနဲ့ပါ ဆက်စပ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"မြန်မာလူငယ်တွေ အနာဂတ်ရိုက်ချိုးခံနေရ"

အခုတပတ်မှာ... လူသားတွေအတွက် နေစရာတခုပဲ ရှိတဲ့ ကမ္ဘာမြေကြီးမှာ လူဦးရေ တိုးလာတာနဲ့ ရာသီဥတု ပြောင်းလဲတဲ့အတွက် နောင်မျိုးဆက်တွေအတွက် နေရာသစ်ရှာသူတွေ ရှိနေချိန်မှာ မြန်မာနိုင်ငံမှာ အညွန့်တလူလူနဲ့ တက်လာမယ့် လူငယ်တွေ အနာဂတ် ရိုက်ချိုးခံရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ကိုဗစ်တတိယလှိုင်းနဲ့ ပရဟိတ"

အခုတပတ်မှာ... စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် လက်နက်ဘေးသင့်ရတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-19 တတိယလှိုင်းကျရောက်တဲ့အတွက် လက်နက်ဘေး၊ ကပ်ရောဂါဘေး ကပ်နှစ်ပါး ကျရောက်ပြီး သေကြေပျက်စီးရပါတယ်။ ရပ်ရွာဒေသဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင် သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်သူတွေ လုပ်ငန်းရပ်နားထားရချိန်မှာ ပရဟိတခေါင်းဆောင်တွေ ရှောင်တိမ်းနေရပြီး အကျဉ်းကျနေသူလည်း ရှိတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"တီကျစ်ကျောက်မီးသွေးသုံးစက်ရုံနဲ့ ကျန်းမာရေးပြဿနာ"

အခုတပတ်မှာ... ရှမ်းပြည်နယ်တောင်ပိုင်းက တီကျစ်ကျောက်မီးသွေးသုံးစက်ရုံကြောင့် ပတ်ဝန်းကျင်ပျက်စီးရပြီး စက်ရုံကို အကြီးစား ပြင်ဆင်ပြီးလည်း တီကျစ်ဒေသခံတွေ ကျန်းမာရေးပြဿနာ ရှိမြဲရှိနေတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ကိုဗစ်အစ ဘယ်ကလဲ မသိနိုင်သေး"

အခုတပတ်မှာတရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတာ တနှစ်ကျော်ကြာမြင့်ပြီ ဖြစ်ပေမဲ့ တိရစ္တာန်ကကူးသလား၊ ဝူဟန်ဓာတ်ခွဲခန်းက စသလားဆိုတာ မှန်းဆရခက်နေပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ကပ်ရောဂါကာကွယ်ဆေး စတင်ထိုးပေးနိုင်ခဲ့ပေမဲ့ ကပ်ရောဂါဖြစ်နေတဲ့ကြား မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ပျက်သွားတဲ့ အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ကမ္ဘာ့ကုန်းမြေနဲ့ အဏ္ဏာဝါမှာ ၂၀၁၀ ပြည့်နှစ်ကစလို့ သဘာဝထိန်းသိမ်းရေး ဧရိယာတွေ ဖော်ဆောင်နိုင်ချိန်မှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ လက်ထက်ကချမှတ်တဲ့ စည်းမျဉ်းတွေ မလိုက်နာဘဲ မြစ်ချောင်းတွေမှာ ရွှေတူးဖော်တာတွေရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြစ်ချောင်းတွေက ရွှေတူးဖော်ရေး
အသံဖိုင်ယူရန်


၂၀၀၈ ခုလိုမေလမှာ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်သင့်သွားတဲ့နောက် ဒီရေတောတွေ အရေးပါတာကို လူထုက သဘောပေါက်ပေမဲ့ မီးသွေးထုတ်လုပ်ဖို့ ဒီရေတောတွေ ခုတ်ထွင်ခံရပါတယ်။ တဘက်မှာလည်း ဒီရေတောပြုစုပျိုးထောင်ရေးလုပ်နေကြပြီး အောင်မြင်နိုင်ဖို့ လူထုကိုအခြေပြု လုပ်ကိုင်ကြတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

လိုအပ်နေတဲ့ ဒီရေတော
အသံဖိုင်ယူရန်


ကျန်းမာရေးနဲ့ မညီညွတ်တဲ့သောက်ရေတွေ၊ လေထုညစ်ညမ်းတာတွေ၊ ပိုးသတ်ဆေး အကျိုးဆက်တွေကို ဖြေရှင်းပေးဖို့ အမေရိကန်အခြေခံလူထုက ၁၉၇၀ ပြည့်နှစ်က လှုပ်ရှားခဲ့တဲ့နေ့ကို မြေကမ္ဘာနေ့လို့ သတ်မှတ်ပါတယ်။ အဲဒီတုန်းကခုလောက် ဖောက်လွဲဖောက်ပြန် မဖြစ်သေးတဲ့ ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကို မြန်မာနိုင်ငံခံစားနေရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတဲ့ မြန်မာပြည်
အသံဖိုင်ယူရန်


နေစရာ ဤမြေကမ္ဘာမှာ နဂိုကတည်းက သစ်တောပြုန်းတီးနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကလေးပါမရှောင် မထင်ရင်မထင်သလို အကြမ်းဖက် သတ်ဖြတ်တဲ့အတွက် အနောက်နိုင်ငံတွေက စီးပွားရေးအရ အရေးယူ ပိတ်ဆို့ဒဏ်ခတ်တဲ့အခါ သစ်တောဘက်လှည့် စီးပွားရှာမယ့်အလားအလာရှိတာမို့ သစ်တော ထပ်ပြုန်းမယ်လို့ သဘာဝထိန်းသိမ်းရေး အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ တောပြုန်းမှုထပ်ကြုံမယ့်အရေး သဘာဝထိန်းသိမ်းရေးအဖွဲ့တွေ သတိပေး
အသံဖိုင်ယူရန်


စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ နိုင်ငံမတည်မငြိမ်ဖြစ်နေပေမယ့် ကချင်ပြည်နယ်က မြေရှားဒြဗ်စင် တူးဖော်တဲ့လုပ်ငန်းက မပျက်ပေမယ့် တရုတ်နိုင်ငံကို မတင်ပို့နိုင်မှာ စိုးရိမ်နေပါတယ်။ ဒီအကြောင်းနဲ့ တောင်တွေဖြိုတူးလို့ သဘာဝပျက်စီးရတဲ့ အပြင် ရေဒီယိုသတ္တိကြွဓာတ် ထွက်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တရုတ်ကလိုချင်နေတဲ့ ကချင်ပြည်နယ်က မြေရှားဒြပ်စင်များ
အသံဖိုင်ယူရန်


တချိန်က ပြည်ပကို ဆန်ပထမဆုံးတင်ပို့နိုင်ခဲ့ပေမဲ့ ကမ္ဘာ့အဆင်းရဲဆုံး တနိုင်ငံဖြစ်သွားတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် ဆင်းရဲတဲ့လူတွေ စားရမဲ့သောက်ရမဲ့ အခြေအနေ ဆိုက်သွားပါတယ်။ ဒါပေမဲ့ ကူညီသူတွေရှိနေပြီး လူထုကလည်း ကပ်ရောဂါထက်ရော အငတ်ပြဿနာထက်ပါ ပိုဆိုးတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်အံတုရင်ဆိုင်နေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အငတ်ဘေးနဲ့ ကပ်ဘေးထက်ဆိုးတဲ့ စစ်အာဏာရှင်ဘေး
အသံဖိုင်ယူရန်


ပတ်ဝန်းကျင်ရေးရာ အထောက်အကူ စီမံချက်တွေကို စစ်တပ်နဲ့ဆက်လုပ်ရတော့မှာမို့ ရာသီဥတုဆိုင်ရာ စီမံချက်တွေကို ကုလသမဂ္ဂက ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် အရင်က မရောက်နိုင်တဲ့ ဒေသတွေကို တပ်က ၁၉၉၀ ပြည့်နှစ်မှာရောက်သွားချိန်က သယံဇာတတွေ ပိုပြုန်းတီးသွားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စစ်အာဏာသိမ်းတဲ့အတွက် ပတ်ဝန်းကျင်စီမံချက်တွေ ကုလရပ်ဆိုင်း
အသံဖိုင်ယူရန်


၁၉၆၂ ကနေ ၁၉၈၈ စစ်အုပ်ချုပ်ရေးကာလကထက် ၁၉၈၈ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာ့သစ်တောတွေ အဆမတန် ပြုန်းတီးလာတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စစ်အာဏာရှင်ခတ်မှာ သစ်တောတွေ ပိုပြုန်းတီးရ
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းလေ့လာဖို့ WHO ပညာရှင်အဖွဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေပါတယ်။ HIV ရော ကမ္ဘာမှာ ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်တွေဟာ တိရစ္ဆာန်က စတင်ဖြစ်ပွားတဲ့ အထောက်အထားတွေ ရှိတာမို့ သားရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားနေတာဟာ လူသားတွေကို ရောဂါဖြစ်ပွားစေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သားရိုင်းတိရစ္ဆာန်နဲ့ ရောဂါဘယ ဆက်စပ်
အသံဖိုင်ယူရန်


၂၀၂၀ ဟာ ကမ္ဘာနဲ့အဝန်း ရာသီဥတုပြင်းထန်တဲ့နှစ်ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တဲ့ မြို့တွေ ရှိပါတယ်။ စိမ့်စမ်းတွေ၊ ရေထွက်ပေါက်တွေက ရေအရနည်းသွားတဲ့အတွက် ကယားပြည်နယ်က ကျေးရွာတချို့မှာ ခုကတည်းက ရေရှားနေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

နွေမတိုင်ခင် ရေရှားနေပြီ
အသံဖိုင်ယူရန်


ကိုဗစ်-၁၉ ကပ်ရောဂါသင့်တဲ့ ၂၀၂၀ ပြည့်နှစ်ဟာ အပူနွေးဆုံးနှစ်တွေထဲမှာ ပါဝင်ပါတယ်။ ၂၀၁၅ ကစလို့ ဒီနှစ်ထိ ၆ နှစ်ဆက်တိုက် ကမ္ဘာကြီး ပူနွေးနေပြီး ဒီလို ပူနွေးရင် လာနီညာ ဖြစ်တတ်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။ လာနီညာဖြစ်ရင် ကမ္ဘာ့အပူချိန် အေးမြတဲ့ သက်ရောက်မှုရှိပေမဲ့ ဒီနှစ်အပူချိန်ကိုတော့ တန့်သွားအောင် မလုပ်နိုင်ဘူး ဆိုတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အေးမြတဲ့ လာနီညာနှစ်ဖြစ်ပေမယ့် ၂၀၂၀ အပူကို မတားနိုင်
အသံဖိုင်ယူရန်


ဆွီဒင်သိပ္ပံပညာရှင်တဦး ၁၈၉၆ ခုနှစ်ကတည်းကဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ဒီနှစ်ကမ္ဘာကြီးက ပူနွေးလို့လာပါပြီ။ နောက် နှစ်ပေါင်း ၁၂၀ အကျော်မှာ ဆွီဒင်ကျောင်းသူလေးတဦးက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တကိုယ်တော်လှုပ်ရှားရာက တကမ္ဘာလုံး နိုးကြားလာချိန်မှာ ကိုဗစ်-19 ကပ်ရောဂါ ကျရောက်လာတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကပ်ရောဂါကာလ လေထုထဲ ကာဗွန်တွေများဆဲ
အသံဖိုင်ယူရန်


Covid-19 ကပ်ရောဂါဟာ ဖျက်အားကောင်းလှပေမဲ့ သိပ္ပံပညာက တချိန်မှာ ထိန်းနိုင်ပါမယ်။ ရေရှည်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းက Covid-19 ထက် လူသားတွေအတွက် ပြဿနာပိုကြီးမားတယ်လို့ သုံးသပ်ထားတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကိုဗစ်ထက်ဆိုးတဲ့ ရာသီဥတုပြောင်းလဲခြင်း
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ မိုးရာသီကုန်သွားတဲ့အခါ သဘာဝမိုးရေမရတော့ပေမယ့် တချို့ ဒေသတွေမှာ ရေတွင်းရေကန်က ရေတွေ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကရင်ပြည်နယ် မြိုင်ကလေးဒေသမှာ သဘာဝဓာတ်ငွေ့ကို အရင်ကလို လျှော့စျေးနဲ့ မရတော့တဲ့အတွက် တပ်မတော်ပိုင် ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့ အကျိုးဆက်အနေနဲ့ ရေတွေမည်းလာလို့ ဒေသခံတွေထိခိုက်ရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဘိလပ်မြေစက်ရုံကြောင့် ရေထုညစ်ညမ်း
အသံဖိုင်ယူရန်


ကမ္ဘာမှာ လူ ၉ ယောက်မှာ တယောက် ဝဝလင်လင်မစားရပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ပဋ္ဋိပက္ခနယ်မြေက အပြစ်မဲ့ပြည်သူတွေ ကိုယ့်ရိက္ခာကိုယ်ထုတ်နိုင်ပေမဲ့ လုံခြုံရေးကြောင့် မထုတ်လုပ်နိုင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကပ်ရောဂါနဲ့ စစ်ပွဲတွေကြား ရိက္ခာရှားနေရတဲ့ ပြည်သူများ
အသံဖိုင်ယူရန်


covid-19 ကပ်ရောဂါကာလမှာ စားသောက်ကုန် ဖြန့်ဖြူးရေးစနစ် ကမောက်ကမဖြစ်ပြီး အလေအလွင့်တွေ များနေပါတယ်။ နဂိုကတည်းကလည်း ကမ္ဘာမှာ အစားအသောက် လေလွင့်နေတာမို့ တန်ဖိုးရှိတဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ဖြုန်းတီးရာ ရောက်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကိုဗစ်ကာလမှာ စားသောက်ကုန် ဖြန့်ဖြူးရေး ကမောက်ကမဖြစ်
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကျရောက်ချိန်မှာ ရေဘေးလည်း ကျရောက်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

"ကိုရိုနာ ကပ်ဘေးကျချိန်မှာ ရေဘေးလည်းကျ"
အသံဖိုင်ယူရန်


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတွေ အသွားအလာ အဝင်အထွက်နည်းသွားချိန်မှာ လေထုညစ်ညမ်းမှုက ကာလတိုပဲ သက်သာပြီး ပင်လယ်ကမ်းခြေတွေမှာ အမှိုက်နည်းသွားတယ်ဆိုပေမယ့် ပင်လယ်ထဲက အမှိုက်တွေ ကမ်းပေါ်လာတင်တဲ့အတွက် ပတ်ဝန်းကျင်သာယာရေးအတွက် အထောက်အကူ ကြီးကြီးမားမားမရှိတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကိုဗစ်ကာလ ပင်လယ်ထဲက အမှိုက်များ"
အသံဖိုင်ယူရန်


ပင်လယ်သမုဒ္ဒရာတွေထဲမှာ micro plastics ဆိုတဲ့ ပလတ်စတစ်အစငယ်လေးတွေရှိနေပြီး ရေသတ္တဝါတွေက အစာမှတ်ပြီးစားမိတဲ့အခါ သေဆုံးရပါတယ်။ အဲဒီအစလေးတွေဟာ ပင်လယ်လေနဲ့ ကုန်းပေါ် လွှင့်လာတဲ့အတွက်လည်း လူတွေအတွက် အန္တရာယ်ရှိပြန်ပါတယ်။ ပလတ်စတစ်အမှိုက်တွေမျောနေတဲ့ မြစ်တွေရဲ့ အဆုံးဟာ ပင်လယ်ဖြစ်ပြီး ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ဆယ်စင်းမှာ ဧရာဝတီမြစ်ပါဝင်တဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ပင်လယ်ထဲက ပလတ်စတစ် အန္တရာယ်"
အသံဖိုင်ယူရန်


တရုတ်လူမျိုးတွေ ၁၃ ရာစုကတည်းက ရှာတော်ပုံဖွင့်တဲ့ ကျောက်စိမ်းနဲ့ တရုတ်၊ဟောင်ကောင်၊ ချင်းမိုင် စျေးကွက် သမိုင်းကောက်ကြောင်းတချို့နဲ့ ၂၁ ရာစုမှာ တရုတ်တွေ ဆန္ဒပြည့်မြောက်သွားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"တရုတ်၊ ကျောက်စိမ်းနဲ့ ချင်းမိုင်စျေးကွက်"
အသံဖိုင်ယူရန်


ကမ္ဘာ့အကြီးမားဆုံး သမပိုင်းမိုးသစ်တော ဆယ်ခုထဲက Indo-Burma သမပိုင်းဇုန် မိုးသစ်တောအုပ်စုမှာ မြန်မာနိုင်ငံပါဝင်ပြီး တောတွေလည်း ပြုန်းတီးနေပါတယ်။ တောပြုန်းတဲ့ အကျိုးဆက်အနေနဲ့ ရာသီဥတု ပြောင်းလဲတဲ့အပြင် covid-19 လို တိရစ္ဆာန်ကတဆင့် လူတွေရောဂါရမယ်လို့ ပညာရှင်တွေပြောတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"တောပြုန်းတဲ့ အကျိုးဆက်နဲ့ ကိုရိုနာဗိုင်းရပ်စ်"
အသံဖိုင်ယူရန်


လူသားတွေဟာ တိရစ္ဆာန်တွေက တဆင့်ရောဂါရတဲ့ သာဓကတွေရှိပါတယ်။ covid-19 မတိုင်ခင်က ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ရောဂါတွေဟာ တိရစ္ဆာန်ကပဲ ရရှိပါတယ်။ လူသားတွေနဲ့ တိရစ္ဆာန်တွေ အနေနီးရင် ဒီလိုပဲဖြစ်နေဦးမှာမို့ နောင်ဒါမျိုးမကြုံရအောင် သဘာဝကို ထိန်းသိမ်းဖို့ ပတ်ဝန်းကျင်ဝါဒီတွေက အကြံပေးတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ဗိုင်းရပ်စ်ရောဂါနဲ့ တိရစ္ဆာန်"
အသံဖိုင်ယူရန်


ကမ္ဘာမှာ ခေါင်းခဲနေရတဲ့ ပလတ်စတစ်အမှိုက်ပြဿနာကို နည်းမျိုးစုံနဲ့ ဖြေရှင်းလို့ အရှိန်ရနေတုန်း ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလာတဲ့အတွက် ပလတ်စတစ်အသုံးများရတဲ့ အနေအထားကို ရောက်သွားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကမ္ဘာ့ကပ်ရောဂါနဲ့ ပလတ်စတစ်အသုံးများလာမှု"
အသံဖိုင်ယူရန်


ကာဘွန်ထုတ်လွှင့်တာမကျဆင်းရင် နောက်နှစ် ၅၀ မှာ လူသန်းထောင်နဲ့ချီ ကြုံရမယ့် ပြဿနာနဲ့ လတ်တလောမှာတင် မြန်မာနိုင်ငံမှာ ရာသီဥတု အလွန်အမင်းပူပြင်းနေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကာဘွန်ထုတ်လွှင့်မှုနဲ့ မြန်မာနိုင်ငံရာသီဥတု"
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်လိုက်တဲ့ အတွက် ကမ္ဘာ့လေထု အတော်အတန်သန့်သွားပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်ပြီး လူတွေ အပြင်ပြန်ထွက်ရင် လေထုပြန်ညစ်ညမ်းမယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရန်ကုန်မှာ လေထုသန့်နေရာက ပြီးခဲ့တဲ့ စနေနေ့မှာ လူတွေ အပြင်ထွက်ကြတဲ့အခါ လေထုပြန်ညစ်ညမ်းသွားပါတယ်။ ဒီအကြောင်းတွေကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်နဲ့ လေထုညစ်ညမ်းမှု"
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံဝူဟန်မြို့မှာရှိတဲ့ ရောဂါပိုးမွှားဗေဒဓာတ်ခွဲခန်းက စတင်ဖြစ်ပွားတယ်ဆိုတဲ့ သံသယတွေရှိနေပြီး အမေရိကန်ပြည်ထောင်စုက ဒါကို စုံစမ်းနေပါတယ်။သားရိုင်းတွေ အရှင်လတ်လတ်ရောင်းတဲ့ ဈေးကစဖြစ်တယ်ဆိုတဲ့ အတွက်လည်းသားရိုင်း တိရိစ္တာန်ကုန်သွယ်ရေး ပိတ်ပင်သင့်တယ်လို့ ပြောသူတွေပြောနေချိန်မှာ တရုတ်နိုင်ငံဟာ သားစိမ်း၊ ငါးစိမ်းနဲ့ တိရစ္ဆာန်တွေ အရှင်လတ်လတ်ရောင်းတဲ့ဈေးတချို့ကို ပြန်ဖွင့်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ဝူဟန်ဗိုင်းရပ်စ်ဓာတ်ခွဲခန်းသံသယနဲ့ သားစိမ်းဈေးပြဿနာ"
အသံဖိုင်ယူရန်


သားရိုင်းတိရစ္ဆာန်တွေ၊ သဘာဝအတိုင်းနေထိုင်တဲ့တောတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံရတဲ့အတွက် တောရိုင်းသားကောင်တွေမှာရှိတဲ့ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေဟာ လူသားတွေ အခြေချ နေထိုင်တဲ့နေရာကို ရောက်ရှိသွားတယ်လို့ ပညာရှင်တွေ သုံးသပ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"တောရိုင်းသားကောင်တွေမှာရှိတဲ့ ဗိုင်းရပ်စ်"
အသံဖိုင်ယူရန်


ခုထိ ဆေးမတိုးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးအတွက် တရုတ်အစိုးရ ရည်ညွှန်းတဲ့ တိုင်းရင်းဆေးမှာ ဝက်ဝံသည်းခြေပါ ပါတယ်။ ဝက်ဝံတွေကို မေ့ဆေးမပေးဘဲ အပေါက်ဖောက်ပြီး သည်းခြေရည်ထုတ်တဲ့အတွက်တိရစ္ဆာန်ကို ညှင်းပန်းရာရောက်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်နဲ့ တရုတ်တိုင်းရင်းဆေး"
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်အောင် လက်ကိုမကြာခဏဆေးဖို့ ရေလိုပါတယ်။ ရေက အရေးကြီးတာမို့ မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေနေ့ သတ်မှတ်ထားပေမယ့် ရေရှားတဲ့နေရာ ရှားနေပါတယ်။ မကွေးတိုင်းမှာလည်း ဒေသခံတွေ အားထားနေရတဲ့ တောင်ပေါ်ရေထွက်ပေါက်တွေ ဒီနှစ်မှာ သိသိသာသာ ရေနည်းသွားပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်နဲ့ ရေပြဿနာ"
အသံဖိုင်ယူရန်


ဧရာဝတီတိုင်းမှာ ဒီရေတောတွေပြုန်းတီးသွားတဲ့အတွက် ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ချိန်မှာ အပျက်အစီးအဆုံးအရှူံးနည်းအောင် အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။ နိုင်ငံအရပ်ရပ်က ဒီရေတောတွေ ပြန်ပျိုးထောင်ဖို့ကြိုးစားပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"မြန်မာ့ဒီရေတောတွေ ပြုန်းတီးနေ"
အသံဖိုင်ယူရန်


တနိုင်ငံက ပိုးမွှား နောက်တနိုင်ငံက သီးနှံတွေဆီ ရောက်မနိုင်လာအောင်ကာကွယ်ဖို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က အကြံပေးထားပါတယ်။ ဒီလိုပဲ လူကလူချင်းကူးစက်တတ်တာမို့ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးကာကွယ်နိုင်ဖို့ နိုင်ငံအစိုးရတွေက ကြိုးစားနေပေမယ့် မြန်မာနိုင်ငံကတော့ တရုတ်ဧည့်သည်တွေကိုလက်ခံတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"သီးနှံနဲ့ လူ့ကျန်းမာရေး"
အသံဖိုင်ယူရန်


ဝူဟန် ရောဂါပိုးမွှားဗေဒဌာနက သုတေသီတွေက ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ တရုတ်နိုင်ငံက လင်းနို့တွေမှာ SARSနဲ့ တူတဲ့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေရှိတယ်လို့ ဖော်ပြထားပေမယ့် ခုထိ အတိအကျမသိရသေးပါဘူး။ အကောင်သေးရင် လင်းနို့လို့ခေါ်ပြီး သူ့ထက်အရွယ်အစားကြီးရင် လင်းဆွဲလို့ခေါ်တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေ စိတ်ဝင်စားစရာ ဖြစ်လာတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

"ကိုရိုနာဗိုင်းရပ်စ် လင်းနို့က စဖြစ်- မဖြစ်"
အသံဖိုင်ယူရန်


ကိုရိုနာဗိုင်းရပ်စ် (Coronavirus) မပေါ်ခင် ဆားစ် (SARS) နဲ့ မားစ် (MERS) ဖြစ်ပွားတဲ့အတွက် နောင်ဒါမျိုးတွေကို ကာကွယ်နိုင်ဖို့ ပညာရှင်တွေ သုတေသနလုပ်တဲ့အခါ မြန်မာနိုင်ငံက လင်းနို့တွေမှာ အရင်က မရှိဖူးတဲ့ ဗိုင်းရပ်စ်သစ် တွေ့ရပါတယ်။ တရုတ်ပညာရှင်တွေကလည်း လင်းနို့ကပေါက်ဖွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကစဖြစ်မယ်လို့ မနှစ်ကတည်းက ပြောထားပေမယ့် မကာကွယ်နိုင်ခဲ့တဲ့ အကြောင်း... RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

" ကိုရိုနာဗိုင်းရပ်စ်ဘယ်ကစ"
အသံဖိုင်ယူရန်


ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ရတဲ့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက လူ ၁၃ သန်းဟာ ကာကွယ်လို့ရနိုင်ရက် သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး နှစ်စဉ်သေဆုံးရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းထားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

" ကိုရိုနာဗိုင်းရပ်စ်၊ ပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေး"
အသံဖိုင်ယူရန်


ရန်ကုန်မြို့လေထုဟာ မနေ့က စံချိန်တင်အောင်ညစ်ညမ်းသွားတဲ့အကြောင်းနဲ့ လေထုအရည်အသွေး သတ်မှတ်တဲ့ စနစ်အကြောင်း တစေ့တဇောင်းကိုဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရန်ကုန် လေထု ညွှန်းကိန်း ၁၉၂ နဲ့ စံချိန်တင်ညစ်ညမ်း
အသံဖိုင်ယူရန်


ခု ဖေဖော်ဝါရီလလွန်ရင် မကြာခင်မှာ တနှစ်ထက်တနှစ် ပိုပူပြင်းလာတဲ့နွေရာသီ ရောက်လာပါ တော့မယ်။ ကမ္ဘာကြီးပူနွေးလာတာရဲ့ အကျိုးဆက်အဖြစ် ဝင်ရိုးစွန်းကရေခဲတွေ အရည်ပျော်ဆင်းတဲ့ ရလဒ်အဖြစ် ကျွန်းတွေ၊ ကမ်းရိုးတန်းတွေ ရေမြုပ်ရပါတယ်။ ဧရာဝတီတိုင်းထဲပါပြီး ကပ္ပလီပင်လယ်အော်ထဲက ကိုင်းသောင်ကျွန်းမှာဆိုရင် ၁၉၈ဝ ပြည့်နှစ်လွန်ပိုင်းလောက်ကပဲ ဒေသခံတွေနေရပ်ပြောင်းရွှေ့ရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်

ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အကျိုးဆက်
အသံဖိုင်ယူရန်


citizen journalist ဆိုတဲ့ လူထုသတင်းသမားရှိသလို သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို သုတေသနလုပ်နေတဲ့ သိပ္ပံပညာရှင်တွေရဲ့ လုပ်ငန်းကို အထောက်အကူပေးတဲ့ citizen scientist လူထုသိပ္ပံသမားလည်းရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

လူထုသိပ္ပံသမားက သိပ္ပံပညာရှင်တွေကို ကူညီနိုင်
အသံဖိုင်ယူရန်


တိရစ္ဆာန်က စဖြစ်ပွားတဲ့ coronavirus ဟာ လူကို စကူးစက်ခံရချိန်မှာ ရောဂါလက္ခဏာ မပြသတဲ့အကြောင်းနဲ့ သိကောင်းစရာ တစေ့တစောင်းကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

coronavirus အကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာမှာ လူလေးယောက်မှာ တယောက်လောက်ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပတ်ဝန်းကျင်ကြောင့် သေဆုံးနေရပါတယ်။ ရုပ်ကြွင်းလောင်စာတွေကို အကန့်အသတ်ထား သုံးစွဲပြီး လူတိုင်း အမူအကျင့်တွေပြောင်းရင် လေထု၊ ရေထု၊ မြေထုကို သန့်ရှင်းအောင်လုပ်နိုင်တဲ့ အလားအလာရှိတယ်လို့ ပညာရှင်တွေ ပြောတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရုပ်ကြွင်းလောင်စာ
အသံဖိုင်ယူရန်


၂၀၁၉ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဆော်သြပြီး ကမ္ဘာကျော်လာတဲ့ ဆွီဒင်က ဆယ်ကျော်သက် မိန်းကလေးနဲ့ အမေရိကန်ကွန်ဂရက်ရှေ့ ဆန္ဒလာပြနေတဲ့ ဟောလီးဝုဒ် အကျော်အမော် ၈၁ နှစ်ရွယ် ရုပ်ရှင် မင်းသမီးကြီး Jane Fonda တို့ ပြောစကားတချို့နဲ့ ရာသီဥတုပြောင်းလဲတဲ့ဒဏ်ကို မြန်မာနိုင်ငံကြုံရမယ့် အကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးရဲ့ သတိပေးစကားတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

ပြောင်းလဲလာတဲ့ ရာသီဥတု
အသံဖိုင်ယူရန်


ကမ္ဘာမှာ ငါးစက္ကန့်တိုင်း မြေဆီလွှာက ဘောလုံးကွင်းတစ်ကွင်းစာ တိုက်စားခံနေရပြီး တစ်လက်မလောက်တောင် မရှိတဲ့ မြေဆီလွှာထု ဖြစ်လာဖို့ နှစ်တစ်ထောင်လောက် စောင့်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ တောင်ပေါ် တောတွေပြုန်းလို့ မြေဆီလွှာထု သုံးပေလောက် ဆုံးရှူံးရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တောင်ပေါ်တောတွေပြုန်းလို့ မြေဆီလွှာတွေဆုံးရှုံး
အသံဖိုင်ယူရန်


တောင်ကိုရီးယားနိုင်ငံဟာ မြန်မာရေတပ်အတွက် စစ်သင်္ဘောဆောက်လုပ်ပေးပြီး စီးပွားရေးဇုန်လည်း ထူထောင်ပါမယ်။ တောင်ကိုရီးယားဟာ တရုတ်နိုင်ငံလိုပဲ သူ့ပြည်တွင်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လျှော့ချပြီး ပြည်ပမှာ သွားတည်ဆောက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှု
အသံဖိုင်ယူရန်


မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ခုနိုဝင်ဘာလအတွင်း အင်အားပြင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း တိုက်သွားပေမယ့် ဧရာဝတီတိုင်းမှာ ၂၀၀၈ တုန်းက တိုက်သွားတဲ့ နာဂစ်ဆိုက်ကလုန်းလို လူအသေအပျောက် မများတာဟာ ဒီရေတောတွေရှိတဲ့အတွက်လို့ ပညာရှင်တွေက ပြောတဲ့အကြောင်းနဲ့ ဒီရေတောရဲ့တန်ဖိုးတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဒီရေတော ကျေးဇူး
အသံဖိုင်ယူရန်


စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ် ကတည်းက တနင်္သာရီတိုင်းမှာ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းစတင်ပြီး နီးစပ်ရာကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ချထားပေးပါတယ်။ ဒါပေမဲ့ စီမံကိန်းမြေ ၆၀% မှာ ဆီအုန်းစိုက်ပျိုးမထားဘဲ နဂိုရှိခဲ့တဲ့ သဘာဝတောတွေကို ခုတ်ထွင်သွားလို့ ဒေသခံတွေနစ်နာရတာပဲ အဖတ်တင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စစ်အစိုးရလက်ထက် ဆီအုန်းစီမံကိန်းကြောင့် ဒေသခံတွေနစ်နာ
အသံဖိုင်ယူရန်


ကမ္ဘာ့ရာသီဥတုဟာ အရေးပေါ် အခြေအနေရောက်နေပြီလို့ ကမ္ဘာတဝန်းက သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ ကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာနေရာမှာ အစားထိုးစွမ်းအင်သုံးဖို့နဲ့ တခြားဆောင်စရာရှောင်စရာတွေကို အကြံပေးပြီး ဒါတွေကို မူဝါဒချမှတ်သူတွေရော လူထုကပါ ဆောင်ရွက်ရင် မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောတဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာနေရာမှာ အစားထိုးစွမ်းအင်သုံးဖို့
အသံဖိုင်ယူရန်


နေစရာ ဤမြေကမ္ဘာမှာ လူ ၈၂၁ သန်း ဝဝလင်လင်မစားသောက်ရဘဲ လူ ၃ ယောက်မှာ တယောက်က အာဟာရဓာတ် ချို့တဲ့နေပါတယ်။ အာဟာရချို့တဲ့တာဟာ ငတ်မွတ်ခေါင်းပါးခြင်းတမျိုးဖြစ်ပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ယိုယွင်းတာနဲ့ မိုးခေါင်တာရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုက ခုထက် ၂ ဒီဂရီ ထပ်တိုးလာရင် မြန်မာနိုင်ငံမှာ ကြုံလာနိုင်မယ့် ပြဿနာရပ်တွေကို ပညာရှင်တွေ ပြောပြထားတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မဝရေစာနဲ့ ပတ်ဝန်းကျင်ပြဿနာ
အသံဖိုင်ယူရန်


ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တခြားပြဿနာအဖြာဖြာကို ဦးဆောင်ဖြေရှင်းရမယ့် ကုလသမဂ္ဂအသင်း မပေါက်ဖွားခင်က ရှိခဲ့တဲ့ League of Nations နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ စစ်မက်အရေး မတားဆီးနိုင်ခဲ့ပါဘူး။ ရည်ရွယ်ချက်တွေ ဘယ်လိုပဲ ကောင်းပေမယ့် တခါတလေ အကြောင်းကြောင်းကြောင့် အထမမြောက်နိုင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

League of Nations နိုင်ငံပေါင်းချုပ်အသင်းကြီး မတားဆီးနိုင်ခဲ့တဲ့ စစ်မက်အရေး
အသံဖိုင်ယူရန်


ကမ္ဘာမှာ အကြောင်းအမျိုးမျိုးနဲ့ သစ်တောတွေလည်း ဆုံးရှုံး၊ တောင်တွေလည်း အဖြိုခံနေရပါတယ်။ သဘာဝ တောတွေ၊ တောင်တွေ ပျက်စီးဆုံးရှုံးသွားရင် မြေသား အရည်အသွေးလည်း ကျဆင်းရပါတယ်။ ဒီလို မြေသား အရည်အသွေး ညံ့ဖျင်းရင် ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်တယ်လို့ ကုလသမဂ္ဂကပြောတဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝတောတောင်ပျက်ရင် မြေအရည်အသွေးညံ့
အသံဖိုင်ယူရန်


မြန်မာ့ကျွန်းသစ်တွေကို အိမ်နီးချင်းတရုတ်နိုင်ငံက တရားဝင်ရော တရားမဝင်နည်းနဲ့ပါ ဆယ်စုနှစ်တွေချီ ရယူပြီးတဲ့နောက် ရေခြားမြေခြား အာဖရိကက အဖိုးတန်တဲ့ သစ်မာပင်တွေကို ၂ဝ၁၂ ကစလို့ တရားမဝင် သယ်ဆောင်နေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာ့သစ်ရပြီးတဲ့နောက် အာဖရိကသစ်မာဆီ တရုတ်လှည့်
အသံဖိုင်ယူရန်


ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကျွန်းမြေချဲ့တာတွေကြောင့် ကမ္ဘာမှာ သဲတူးတဲ့လုပ်ငန်းတွေ ထွန်းကားနေပေမယ့် လူသူမသိသလောက် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ မြစ်သဲကျောက် ထုတ်လုပ်ရေး စည်းကမ်းတွေရှိပေမယ့် တင်းတင်းကျပ်ကျပ်လည်းမရှိ စောင့်ကြည့်လည်း မခံရဘဲ ဂေဟစနစ်ပျက်စီးရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

နောက်ဆုံးပေါ် ပတ်ဝန်းကျင်ပြဿနာ
အသံဖိုင်ယူရန်


ကုလသမဂ္ဂက ကြီးမှူးပြီး အိန္ဒိယနိုင်ငံမှာ သဲကန္တာရ တစတစ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးညီလာခံ ကျင်းပနေပါတယ်။ ကမ္ဘာ့မြေ အရည်အသွေးကျဆင်းမှုဟာ ရိက္ခာဖူလုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေရပြီး၊ မြန်မာနိုင်ငံမှာတော့ သတ္တုတွင်းလုပ်ငန်းတွေကြောင့် နဂိုမြေသား ပြန်မရတော့ဘဲ မြေအရည်အသွေးကျဆင်းရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သတ္တုတွင်းလုပ်ငန်းတွေကြောင့် မြေအရည်အသွေးကျဆင်းရ
အသံဖိုင်ယူရန်


နေပြည်တော်ကို မြို့တော်ပြောင်းသလို အင်ဒိုနီးရှားနိုင်ငံမြို့တော်ကိုလည်း ပြောင်းမယ်လို့ သမ္မတက ကြေညာပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလို့ ဂျကာတာမြို့တော် ရေမြုပ်နိုင်တာကို တွက်ချက်ပြီး ပြောင်းရွှေ့တာမို့ ကမ်းရိုးတန်းတွေရှိတဲ့ မြန်မာနိုင်ငံကလည်း ဒီလိုမျိုး ကြိုတင်စီစဉ်ထားနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အင်ဒိုနီးရှားအချက်ပေးသံ စံနမူနာ
အသံဖိုင်ယူရန်


ပြည်ပမှာ ကျောက်မီးသွေးသုံးစက်ရုံတွေ တည်ဆောက်နေတဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံက ဖိတ်ခေါ်နေပါတယ်။ ဂျပန်ဟာ clean coal technology - သန့်စင်ကျောက်မီးသွေးနည်းပညာ သုံးတာမို့ ဒါကို သုံးမယ်ဆိုရင် နည်းစနစ်ကျဖို့ လိုအပ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဂျပန်ကျောက်မီးသွေးသုံးစက်ရုံတွေသုံးတဲ့ နည်းပညာ
အသံဖိုင်ယူရန်


ကမ္ဘာ့လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒီဓာတ်ငွေ့ထွက်တဲ့ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နောက်ထပ်သုံးနှစ် စမ်းသပ်လည်ပတ်ခွင့် ရသွားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံနဲ့ မြန်မာ့လေထုညစ်ညမ်းမှု
အသံဖိုင်ယူရန်


လူသားတွေနေစရာက ကမ္ဘာမြေတခုပဲရှိတာမို့ ပြဿနာပေါင်း သောင်းခြောက်ထောင် မကြုံရအောင် ဒီမြေကြီးကို လူသားတွေ အလွဲသုံးစားလုပ်နေတာ ရပ်ဆိုင်းပစ်ရမယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးတဲ့အကြောင်းနဲ့ မွန်ပြည်နယ်က သဘာဝကပ်ဘေးအကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

လူသားတွေစနက်ကြောင့် သဘာဝပျက်ရတဲ့အကြောင်း
အသံဖိုင်ယူရန်


လေထုညစ်ညမ်းတဲ့အတွက် ကမ္ဘာမှာ လူရှစ်ယောက်တိုင်း တယောက်နှုန်း သေဆုံးနေရပါတယ်။ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ရှမ်းပြည်နယ် တီကျစ် ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းတွေကြောင့် ဒေသခံတွေဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

လေကောင်းလေသန့်မရကြသူတွေအကြောင်း
အသံဖိုင်ယူရန်


အာရှမြစ်ဖျားက အမှိုက်တစဟာ သမုဒ္ဒရာတွေထဲထိရောက်နိုင်ချိန်မှာ မြန်မာ့ဧရာဝတီမြစ်ဟာ အမှိုက်ပစ်စရာနဲ့ စက်ရုံတွေရဲ့ စွန့်ပစ္စည်းတွေ ပို့တဲ့နေရာဖြစ်နေပါတယ်။ အဘွားကမြစ်မှာ အမှိုက်ပစ်လို့ မြေးက လိုက်မပစ်တဲ့ခေတ် ရောက်ဖို့ လူထုလည်း အသိရှိ၊ ဆိုင်ရာကလည်း ဝန်ဆောင်လုပ်ငန်းပံ့ပိုးသင့်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဧရာဝတီမြစ်မှာ အမှိုက်မပစ်ကြဖို့ လုပ်ဆောင်သင့်တဲ့အကြောင်း
အသံဖိုင်ယူရန်


ကုန်းဘောင်ခေတ်ကတည်းက ထိန်းသိမ်းခဲ့တဲ့ မြန်မာ့ကျွန်းသစ်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ ကပ်သင့်ရတဲ့အကြောင်းနဲ့ သစ်တောလောကက စံထားထိုက်တဲ့ သစ်တောမင်းကြီး ဦးမောင်ကလေးအကြောင်း တစေ့တစောင်းကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သစ်တောမင်းကြီး ဦးမောင်ကလေးအကြောင်း
အသံဖိုင်ယူရန်


အာရှက မြစ်ကြီးတွေကို ရေပေးနေတဲ့ ဟိမဝန္တာတောင်တန်းက ရေခဲမြစ် အစင်း ၆၅ဝ က အရည်ပျော်ဆင်းနှုန်းက နှစ်ဆမြန်လာတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ လေ့လာချက်မှာ ပါရှိပါတယ်။ ဧရာဝတီမြစ်ဟာလည်း ဟိမဝန္တာကရေနဲ့ စီးဆင်းရပါတယ်။ ရေခဲမြစ်တွေ အရည်ပျော်နှုန်းများရင် ရေကြီးပြီး ရေခဲမြစ်တွေ ဆုံးရှုံးသွားရင် ရေနည်းသွားမှာမို့ စိုက်ပျိုးရေးထိခိုက်မယ့် အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဟိမဝန္တာက ရေခဲမြစ်တွေ ပျော်ဆင်းနှုန်းမြန်နေတဲ့အကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာမှာ ခေါင်းခဲနေရတဲ့ ပလတ်စတစ်အမှိုက်ကင်းစင်ဖို့ နည်းမျိုးစုံနဲ့ ကြံဆနေချိန်မှာ မြန်မာနိုင်ငံမှာ ပလတ်စတစ်လုပ်ငန်းစတင်နိုင်မယ့် ကြော်ငြာမျိုးတွေ ရှိတဲ့အပြင် အမှိုက်နဲ့ ကွမ်းတံထွေးပြဿနာလည်းရှိတဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက အမှိုက်နဲ့ ကွမ်းတံထွေးပြဿနာအကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာ့မြေဆီအရည်အသွေးညံ့ဖျင်းရာက တဖြည်းဖြည်းနဲ့ မြေတွေက ကန္တာရဖြစ်လာရတဲ့ အကြောင်းနဲ့ ဒီလို တစတစနဲ့ သဲကန္တာရဖြစ်လာတာ၊ မြေအရည်အသွေးနိမ့်ကျတာနဲ့ မိုးခေါင်ရေရှားတာဟာ ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာကို ထိခိုက်စေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကန္တာရဆန်လာတဲ့ မြေကမ္ဘာအကြောင်း
အသံဖိုင်ယူရန်


ရာသီဥတုပြောင်းလဲနေတာ အရေးယူဆောင်ရွက်ဖို့ ကမ္ဘာတဝှမ်းက ကျောင်းသားထုတွေ ဆန္ဒပြကြပါတယ်။ ဒီ ဆန္ဒပြပွဲတွေ မတိုင်ခင် ဆွီဒင်ပါလီမန်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ၁၆ နှစ်သမီးလေး ဂရက်တာတင်ဘေဟာ TIME မဂ္ဂဇင်းမျက်နှာဖုံးမှာ အနာဂတ်ခေါင်းဆောင်တဦးအဖြစ် ဖော်ပြခံရပြီး ကမ္ဘာ့ပတ်ဝန်းကျင်ဝါဒီတစ်ဦးအဖြစ် ထင်ရှားလာတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ဝါဒီတစ်ဦးအဖြစ် ထင်ရှားလာတဲ့ ၁၆ နှစ်သမီး ဂရက်တာတင်ဘေ အကြောင်း
အသံဖိုင်ယူရန်


မြန်မာတွေရဲ့ ဆိုရိုးဖြစ်တဲ့ ထီးမပါနွေခါမှသိ ဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တွေးရင် ထီးဆိုတာသစ်တောနဲ့ သဏ္ဍာန်တူပါတယ်။ ထီးနဲ့တူတဲ့ တောတွေပြုန်းလို့ တနှစ်ထက် တနှစ် ရာသီဥတုပူပြင်းတာနဲ့အတူ ရေလည်းရှားလာတာမို့ ဒီတိုင်းဆက်ခုတ်နေရင် အခြေအနေ ပိုဆိုးမယ့်အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ထီးနဲ့တူတဲ့ သစ်တောတွေကို ဆက်ခုတ်နေရင် ရာသီဥတု ပိုဆိုးလာမယ့်အကြောင်း
အသံဖိုင်ယူရန်


ကျောက်မီးသွေးသုံးစက်ရုံတွေ ထပ်မဆောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားတဲ့အကြောင်းနဲ့ ဒီလိုစက်ရုံမျိုး လက်မခံတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသားတွေ ဆန္ဒပြချိန်မှာ ရော်ဘာကျည်ပစ်ပြီး ဖြိုခွဲခံရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံတွေ ထပ်မဆောက်ဖို့ ကုလအတွင်းရေးမှူးချုပ်က သတိပေးထားတဲ့အကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာမှာ အရှည်လျားဆုံးမြစ်ကြီး ၂၄ဝ ကျော်ရှိပြီး ရေကာတာကြီးတွေကြောင့် သုံးပုံနှစ်ပုံဟာ လွတ်လွတ်လပ်လပ် မစီးဆင်းနိုင်တော့ပါဘူး။ တရုတ်နိုင်ငံမှာ ဖြစ်ပွားဖူးတဲ့ မြေငလျင်ကြီးနဲ့ ရေကာတာဆက်စပ်တဲ့အကြောင်းနဲ့ သံလွင်မြစ်ရေကာတာစီမံကိန်းဟာ ငလျင်ကြောနဲ့ ဆက်စပ်နေတာကို မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ပြောကြားတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သံလွင်မြစ်ရေကာတာစီမံကိန်းဟာ ငလျင်ကြောနဲ့ ဆက်စပ်နေတဲ့အကြောင်း
အသံဖိုင်ယူရန်


တောရှိတဲ့နေရာမှာ တနိုင်တပိုင်ရေကာတာငယ်တွေလုပ်ရင် ရေငွေ့နဲ့ အအေးဓာတ်တောင် ရပေမယ့် ရေကာတာကြီးတွေကတော့ မြစ်အောက်ပိုင်းကို ထိခိုက်ပါမယ်။ မြစ်ဆုံရေကာတာ လုပ်သင့်-မလုပ်သင့် အစီရင်ခံစာမှာ မြစ်အောက်ပိုင်းထိခိုက်မှာကို ထည့်သွင်းရေးသားတာ ဖျက်ခိုင်းပေမယ့် မြန်မာပညာရှင်တွေက ဖျက်မပေးခဲ့တဲ့ အကြောင်းနဲ့ ရေမလွှမ်းမိုးအောင် ရေကာတာ လုပ်တယ်ဆိုပေမဲ့ လက်တွေ့မှာ ရေဘေးကြုံရတဲ့အကြောင်းတွေကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရေကာတာကြီးတွေပေးတဲ့ သင်ခန်းစာအကြောင်း
အသံဖိုင်ယူရန်


နွေရောက်တာနဲ့ ရေရှားတဲ့အရပ်တွေမှာ ရေလှူဒါန်းတာ လတ်တလော အဖြေရှာနည်းဖြစ်ပြီး ရေရှည်ဖြေရှင်းနိုင်တဲ့နည်းတစ်ခုက ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ရေရှားပါးရတဲ့ အကြောင်းချင်းရာတွေကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

နွေရာသီမှာ ရေရှားပါးရတဲ့အကြောင်း
အသံဖိုင်ယူရန်


မေလဆိုရင် နာဂစ်မုန်တိုင်းတိုက်သွားတာ ၁၁ နှစ် ပြည့်ပါတော့မယ်။ တကယ်လို့ ဒီရေတောတွေသာ ထူထူထပ်ထပ်ရှိရင် မုန်တိုင်းရော၊ လှိုင်းလုံးဒဏ်ပါ ခံနိုင်တာမို့ ဒီရေတောတွေ ပျိုးထောင်ပြုစုသူတွေ ရှိပေမယ့် တနင်္သာရီတိုင်းက ဒီရေတောတွေဟာ မီးသွေးဘဝနဲ့ ထိုင်းနိုင်ငံ ရနောင်း၊ အဲဒီကတဆင့် တရုတ်နဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တနင်္သာရီတိုင်းက ဒီရေတောတွေကို မီးသွေးအဖြစ်နဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့အကြောင်း
အသံဖိုင်ယူရန်


သြင်္ကန်တွင်းမှာ ပျော်ပျော်ပါးပါး ကစားကြတဲ့ရေဟာ ကမ္ဘာမှာ တနေ့တခြား ရှားပါးလာတဲ့ ရေချိုတွေ ဖြစ်ပါတယ်။ တချိန်ကျရင် မိမိနေထိုင်တဲ့ အရပ်မှာ ရေလုံးဝမရတော့ရင် နေရပ်ရွှေ့ပြောင်းရမယ့်လူတွေ ရှိလာမယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ဒီလို ရေပြဿနာအတွက် အဖြေရှာနိုင်တဲ့နည်းတွေထဲမှာ ရေသုံးစွဲတဲ့ စနစ်ပြောင်းလဲဖို့ ပညာပေးတဲ့နည်းလည်း ပါဝင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်

ရေပြဿနာအတွက် အဖြေရှာနိုင်တဲ့နည်းတွေအကြောင်း
အသံဖိုင်ယူရန်


တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်က ပဲပိစပ်မဝယ်နိုင်တော့တဲ့အတွက် ဘရာဇီးလ်နိုင်ငံက သစ်တောတွေပြုန်းရတော့မယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးလို့ မြေယာတွေ ဆုံးရှုံးရ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်ရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးလို့ နိုင်ငံထိခိုက်ရတဲ့အကြောင်း
အသံဖိုင်ယူရန်


ရာသီဥတုပြောင်းလဲစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ကမ္ဘာမှာ တဘက်က ကြိုးစားပေမယ့် ကျောက်မီးသွေးသုံးစက်ရုံတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ မနှစ်က ပိုလို့တောင် ထုတ်လွှင့်လာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုစက်ရုံတွေရှိပြီး လူထုက ဆန့်ကျင်တဲ့ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဖို့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်က တိုက်တွန်းတာလည်း ရှိတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းကို ပြီးအောင်လုပ်ဖို့ သံဃာ့မဟာနာယက ဆရာတော် တိုက်တွန်း
အသံဖိုင်ယူရန်


ရေရှားတဲ့ နိုင်ငံတွေစာရင်းမှာ မဝင်ပေမယ့် မြန်မာနိုင်ငံမှာ ရေရှားတဲ့အရပ်က ရေရှားလို့နေတာမို့ ရေစီမံခန့်ခွဲရေးစနစ် လိုအပ်တဲ့အကြောင်း၊ ကမ္ဘာမှာ လူသန်းနှစ်ထောင်နဲ့ ခြောက်သိန်းဟာ ရေကောင်းရေသန့်မရဘဲ အိမ်သာမရှိတဲ့အကြောင်းနဲ့ စစ်မက်ကြောင့်မဟုတ်ဘဲ ရေမသန့်တဲ့အတွက် ကလေး ၄ဝဝဝ ကျော် နေ့တိုင်း သေဆုံးနေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရေစီမံခန့်ခွဲရေးစနစ် လိုအပ်တဲ့အကြောင်း
အသံဖိုင်ယူရန်


ရန်ကုန်မြို့သစ် စီမံကိန်းကို ဖော်ဆောင်မယ့် တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီဟာ မသမာမှုတွေ၊ အဂတိလိုက်စားမှုတွေရှိပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီးတယ်လို့ စွပ်စွဲခံရပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပုံစံတူတဲ့ သီရိလင်္ကာ ဆိပ်ကမ်းစီမံကိန်းကိုလည်း CCCC ကပဲ ဖော်ဆောင်ပြီး သဲတွေတူးတဲ့ အကြောင်းနဲ့ မြန်မာ့သဲတွေမှာ အဖိုးတန်သတ္တုတွေ ပါတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာ့သဲတွေမှာ အဖိုးတန်သတ္တုတွေ ပါတဲ့အကြောင်း
အသံဖိုင်ယူရန်


လေထုညစ်ညမ်းလို့ ကမ္ဘာမှာ တနာရီတိုင်း လူ ၈ဝဝ နှုန်းသေဆုံးနေရလို့ လေထု အကြီးအကျယ်ညစ်ညမ်းစေတဲ့ ကျောက်မီးသွေးသုံးစက်ရုံတွေ လျှော့ချချိန်မှာ ရန်ကုန်မှာတင် စက်ရုံတရာလောက် ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရန်ကုန်မှာ စက်ရုံတရာလောက် ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့အကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာ့တောရိုင်းတွေလိုပဲ မြန်မာ့တောတွေလည်း တနေ့ထက်တနေ့ ပြုန်းတီးနေပါတယ်။ တောတွေပြုန်းလို့ အပေါ်ယံမြေလွှာဆုံးရှူံးရတဲ့ နောက်ဆက်တွဲအဖြစ် သဘာဝဟန်ချက်ပျက်ပြီး မိုးတွင်းမှာ ရေကြီးရေလျှံရရုံမက မကြာခင်ရောက်လာမယ့် နွေမှာ ရေရှားရတဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တောတွေပြုန်းလို့ အပေါ်ယံမြေလွှာဆုံးရှူံးရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အကြောင်း
အသံဖိုင်ယူရန်


ပတ်ဝန်းကျင်ရေးရာ ဥပဒေတွေရှိပေမဲ့ မလိုက်နာကြတဲ့အကြောင်းနဲ့၊ သယံဇာတတွေ ထုတ်ယူရောင်းချတဲ့အခါ လူထုအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့အကြောင်း တင်ပြထားပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သယံဇာတတွေ ထုတ်ယူရောင်းချတဲ့အခါ လူထုအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့အကြောင်း
အသံဖိုင်ယူရန်


ဧရာဝတီမြစ်ဆုံ ရေကာတာစီမံံကိန်းကို လေ့လာခဲ့တဲ့ မြန်မာပညာရှင်တွေက ဒီစီမံကိန်း မလုပ်သင့်ပါဘူးလို့ တင်ပြတဲ့ အစီရင်ခံစာကို လျစ်လျူရှုပြီး တရုတ်ဘက်ကတင်သွင်းတဲ့ အစီရင်ခံစာကိုပဲ စစ်အစိုးရ တာဝန်ရှိသူတွေက လက်ခံခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်က လေ့လာပြုစုခဲ့တဲ့ ဒီအစီရင်ခံစာဟာ အခုဆိုရင် မျိုးဆက် တဆက်စာလောက် ကွာခြားသွားတာမို့ ပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်သင့်တဲ့အကြောင်း၊ မူလကတည်းက ဒီစီမံကိန်းကို လက်မခံခဲ့တာမို့ အခုလည်းလက်မခံနိုင်တဲ့အကြောင်း မြန်မာပညာရှင်က ပြောပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြစ်ဆုံစီမံံကိန်းကို လက်မခံနိုင်တဲ့အကြောင်း
အသံဖိုင်ယူရန်


စစ်မက်ပဋိပက္ခကြောင့် ဖြစ်ရတဲ့ ဒုက္ခသည်တွေထက် ကမ္ဘာ့ရာသီဥတုပြောင်းလဲလို့ ဖြစ်ရတဲ့ ပတ်ဝန်းကျင်ရေးရာ ဒုက္ခသည်တွေက ပိုများလာမယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရမယ့်လူတွေထဲမှာ မြန်မာ့ကမ်းရိုးတန်းဒေသက လူတွေလည်းပါနိုင်ပြီး၊ မိုးခေါင်တဲ့အရပ်က လူတွေလည်း ပတ်ဝန်းကျင်ရေးရာ ဒုက္ခသည် ဖြစ်လာနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရာသီဥတုပြောင်းလဲလို့ ဖြစ်ရတဲ့ ပတ်ဝန်းကျင်ရေးရာ ဒုက္ခသည်တွေ ပိုများလာနိုင်
အသံဖိုင်ယူရန်


ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ပတ်ဝန်းကျင်ရေးရာပြဿနာတွေထဲမှာ ပလတ်စတစ်အမှိုက်တွေ ကိစ္စဟာ အာရုံအစိုက်အခံရဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာ ပလတ်စတစ်အိတ်တွေ လျှော့သုံးနေပေမယ့် မြန်မာနိုင်ငံမှာတော့ ပလတ်စတစ်နဲ့ မကင်းနိုင်တဲ့အကြောင်း အပါအဝင် ကမ္ဘာမှာရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ပလတ်စတစ်နဲ့ မကင်းနိုင်တဲ့အကြောင်း
အသံဖိုင်ယူရန်


ကမ္ဘာ့ဝင်ရိုးစွန်းတွေမှာ ရေခဲတွေ အရည်ပျော်ဆင်းတဲ့အတွက် အအေးပိုင်းဇုံတွေက သမပိုင်းဇုံဖြစ်လာတဲ့အခါ အင်အားကြီးနိုင်ငံတွေက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ လက်ဦးမှုယူကြလိမ့်မယ်လို့ သုံးသပ်သူတွေရှိပါတယ်။ ဥရောပရာသီက ပိုပူနွေးလာချိန်မှာ ရန်ကုန်လိုမြို့မှာ ဆောင်းဟာ ဆောင်းနဲ့ မတူတော့တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

ရေခဲတွေ အရည်ပျော်လာတဲ့အတွက် အအေးပိုင်းဇုံတွေ သမပိုင်းဇုံဖြစ်လာ
အသံဖိုင်ယူရန်


ကံဆိုတာအလုပ်ဖြစ်ပေမဲ့ အဆိုး-အကောင်း ဘာတခုကြုံကြုံ ကံဆိုးလို့ ဒါမှ မဟုတ် ကံကောင်းလို့ ဆိုပြီး ကံကို ယိုးမယ်ဖွဲ့တတ်ပါတယ်။ ကံဆိုတဲ့ အလုပ် မှန်မှန်ကန်ကန်လုပ်ဖို့ အသိဉာဏ်နဲ့ ထိန်းကျောင်းရတာဖြစ်ပြီး အလုပ်မကောင်းလို့ အဆိုးနဲ့ ကြုံရတာမို့ ကမ္ဘာမြေကြီး ကျန်းမာရေးအတွက် အမြော်အမြင်ရှိရှိ လုပ်ကိုင်ဖို့လိုအပ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကမ္ဘာမြေကြီး ကျန်းမာရေးအတွက် အမြော်အမြင်ရှိရှိ လုပ်ကိုင်ဖို့လိုအပ်
အသံဖိုင်ယူရန်


အာရှတိုက်က မြစ်ကြီးတွေကို ရေချိုပေးနေတဲ့ ဆီးနှင်းတွေ အရည်ပျော်နှုန်းမြန်တဲ့အတွက် ရုတ်တရက် ရေကြီးလာတဲ့ဒဏ်ကို လူသားတွေ ရှောင်ကွင်းလို့မရပါဘူး၊ ဆီးနှင်းတွေ ဆက်ပြီးပျော်ဆင်းမယ့် အလားအလာရှိနေပြီး၊ တကယ်လို့သာ ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်လိုက်ရင် ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝအလှတရားတွေ ရှိတဲ့အပြင် ကမ္ဘာ့ရှားပါးသစ်ခွမျိုးနွယ်တွေ ပွင့်လန်းတဲ့ ကချင်ပြည်နယ်မှာ ဒုက္ခ ကြုံနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သူဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရင် ကချင်ပြည်နယ်မှာ ဒုက္ခကြုံနိုင်
အသံဖိုင်ယူရန်


ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က အာရှပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ “မြဂနိုင်” ရုပ်ရှင်ကားနာမည်က “ဂနိုင်” ဆိုတာ တောလို့အဓိပ္ပါယ်ရပါတယ်။ ရှေးမြန်မာတွေဟာ တောကို ပုံစံအမျိုးမျိုးနဲ့ ခွဲခြားထားပါတယ်။ ဒီတောတွေမှာကျက်စားတဲ့သားကောင်တွေ ပြုန်းတီးနေပြီး မြန်မာနိုင်ငံဟာ သားရိုင်းမှောင်ခို ကြားခံနိုင်ငံ ဖြစ်နေတဲ့အကြောင်းနဲ့၊ နေရာတကာမှာ သားရိုင်းပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင်ရောင်းချနေတာ တရားမဝင်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သားရိုင်းပစ္စည်းတွေကို တရားမဝင် ရောင်းဝယ်နေ
အသံဖိုင်ယူရန်


ကမ္ဘာမှာ အရေးတကြီးဆောင်ရွက်ရမယ့် ဒီမိုကရေစီရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်သာယာရေး စတဲ့ အရေးကိစ္စတွေထဲက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က အပတ်စဉ် တင်ပြနေပါတယ်။ ဒီတပတ်မှာ... သယံဇာတတွေ ထုတ်ယူတဲ့အခါ လူမှုပဋိပက္ခ ဖြစ်ပွားတတ်တဲ့အကြောင်းနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းပြချက်ဖြစ်ပေမယ့် တိုင်းရင်းသားတွေရဲ့ဘဝကို ဥပေက္ခာ မပြုသင့်ဘူးလို့ ရှုမြင်သူတွေ ရှိတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တိုင်းရင်းသားတွေရဲ့ဘဝကို ဥပေက္ခာ မပြုသင့်
အသံဖိုင်ယူရန်


ကမ္ဘာမှာ အရေးတကြီးဆောင်ရွက်ရမယ့် ဒီမိုကရေစီရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်သာယာရေး စတဲ့ အရေးကိစ္စတွေထဲက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က အပတ်စဉ် တင်ပြနေပါတယ်။ လူသားတွေရဲ့စနက်ကြောင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကောင်ရေဟာ နှစ် ၄ဝ အတွင်း နဂိုကထက် ၆ဝ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။ ရာသီဥတု ပြောင်းလဲတာ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာတွေ အပြင်၊ သဘာဝသယံဇာတကို အလွန်အကျွံထုတ်ယူတာ ပင်လယ်ပြင်မှာ ပလတ်စတစ်အမှိုက်တွေ ထူပြောတာတွေကြောင့် ဖြစ်ရတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ပင်လယ်ပြင်မှာ ပလတ်စတစ်အမှိုက်တွေ ထူပြောရတဲ့အကြောင်း
အသံဖိုင်ယူရန်


မြေသိမ်းယာသိမ်းအမှုတွေကို ဖြေရှင်းတဲ့နေရာမှာ မြေပြန်လွှဲပေးမယ့်အစား လျော်ကြေးပေးဖို့စီစဉ်တာမျိုး၊ တောင်သူတွေလက်ထဲ ပြန်မလွှဲဘဲ စက်ရုံကို လွှဲပေးတာမျိုးတွေ တွေ့နေရပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြေသိမ်းယာသိမ်းအမှုတွေကို ဖြေရှင်းတဲ့အကြောင်း
အသံဖိုင်ယူရန်


ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်မှာ ရှိတဲ့ ပင်းပက်သံမဏိစက်ရုံဟာ ကျေးသီးမြို့နယ်က မြေဧကငါးထောင်ကျော်မှာ ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတခု ချမှတ်ထားပါတယ်။ ဒီစက်ရုံကို ယာယီရပ်ဆိုင်းထားဖို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ မနှစ်က တင်သွင်းခဲ့ဖူးပါတယ်။ ဒီအကြောင်း အပါအဝင် ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ ကျောက်မီးသွေးသုံး စက်ရုံအများစုကို ပိတ်ပစ်ဖို့ ကမ္ဘာက စီစဉ်နေတဲ့အကြောင်း တင်ပြထားပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံအများစုကို ပိတ်ပစ်ဖို့ ကမ္ဘာက စီစဉ်နေတဲ့အကြောင်း
အသံဖိုင်ယူရန်


လူသားတွေအတွက် နေစရာဟာ ဒီမြေကမ္ဘာတခုပဲရှိပြီး၊ သဘာဝလက်ဆောင် တောတောင်ရေမြေနဲ့ သယံဇာတတွေအကြောင်း စာသင်ကျောင်းတွေမှာ သင်ကြားပေးပေမယ့် ထိန်းသိမ်းစောင့်ရှောက်နည်း တွေကိုတော့ သင်ကြားပေးတာ မရှိပါဘူး။ လူသားတွေရဲ့ကမ္ဘာမြေပေါ်မှာ သင်ယူစရာတွေ မကုန်ခန်းနိုင်တဲ့ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

 

လူသားတွေရဲ့ကမ္ဘာမြေပေါ်မှာ သင်ယူစရာတွေ မကုန်ခန်းနိုင်တဲ့ အကြောင်း
အသံဖိုင်ယူရန်


စားရမှာကလည်း သဲနဲ့ တရှပ်ရှပ်- လွှင့်ပစ်ရမှာလည်း အဆီနဲ့ တဝင်းဝင်းလို့ မြန်မာတွေ ပြောလေ့ပြောထရှိတဲ့ သဲ မှာ သဘာဝ သတ္တုရိုင်းတွေ ပါဝင်ပြီး အင်မတန်အဖိုးတန်တဲ့ Silicon dioxide လို ဓာတ်သတ္တိပါရှိတဲ့အကြောင်းနဲ့ သဲဟာ ကမ္ဘာမှာ လူသုံးအများဆုံး သဘာဝ သယံဇာတတခုဖြစ်ပြီး တစတစကုန်ခန်းနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဓါတ်သတ္တုပါတဲ့ သဲ
အသံဖိုင်ယူရန်


ကမ္ဘာတဝန်း ရေရှားပါးတဲ့ ပြဿနာရင်ဆိုင်နေရပြီး တိုးတက်တဲ့နိုင်ငံတွေမှာ ရေအလေအလွင့် မရှိရအောင် ရေစီမံခန့်ခွဲရေးစနစ် ထားရှိပါတယ်။ မြန်မာနိုင်ငံမှာ ရေရှားတဲ့နေရာရှားနေပေမယ့် ဖြုန်းတဲ့နေရာဖြုန်းနေနိုင်ပြီး ဖြုန်းတဲ့ရေကလည်း တန်ဖိုးရှိတဲ့ ရေချိုဖြစ်နေပါတယ်။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်ကတင်ပြပါမယ်။

နွေသြင်္ကန်နဲ့ ချွေတာရမယ့်ရေ
အသံဖိုင်ယူရန်


သစ်တောဟာ ပြန်လည်ပျိုးထောင်နိုင်တဲ့ သဘာဝသယံဇာတဖြစ်ပြီး ကျောက်စိမ်းလို တွင်းထွက် သယံဇာတတွေက ပြန်လည်အစားထိုးလို့ မရတဲ့အကြောင်းနဲ့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းနဲ့ တွဲပြီး ရေမဆေးကျောက်ရှာတဲ့ လူတန်းစားတရပ် ပေါ်ထွန်းလာတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်စိမ်းလောကနဲ့ ဝေါဟာရသစ်
အသံဖိုင်ယူရန်


နိုင်ငံတစ်နိုင်ငံအတွက် သစ်ပင်သစ်တောဆိုတာ ထီးသဖွယ် အပူဒဏ် အကာအကွယ်ပေးတဲ့ သဘောမျိုးရှိပေမယ့် တရားမဝင်သစ်မှောင်ခိုမှုများတဲ့ မြန်မာနိုင်ငံမှာ သစ်တောတွေ အဆမတန် ပြုန်းတီးနေတာမို့ ခုလိုနွေမှာ အရွက်စုတ်တဲ့ ထီးအောက်ရောက်နေရသလို ဖြစ်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သစ်တောပြုန်း နိုင်ငံအပူဒဏ်ခံရ
အသံဖိုင်ယူရန်


လူသားတွေအတွက်နေထိုင်စရာက ကမ္ဘာမြေတခုပဲရှိပြီး ဒီကမ္ဘာမြေရေရှည်တည်တံ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ နာမည်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ
အသံဖိုင်ယူရန်


ကမ္ဘာမှာ ခေတ်ကုန်သွားပေမယ့် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစီမံကိန်းတွေ ရှိနေတဲ့အထဲက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောက်မြို့နယ်က ကျောက်မီးသွေး စီမံကိန်းဒဏ်သင့် တီကျစ်ဒေသခံတွေရဲ့ အတွေ့အကြုံတွေနဲ့ လူထုလက်သင့်မခံတဲ့ အံဒင်ကျောက်မီးသွေး စီမံကိန်းကို အခုအစိုးရသက်တမ်းမှာ အကောင်အထည် မဖော်ဘူးဆိုတဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မြန်မာနိုင်ငံက ကျောက်မီးသွေးစီမံကိန်း
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအလုပ်အဖွဲ့ HPWG- Hydropower Developers’ Working Group ဖွဲ့စည်းဖို့ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC-International Finance Cooperation နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဦးစီးပြီး ဆွေးနွေးပွဲ ကျင်းပပါတယ်။ ဒီအကြောင်းနဲ့ တိုင်းရင်းသားဒေသတွေက ဒေသခံတွေ စိုးရိမ်ပူပန်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်မှာ စိုးရိမ်နေ
အသံဖိုင်ယူရန်


မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီး မပျက်စီးအောင် ထိန်းသိမ်းမလား ဒီထက်ဆိုးအောင် လုပ်မလားဆိုတာ သမ္မတဦးထင်ကျော် ဖွဲ့စည်းလိုက်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်အကောင်အထည် ဖော်သင့်-မသင့် လေ့လာစိစစ်ရေးကော်မရှင်က အဆုံးအဖြတ်ပေးမယ့် အကြောင်း တင်ပြထားပါတယ်။

ဧရာဝတီအနာဂတ် ရင်တမမ
အသံဖိုင်ယူရန်


DRR -Disaster Risk Reduction ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်တာတွေ လျှော့ချတဲ့နည်းနဲ့ EBR- Ecology based Restoration EBR ဂေဟစနစ်တွေ ပြန်လည်ပြုစုပျိုးထောင် နည်းတွေကိုသုံးပြီး သဘာဝဘေးဒဏ်ကြံံ့ကြံံ့ခံနိုင်တယ်လို့ ပညာရှင်တွေက အကြံပြုထားတာကို တင်ပြထားပါတယ်။

ရေဘေးကင်းရေး ဂေဟစနစ်ပြန်ပျိုးထောင်ပါ
အသံဖိုင်ယူရန်


မိုးရာသီရောက်တိုင်း မြစ်ရိုးတလျှောက် နှစ်စဉ်ရေကြီးပြီး နုန်းမြေတွေတင်ကျန်လေ့ရှိတာဟာ သဘာဝဖြစ်ပေမယ့် တောပြုန်းတာနဲ့ ရွှေရှာတာတွေကြောင့် မြစ်ချောင်းတွေမှာ ရွှံ့တွေပါလာလို့ ပိုပြီးပျက်စီး ဆုံးရှုံးရတဲ့အကြောင်းနဲ့ လက်ပံတောင်းတောင်ဒေသမှာ ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းဧရိယာကို ရေမဝင်အောင်တားလိုက်တာမို့ အရင်က ရေမဝင်တဲ့နေရာတွေပါ ရေကြီးလာတဲ့အကြောင်း တင်ပြထားပါတယ်။

သဘာဝအပြင်လူကပါ ဖန်တီးလို့ ရေကြီး
အသံဖိုင်ယူရန်


ကချင်ပြည်နယ်က လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ သစ်တောထူထူထပ်ထပ် ရှိသေးပေမယ့် လူနေဒေသနဲ့ နီးတဲ့နေရာက တောတွေကတော့ နည်းမျိုးစုံနဲ့ ခုတ်ထွင်ခံနေရပါတယ်။ တစ်ချိန်က တောတွေ ပိန်းပိန်းထခဲ့တဲ့ ပဲခူးရိုးမဆိုရင် အခုအခါ တောင်ကတုံးဖြစ်နေပြီမို့ NLD အစိုးရသစ်က ဆယ်နှစ် သစ်မခုတ်ရအစီအစဉ်ချမှတ်ပါတယ်။ ဒီအကြောင်းတွေကို တင်ပြထားပါတယ်။

ကမ္ဘာတည်သရွေ့ကျွန်းပင်တွေရှိနိုင်ဖို့
အသံဖိုင်ယူရန်


သစ်ခွနဲ့ သဇင်ပန်းဥတွေ ဆေးဘက်ဝင်တဲ့အကြောင်းနဲ့ ဒါကို မသိနားမလည်ဘဲ စီးပွားရေးတမျက်နှာနဲ့ ဒေသခံတွေကိုယ်တိုင် ရှာဖွေရောင်းချကြရာက မျိုးတုန်းလုနီးနီးဖြစ်လာတဲ့အကြောင်း တင်ပြထားပါတယ်။

ပန်းမြတ်သဇင်ပျောက်လုပျောက်ချင်
အသံဖိုင်ယူရန်


ကချင်ပြည်နယ်က ရှားပါးသစ်ခွနက်ကို ဗြိတိန်ပညာရှင်က ဖော်ထုတ်ခဲ့တဲ့အကြောင်း၊ ဒီပန်းမျိုးမပြုန်းအောင် ထိန်းသိမ်းထားတဲ့အကြောင်းနဲ့ ဆေးဘက်ဝင် သစ်ခွပန်းရိုးခြောက်တွေ တရုတ်နိုင်ငံကိုတင်ပို့တဲ့အကြောင်းစတာတွေ တင်ပြထား ပါတယ်။

ကချင်ပြည်နယ်ကရှားပါးသစ်ခွနက်
အသံဖိုင်ယူရန်


ကမ္ဘာမှာ ရေနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံအစိုးရတွေဟာ ပညာဉာဏ်နဲ့ ချင့်ချိန်ပြီး ပြည်သူတွေကို ဝဝလင်လင်ကျွေးမွေးနိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်။ ထမင်းတစ်ပန်းကန်ဖြစ်ဖို့ ရေ အဆင့်ဆင့်သုံးလာရတာတွေကို ပညာရှင်တွေက ခြေရာခံတွက်ချက်ပြထားတာတွေ ရှိတဲ့အကြောင်း တင်ပြထားပါတယ်။

သိသူဖော်စား မသိသူခံစား
အသံဖိုင်ယူရန်


ခုအစိုးရလက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဟာ ပညာရှင်တွေကဏ္ဍ အလေးထား-မထားကို ရေကာတာ စီမံကိန်းတွေက အဖြေပေးနိုင်ဖွယ်ရှိတဲ့အကြောင်း တင်ပြထားပါတယ်။

ပညာရှင်တွေကဏ္ဍ အလေးထား-မထား
အသံဖိုင်ယူရန်


ပတ်ဝန်းကျင်ကောင်းကိုဖျက်တဲ့ တကောင်းတောင်စီမံကိန်း တရုတ်ကုမ္ပဏီ တစ်ခုက လာရောက်ဖော်ဆောင်လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်သတ္တုတွင်းနဲ့ နီကယ်စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းရတဲ့အကြောင်း တင်ပြထားပါတယ်။

တကောင်းတောင်စီမံကိန်း
အသံဖိုင်ယူရန်


ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို အခြေခံပြီး ပတ်ဝန်းကျင်ဝါဒီ တစ်ယောက်က မေးခွန်းထုတ်ထားခဲ့ဖူးတာကို ဒေါ်စမ်းစမ်းတင်က အခုတစ်ပတ် တင်ပြထားပါတယ်။

ဧရာဝတီအတွက် မေးခွန်း ၂ဝ
အသံဖိုင်ယူရန်


၂၀၅၀ ပြည့်နှစ်အရောက်မှာ ရေကာတာကြီးတွေကနေ လျှပ်စစ်ထုတ်လုပ်တာ လျှော့ချပြီး လေစွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ပိုသုံးဖို့ ကမ္ဘာမှာလျာထားတဲ့အကြောင်းနဲ့ လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့ အရောက်နည်းတဲ့ နေစွမ်းအင်အကြောင်း တင်ပြထားပါတယ်။

အနာဂတ်ကမ္ဘာ ရေကာတာလျှော့ချမည်
အသံဖိုင်ယူရန်


သစ်တောတွေဟာ ကမ္ဘာမြေကြီးကို ထီးသဖွယ် အုပ်မိုးထားတာမို့ အပူဒဏ်ကိုလည်း ကာကွယ်၊ ဇီဝမျိုးစုံမျိုးကွဲတွေလည်း ပေါကြွယ်ဝ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူတဲ့အတွက် အကျိုးကျေးဇူးတွေရှိပေမယ့် ပြုန်းတီးနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ ဥတုရာသီ တောကိုမှီ၏ လို့ ပြောလေ့ရှိကြတဲ့အတိုင်း သစ်တောတွေ ပြုန်းတီးတဲ့အတွက် ရာသီဥတုဖောက်ပြန်တဲ့အကြောင်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေကြောင့်လည်း တောပြုန်းရတဲ့အကြောင်း တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


အခုလိုရေရှားပါးတဲ့အခါ ရေလှူဒါန်းတာနဲ့ ရေဖြန့်ဝေပေးတာဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ ယာယီဖြေရှင်းပေးတာပဲ ဖြစ်ပြီးတော့ ရေစီမံခန့်ခွဲရေးစနစ်နဲ့ မြေအောက်ရေ ပြန်လည်ဖြည့်တင်းတဲ့နည်းနဲ့ ရေအကျပ်အတည်းကို ဖြေရှင်းရမှာဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


မြန်မာနိုင်ငံဟာ ကမ္ဘာ့စံချိန်စံညွှန်းအတိုင်းဆိုရင် ရေသယံဇာတ လုံလောက်တဲ့နိုင်ငံဖြစ်ပေမဲ့ ရေစီမံခန့်ခွဲရေးနည်းစနစ် လိုအပ်နေတဲ့အကြောင်းဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


အစိုးရသစ်တက်လည်း ကျောက်စိမ်းတူးမြဲတူးနေ အစိုးရသစ်တက်လာလည်း ကချင်ပြည်နယ် ဖားကန့်ဒေသတဝိုက်မှာ ကျောက်စိမ်းတွေ နေ့နေ့ညည တူးဖော်နေတာ အရှိန်မကျဘဲ ပိုလို့တောင် ဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလုပ်ငန်းကြောင့် နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှူံးရတာထက် ပြန်လည်အစားထိုးလို့မရတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးရတာ ပိုလို့ဆိုးဝါးတဲ့အကြောင်း တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ လျှပ်စစ်ထုတ်လုပ်နေတဲ့ ဂျပန်နိုင်ငံဟာ ဖူကူရှီးမားဓာတ်ပေါင်းဖို ယိုစိမ့်ပြီး တဲ့နောက် ကျောက်မီးသွေးဘက်ပိုဇောင်းပေးလာပြီး မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာပါ စက်ရုံတွေတည်ဆောက်ဖို့ကြိုးပမ်းနေတာကို ပတ်ဝန်းကျင်ဝါဒီတွေက ရပ်ဆိုင်းဖို့ တိုက်တွန်းနေတဲ့ အကြောင်း တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


မြန်မာနိုင်ငံလို တတိယကမ္ဘာနိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေ ပိုမိုများပြားပါတယ်။ သဘာဝပတ်ဝန်းကျင် သာယာရေးမှာ သစ်တောကဏ္ဍက အဓိကအခန်းကဏ္ဍက ပါဝင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


ဦးသိန်းစိန် သမ္မတသက်တမ်းမှာ ဆိုင်းငံ့ထားတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းပြန်စနိုင်ဖို့ တရုတ်နိုင်ငံက စကားကမ်းလှမ်းနေတဲ့အကြောင်းနဲ့ ဒီစီမံကိန်းကို လေ့လာတဲ့ ပညာရှင်အဖွဲ့က မလုပ်ဖို့ ပြောထားဖူးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


နောင်အစိုးရလက်ထက်မှာ စဉ်းစားဆောင်ရွက်ဖို့ စီမံချက် ၆၈ ခု ဆိုင်းငံ့လိုက်တဲ့အထဲမှာ သတ္တုတွင်းကဏ္ဍအတွက် စီမံချက် ၁၀ ခုပါဝင်ပြီး၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနေရာအနှံ့ရှိနေတဲ့ ရှမ်းပြည်နယ်တခွင်လုံးအတွက် စီမံချက်တစ်ခုပဲ ဆိုင်းငံ့လိုက်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


တောင်တရုတ် ပင်လယ်ရေပြင်ပိုက်နက်ကိစ္စနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်မြေအငြင်းပွားနေတဲ့ တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဓိကမြစ်ကြီးတွေမှာ ရေကာတာ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်နေ လို့ ဒေသခံပြည်သူတွေက မကျေမချမ်း ဖြစ်နေကြတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


စွမ်းအင်လိုအပ်ချက်တွေ တနေ့တခြား များပြားလာတဲ့ ယနေ့ကမ္ဘာမှာ ကျန်းမာရေး မထိခိုက်စေနိုင်တဲ့ နေရောင်ခြည်လို စွမ်းအင်မျိုးကို သုံးနေကြတာမို့ မြန်မာနိုင်ငံမှာလည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ မသုံးသင့်ပဲ တခြားနည်းလမ်းတွေ ရှာဖို့လိုကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


အခုတပတ်မှာ Burmese rosewood ဆိုတဲ့ ပိတောက်နဲ့ တမလန်းသစ်တွေဟာ သစ်အလုံးလိုက် မတင်ပို့ရလို့ တားမြစ်ထားတဲ့ကြားက တရုတ်နိုင်ငံကို နည်းမျိုးစုံနဲ့ရောက်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


၁၉၉၅ မြန်မာ့ကျောက်မျက် ရတနာဥပဒေပြဌာန်းလိုက်ပြီး အနှစ် ၂၀ အတွင်း၊ မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားခဲ့ရတဲ့အထိ တရုတ်ကုမ္ပဏီတွေ ကျောက်စိမ်း တူးခဲ့ကြတာဖြစ်ပေမယ့် တရုတ်အစိုးရတာဝန်ရှိသူတွေကတော့ ဒီကိစ္စ မသိရှိပါဘူး တဲ့။ ဒေါ်စမ်းစမ်းတင်က ဆက်လက်တင်ပြမှာပါ။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


ပြန်လည်အစားထိုးလို့ မရတဲ့ သဘာဝသယံဇာတတွေ မြန်မာနိုင်ငံမှာ မြန်မြန်ဆန်ဆန် ပြုန်းတီးနေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


ဒေါ်စန်းစန်းတင်ရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ အစီအစဉ်ကို နားဆင်နိုင်ပါပြီ။

သဘာဝပတ်ဝန်းကျင်ရေးရာ
အသံဖိုင်ယူရန်


ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ EIA (Environmental Investigation Agency) သဘာဝပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်တဲ့ မြန်မာ့သစ်မှောင်ခိုလုပ်ငန်းအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာ့သစ်မှောင်ခိုလုပ်ငန်းအကြောင်း
အသံဖိုင်ယူရန်


ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟာ ဆင်းရဲမွဲတေရုံ၊ လေထုညစ်ညမ်းရုံ၊ ကျန်းမာရေးထိခိုက် ရုံ မြေသိမ်းခံရရုံတွေပဲ ဆောင်ကြဉ်းပေးတယ်လို့ ဗြိတိန်နိုင်ငံထုတ် The Ecologist ဂေဟဝါဒီ စာစောင် က ဖော်ပြထားတာကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

ကျောက်မီးသွေးစက်ရုံဆိုတာ လေထုညစ်ညမ်းရုံသာ
အသံဖိုင်ယူရန်


တရုတ်လူမျိုးတွေ ၁၃ ရာစုကတည်းက ရှာဖွေနေတဲ့ ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်က ဥရုချောင်းဟာ ခေတ်အဆက်ဆက် သဘာဝအတိုင်း ရှိခဲ့ပေမဲ့၊ အခု ၂၁ ရာစုမှာ ကျောက်စိမ်းအလွန်အကျွံ တူးဖော်တဲ့အတွက် အလွန်အမင်း ပျက်စီးယိုယွင်းသွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်စိမ်းမြေ ပျက်စီးသွားတဲ့အကြောင်း
အသံဖိုင်ယူရန်


၂ဝ၁၂ ခုနှစ်မှာ တစ်ကမ္ဘာလုံး ကာဘွန်ဒိုင်အောက်ဆိုဒ် တန်ချိန် တစ်သောင်းသုံးသိန်း ကျော် ထုတ်လွှင့်ပြီး အများဆုံး ထုတ်တဲ့ ထိပ်ဆုံးက ၁၀ နိုင်ငံစာရင်းမှာ မြန်မာ့ အိမ်နီးချင်း တရုတ်ရော အိန္ဒိယနိုင်ငံပါတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျောက်မီးသွေးသုံး စက်ရုံတွေ မတည်ဆောက်ခင်က တူးနေရုံနဲ့ ပတ်ဝန်းကျင်ပျက်ပြား နေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

ကျောက်မီးသွေးစက်ရုံတွေကြောင့် ပတ်ဝန်းကျင်ပျက်ပြား
အသံဖိုင်ယူရန်


ကမ္ဘာမှာ ကျောက်မီးသွေးသုံးစက်ရုံတွေ ပိတ်ပစ်ဖို့ လျှော့ချဖို့ စီစဉ်နေချိန်မှာ ဂျပန် နိုင်ငံက clean coal technology ဆိုတဲ့ သန့်စင်ပြီး ကျောက်မီးသွေးနည်းပညာသုံးတဲ့ စက်ရုံတွေလုပ်ဖို့ ရှေ့တန်းကထွက်လာပါတယ်။ ဒီ clean coal technology ဟာ နတ်မြင်းပျံလို-ရေသူမ ပုံပြင်လို တကယ်ဖြစ်မလာသေးဘူးလို့လည်း ပြောသူရှိပါတယ်။ ဒီအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

ဒဏ္ဍာရီထဲက သန့်စင်ကျောက်မီးသွေး နည်းပညာ
အသံဖိုင်ယူရန်


သစ်တောတွေဟာ ကမ္ဘာကြီးရဲ့အပူချိန်နဲ့ ရာသီဥတုစက်ဝန်းကို ထိန်းညှိပေးတဲ့အကြောင်း၊ သစ်တောတွေ အပြောင်ရှင်းခံရတဲ့အကြောင်းနဲ့ ဒီနှစ် ရေဘေးနဲ့ သစ်တောပြုန်းတီးမှု ဆက်စပ်တဲ့အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

သစ်တောပြုန်းတီးမှုနဲ့ ရေဘေး ဆက်စပ်
အသံဖိုင်ယူရန်


နှစ် ၉ဝဝ ကျော်လုံးလုံးရေမကြီးတဲ့မြို့ ဒီနှစ်မှ ရေဖုံး

မကွေးတိုင်း မင်းဘူးခရိုင်မှာ လွန်ခဲ့တဲ့ အနှစ် ၉ဝဝ ကျော်က တည်ရှိခဲ့တဲ့ စေတုတ္တရာမြို့ဟာ မင်းအဆက် ခေတ်အဆက်ဆက် ရေရှည်တည်တံ့ခဲ့ပြီး ရေဘေးဒဏ်မသင့်ခဲ့ပေမဲ့ ဆည်နှစ်ခုကြားညှပ်လာချိန်မှာ ရေအကြီးအကျယ်လွှမ်းမိုးခံရရုံမက နုန်းပါတင်ကျန်ရစ်လို့ တချို့ရွာတွေ အပြီးအပိုင် ပြောင်းရွှေရရမယ့်အကြောင်း တင်ပြထားပါတယ်။

နှစ် ၉ဝဝ ကျော်လုံးလုံး ရေမကြီးတဲ့မြို့ ဒီနှစ်မှ ရေဖုံး
အသံဖိုင်ယူရန်


သစ်တောတွေ ပြုန်းတီးနေရတဲ့အကြောင်း

သစ်တောတွေ ပြုန်းတီးနေရတဲ့အကြောင်းတွေထဲမှာ တောခုတ်၊ မီးရှို့ တောင်ယာ လုပ်တာ၊ နားလည်မှုနဲ့ သစ်တွေခိုးထုတ်တာတွေလည်း ပါဝင်ကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သစ်တောတွေ ပြုန်းတီးနေရတဲ့အကြောင်း
အသံဖိုင်ယူရန်


သစ်တောမြေမှာရှိရမယ့် မြေဆီလွှာတွေ တိုက်စားခံရ

သစ်တောမြေမှာရှိရမယ့် မြေဆီလွှာတွေ တိုက်စားခံရပြီး မြို့တွေ၊ ရွာတွေ စိုက်ခင်းတွေမှာ မလိုဘဲ နှုန်းတွေ၊ ရွှံ့တွေ၊ နွံတွေ တင်ကျန်ရစ် တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သစ်တောမြေမှာရှိရမယ့် မြေဆီလွှာတွေ တိုက်စားခံရ
အသံဖိုင်ယူရန်


ဆည်ဆောက်တော့မယ်ဆိုရင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး ဆည်တွေမကြာခဏဆောက်တိုင်း အခြေအနေကောင်းလာနိုင်တာ မဟုတ်တဲ့အကြောင်းနဲ့ ဆည်တည်ဆောက်မယ်ဆိုရင် အချိန်ယူပြီး တိုင်းတာတွက်ချက် ဆောက်လုပ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဆည်ဆောက်တော့မယ်ဆိုရင်
အသံဖိုင်ယူရန်


ဆည်တွေ တည်ဆောက်တဲ့အကြောင်း

သစ်တောဆိုတာဟာ သဘာဝဆည်တစ်မျိုးဖြစ်တဲ့အကြောင်း ၊ ရှေးမင်းတွေလက်ထက်ကတည်းက ဆည်တွေ တည်ဆောက်တဲ့အကြောင်း၊ ကြက်မောက်တောင်ဆည်ဆိုရင် နှစ်နဲ့ ချီလေ့လာပြီးမှ တည်ဆောက်တဲ့ အကြောင်း၊ စစ်ကိုင်းတိုင်းမှာရေကြီးရတဲ့အကြောင်း ၊ ဖန်းဆိပ်ဆည်ကျိုးမှာ စိုးရိမ်ရတဲ့ အကြောင်းစတာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဆည်တွေ တည်ဆောက်တဲ့အကြောင်း
အသံဖိုင်ယူရန်


သံလွင်မြစ်မှာဆောက်မယ့် ရေကာတာများ

သံလွင်မြစ်ကြောင်းမှာ ဆောက်လုပ်မယ့် ရေကာတာ ခြောက်ခုစလုံး တရုတ်နိုင်ငံပါဝင်ပတ်သက်ပြီး အစိုးရနဲ့နီးစပ်တဲ့ မြန်မာလုပ်ငန်းရှင်ကြီးတွေနဲ့ ပူးတွဲအကောင်အထည်ဖော်ဖို့ရှိပါတယ်။ ဒီအကြောင်းတွေကို တင်ပြထားပါတယ်။

သံလွင်မြစ်မှာဆောက်မယ့် ရေကာတာများ
အသံဖိုင်ယူရန်


ပျက်စီးကျဆုံးနေတဲ့နိုင်ငံ ၂ဝ မှာ မြန်မာပါဝင်

ပျက်စီးကျဆုံးနေတဲ့နိုင်ငံ Failing state ဖြစ်ရတဲ့ လက္ခဏာတွေထဲ သဘာ၀ သစ်တောပြုန်းတာလည်း ပါဝင်တယ်လို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှာ Failing States ထိပ်တန်းနိုင်ငံ ၂၀ မှာပါပြီး ၂၀၁၄ ခုနှစ်မှာ သတိထားရမယ့် အဆင့်ရောက်သွားပြီး ရေမြေသဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ပျက်စီးကျဆုံးနေတဲ့နိုင်ငံ ၂ဝ မှာ မြန်မာပါဝင်
အသံဖိုင်ယူရန်


ရွာတဲ့မိုးနဲ့ ရေမပြည့်တဲ့မြစ်

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ရေယာဉ်တွေဆီက ရေယာဉ်ဖြတ်သန်းခ ကောက်ခံမယ့်အကြောင်း၊ မုတ်သုံဝင်ပေမဲ့ ဧရာဝတီမြစ် ရေစူးမနက်တဲ့အကြောင်း၊ အင်းလေးကန် ရေမပြည့်သေးတဲ့အကြောင်းနဲ့ တောင်ကြီးမြို့က ရေထွက်တွေ ခန်းခြောက်ကုန်တဲ့အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရွာတဲ့မိုးနဲ့ ရေမပြည့်တဲ့မြစ်
အသံဖိုင်ယူရန်


မိခင်သဘာဝချင်းတူပေမဲ့ စီမခန့်ခွဲပုံကွဲ

ကမ္ဘာ့အနောက်ခြမ်း အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ရေရှားပါးနေလို့ ရေစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနေရတဲ့အချိန်မှာ အရှေ့ခြမ်းမြန်မာနိုင်ငံမှာတော့ ရေအလွန်အမင်း စုပ်ယူတဲ့ ယူကလစ်ပင်တွေ စိုက်ပျိုူးနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မိခင်သဘာဝချင်းတူပေမဲ့ စီမခန့်ခွဲပုံကွဲ
အသံဖိုင်ယူရန်


ကမ္ဘာကြီးပူနွေးမှုမှ သက်သာရာရမယ့်နည်းလမ်းများ

ကမ္ဘာနဲ့အဝန်းရင်ဆိုင်နေရတဲ့ ကမ္ဘာကြီး ပူနွေးမှု ပြဿနာ သက်သာရာရမယ့် နည်းလမ်းတွေ လေ့လာထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးမှုမှ သက်သာရာရမယ့်နည်းလမ်းများ
အသံဖိုင်ယူရန်


သန့်စင်ပြီး ကျောက်မီးသွေးစက်ရုံတွေ လည်ပတ်ဖို့စီစဉ်တဲ့အကြောင်း

မြန်မာနိုင်ငံမှာ သန့်စင်ပြီး ကျောက်မီးသွေးနဲ့ ဓာတ်အားပေးစက်ရုံတွေလည်ပတ်ဖို့ စီစဉ်နေပါတယ်။ ဒီလိုလည်ပတ်နိုင်တယ်ဆိုပေမဲ့ တခြားနိုင်ငံတွေက ကျောက်မီးသွေး စက်ရုံတွေ ပိတ်ပစ်ဖို့ ကြိုးစားနေတာပါ။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သန့်စင်ပြီး ကျောက်မီးသွေးစက်ရုံတွေ လည်ပတ်ဖို့စီစဉ်တဲ့အကြောင်း
အသံဖိုင်ယူရန်


ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအကြောင်း

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ ပိတ်လိုက်ဖို့ နိုင်ငံတကာက စီစဉ်နေချိန်မှာ မြန်မာနိုင်ငံမှာ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအကြောင်း
အသံဖိုင်ယူရန်


သယံဇာတ ကျိန်စာသင့်ရတဲ့အကြောင်း

သဘာဝသယံဇာတကို မှီခိုအားထားတဲ့နိုင်ငံတွေဟာ တခြား နိုင်ငံတွေထက် လက်နက်ကိုင် ပဋိပက္ခတွေပိုဖြစ်ပွားရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။မြန်မာနိုင်ငံမှာတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလိုက်ချိန်ကစလို့ သယံဇာတတွေ ပြန်မဖြည့် တင်းနိုင်ဘဲ ပြုန်းတီးနေတာမို့ သယံဇာတကျိန်စာသင့်ရတဲ့အကြောင်း ဒီတစ်ပတ်အစီအစဉ်မှာ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

သယံဇာတကျိန်စာသင့်ရတဲ့အကြောင်း
အသံဖိုင်ယူရန်


အားဆဲနစ်အဆိပ်မဲ့ရေ ကျေးလက်များမှာရရှိရေး

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျေးလက်တွေမှာ ရေသန့်စက်တွေ သုံးနေတဲ့အတွက် မြေအောက်ရေမှာပါတဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အားဆဲနစ် (စိန်) အဆိပ်ဓါတ်တွေကို ဖယ်ထုတ်နိုင်တာမို့ သောက်ရေသန့် ရနေကြတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အားဆဲနစ်အဆိပ်မဲ့ရေ ကျေးလက်များမှာရရှိရေး
အသံဖိုင်ယူရန်


တွင်းတောင်ဂေဟပုံပြင်

ဂေဟဗေဒစနစ်မှာ တစ်ခုနဲ့တစ်ခု အပြန်အလှန်အမှီသဟဲပြုနေတာမို့ ဟန်ချက်ပျက်သွားရင် သဘာဝပျက်ယွင်းသွားတာကို စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်က တွင်းတောင်ဂေဟစနစ်က နမူနာပေးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တွင်းတောင်ဂေဟပုံပြင်
အသံဖိုင်ယူရန်


ရေသံသရာ မှန်မှန်လည်နိုင်ဖို့

ကမ္ဘာမှာ လူသားတိုင်း မရှိမဖြစ်လိုအပ်တဲ့ရေ ပုံမှန်ရရှိနေဖို့ စီမံခန့်ခွဲရေးစနစ်ကောင်းမှ ရေသံသရာလည်နိုင်မယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မတ်လ ၂၂ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ရေနေ့မှာ ရေ အရေးပါပုံကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရေသံသရာ မှန်မှန်လည်နိုင်ဖို
အသံဖိုင်ယူရန်


နွေရောက်ပြီ

ဒီနှစ်နွေရာသီမှာလည်း မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလွန်းပြီး လူ့ကျန်းမာရေးကို ထိခိုက်စေမယ့် ခရမ်းလွန်ရောင်ခြည် ကျရောက်နိုင်မယ့်အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

နွေရောက်ပြီ
အသံဖိုင်ယူရန်


ဖြစ်ပျက်သဘောပြောနေတဲ့ စစ်ကိုင်းတောင်ရိုး

စစ်ကိုင်းတိုင်းမှာ မြစ်ကြောင်းတွေပြောင်းပြီး စစ်ကိုင်းတောင်ရိုးတခွင်မှာ သစ်ပင်တွေခုတ် မြေတွေတူးဆွယူနေတဲ့အတွက် စစ်ကိုင်းတောင်အလှနဲ့ သဘာဝရေမြေ ပျက်စီးနေတဲ့အကြောင်းကို ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

ဖြစ်ပျက်သဘောပြောနေတဲ့ စစ်ကိုင်းတောင်ရိုး
အသံဖိုင်ယူရန်


ချင်းတွင်းမြင်ကွင်း

ဧရာဝတီမြစ်လိုပဲ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ချင်းတွင်းမြစ်ဟာလည်း နွေရာသီမတိုင်ခင်ကတည်းက သောင်ထွန်းလို့နေပါတယ်။ ချင်းတွင်းမြစ်ကို မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးလာသူတစ်ယောက်ရဲ့ မျက်မြင်တွေ့လာရတဲ့ ချင်းတွင်းမြင်ကွင်း ကို ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

ချင်းတွင်းမြင်ကွင်း
အသံဖိုင်ယူရန်


မြစ်ကြောင်းတွေ ရေခန်းသွားမယ်ဆိုရင်

စစ်ကိုင်းတောင်ပေါ်က ကြည့်လိုက်ရင် ဧရာဝတီမြစ်လယ်မှာ သောင်ကြီး အခိုင်အမာပေါ်ထွန်းနေတာ မြင်ကြရတဲ့အကြောင်းနဲ့ မြစ်ကြောင်းတွေရေခန်းသွားမယ်ဆိုရင် အနာဂတ်မျိုးဆက်အတွက် ကောင်းမွေချန်ထားနိုင်တော့မှာ မဟုတ်ကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြစ်ကြောင်းတွေ ရေခန်းသွားမယ်ဆိုရင်
အသံဖိုင်ယူရန်


တရားမဝင်သစ်မှောင်ခိုပို့မှု

မြန်မာနိုင်ငံက သစ်ပင်သစ်တောတွေဟာ တရားဝင်အရရော တရားမဝင်တဲ့နည်းတွေနဲ့ ခုတ်ထွင်ရှင်းလင်းခံနေရပါတယ်။ ဒီနောက် တရုတ်နိုင်ငံကို အလုံးအရင်းနဲ့ တင်ပို့နေပြီး တရားမဝင်သစ်မှောင်ခိုပို့တာကို ဖမ်းမိတဲ့ သတင်းတွေလည်း မကြာခဏ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီအကြောင်းတွေကို အခုတစ်ပတ် အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

တရားမဝင်သစ်မှောင်ခိုပို့မှု
အသံဖိုင်ယူရန်


ရေချိုရှားပါးလာရင် စိုက်ပျိုးရေးထိခိုက်

ကမ္ဘာမှာ ရေချိုရှားပါးပြတ်လပ်လာနေပြီး စက်မှုလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေ ရေထုညစ်ညမ်းတဲ့အကြောင်းနဲ့ ရေချိုရှားပါးရင် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်မယ့်အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရေချိုရှားပါးလာရင် စိုက်ပျိုးရေးထိခိုက်
အသံဖိုင်ယူရန်


ဧရာဝတီမြစ်မှာ သောင် ဘာကြောင့်ထွန်း

နွေရာသီမရောက်ခင် အခုကတည်းက ဧရာဝတီမြစ်မှာ သောင်တွေ အကြီးအကျယ်ထွန်းနေရတဲ့ အကြောင်းတွေထဲမှာ သစ်တောတွေ ပြုန်းတီးတာ၊ မြစ်ကြောင်းထိန်းသိမ်းရေး အားနည်းတာတွေလည်း ပါဝင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဧရာဝတီမြစ်မှာ သောင် ဘာကြောင့်ထွန်း
အသံဖိုင်ယူရန်


ကျေးဇူးအထူးတင်တာစောနေသေး

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငံ့ထားပေမယ့် မြစ်ဆုံအထက်ပိုင်းမှာ ရေကာတာတွေ တည်ဆောက်နေတဲ့အကြောင်း၊ ဒီစီမံကိန်းတွေလာလုပ်နေတဲ့ တရုတ်အစိုးရပိုင် CPI ကုမ္ပဏီ ဟာ ကျောက်မီးသွေးစက်ရုံတွေလည်း လုပ်နေတဲ့အကြောင်း၊ တရုတ်နိုင်ငံ ပတ်ဝန်းကျင်သာယာရေး အတွက် ဒီစက်ရုံတွေပိတ်နေချိန်မှာ မြန်မာနိုင်ငံက အကောင်အထည်ဖော်နေတဲ့အတွက် အဲ့ဒီကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ ရောက်လာမှာ စိုးရိမ်ရတဲ့အကြောင်း တင်ပြထားပါတယ်။

ကျေးဇူးအထူးတင်တာစောနေသေး
အသံဖိုင်ယူရန်


မြန်မာ့မြေမှာကြီးထွားနေတဲ့ မြန်မာ-ယန်စီ တရုတ်ကုမ္ပဏီ

ကြေးနီစီမံကိန်းတွေဖော်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကောက်ကြောင်းတချို့နဲ့ ကြေးနီမိုင်းအန္တရာယ်၊ ရေကာတာတွေရဲ့ အန္တရာယ်တွေကို သဘာဝထိန်းသိမ်းရေး ပညာရှင်က မူဝါဒချမှတ်သူတွေဆီ တင်ပြထားပေမဲ့ ဆက်လက်အကောင်အထည် ဖော်နေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာ့မြေမှာကြီးထွားနေတဲ့ မြန်မာ-ယန်စီ တရုတ်ကုမ္ပဏီ
အသံဖိုင်ယူရန်


လက်ပံတောင်းတောင်အရေး ရင်မအေးဖွယ်

လက်ပံတောင်းတောင်ပဋိပက္ခမှာ လောလောဆယ် မျက်ဝါးထင်ထင်ကြုံတွေ့နေရတဲ့ ပြဿနာရပ်တွေရှိတဲ့အပြင် နောင်အခါမှာ ကြုံတွေ့လာနိုင်တဲ့ သဘာ၀ ပတ်ဝန်းကျင်ပြဿနာတရပ်ကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

လက်ပံတောင်းတောင်အရေး ရင်မအေးဖွယ်
အသံဖိုင်ယူရန်


မိုးနဲ့မုန်တိုင်းနဲ့ဆို ရေကြီး မိုးကုန်ရင် ရေရှား

ကမ္ဘာကြီး အခုအတိုင်း ပူနွေးနေမယ်ဆိုရင် သက္ကရာဇ် ၂ဝ၉ဝ ပြည့်နှစ်အရောက်မှာ ရေကြီးတဲ့ ဒုက္ခက လေးဆကျော် တိုးလာမှာဖြစ်ပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာက သုံးဆတိုးလာမယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ပါတယ်။ ဒါပေမဲ့ အခုကာလမှာတင် ဒါတွေ ရင်ဆိုင်နေရပြီလို့လည်း ဗြိတိသျှပညာရှင်တစ်ဦးက ပြောပါတယ်။ လောလောလတ်လတ်မှာ မုန်တိုင်းလမ်းကြောင်းသင့်နေတဲ့ မြန်မာနိုင်ငံဟာ အပူဒဏ်၊ ရေလွှမ်းမိုးတဲ့ဒဏ်နဲ့ ရေရှားတဲ့ဒဏ်တွေခံနေရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မိုးနဲ့မုန်တိုင်းနဲ့ဆို ရေကြီး မိုးကုန်ရင် ရေရှား
အသံဖိုင်ယူရန်


ဆေးမြီးတိုနဲ့ကုစားလို့မရတဲ့ ကြေးနီမိုင်းဟောင်း

ကြေးနီ သတ္တုတွေကို နှစ်နဲ့ချီထုတ်လုပ်ခဲ့ပြီး ဒီအတိုင်းထားခဲ့တဲ့ ကျင်းချိုင့်ကြီးက ရေကိုလာသောက်တဲ့ ဆောင်းခိုငှက်တွေ တပြုံလုံးသေဆုံးခဲ့ရာကစလို့ ကြေးနီမိုင်းဟောင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရတာကို သိလာရပါတယ်။ အခုတော့ ငွေကိုပုံအောပြီး ကုစားနေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။