သတင်းစာနောက်ကွယ်ကမြန်မာပြည်

ပြည်သူတွေကြားမှာ အမှန်တကယ် ဖြစ်နေပြီး စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြတာ မတွေ့ရတဲ့ အကြောင်းအရာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သတင်းစာနောက်ကွယ်က မြန်မာပြည် ဆိုတဲ့ ခေါင်းစဉ်နဲ့ အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2012-09-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံ ပညာရေးစနစ်မှာ အံချော်နေတဲ့ကိစ္စတွေနဲ့  ပညာရေးအဆင့်မြှင့်ဖို့ အစိုးရမဟုတ်တဲ့အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ်ရဲ့ အံချော်နေမှုများ
အသံဖိုင်ယူရန်

 


မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍကို အစိုးရထိန်းချုပ်မှုအောက်ကို ထည့်သွင်းလိုက်တဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကျသွားသလို၊ သင်ရိုးညွှန်းတမ်းကိုလဲ တပြေးညီ သတ်မှတ်လိုက်တဲ့အတွက် ဘာသာရပ်အလိုက် ထူးချွန်တဲ့ကျောင်းမျိုးတွေ ပေါ်ထွက်မလာဘူးလို့  ပညာရှင်တွေ ထောက်ပြထားပါတယ်။

အထူးသဖြင့် မူလတန်းပညာရေးဟာ လူတယောက်အတွက် စိတ်ဓါတ်ရော၊ ပညာပိုင်းမှာပါ အခြေခံကောင်းအောင် ပြုစုပေးရတာဖြစ်လို့  မူလတန်းပြဆရာ၊ ဆရာမတွေ အရည်အချင်းပြည့်မီဖို့နဲ့  သူတို့ကို လစာကောင်းကောင်းပေးနိုင်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။

အစိုးရထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံ ပညာရေး
အသံဖိုင်ယူရန်

 


အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ကျောင်းသားတွေ ပညာဆက်သင်ခွင့် ကန့်သတ် ပိတ်ပင်ခံနေရတဲ့ အခြေအနေကို နားဆင်ရမှာပါ။

ပညာသင်ခွင့် ပိတ်ပင်ခံရတဲ့ ကျောင်းသားများ
အသံဖိုင်ယူရန်

 


ပြည်ထောင်စုဆိုတာကို အခမ်းအနားကျင်းပရုံနဲ့ ရနိုင်မလား၊ မရနိုင်ဘူးလား၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာကို တင်ပြထားပါတယ်။

ငြိမ်းချမ်းတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ဘာတွေလိုအပ်လဲ
အသံဖိုင်ယူရန်

 


အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ကျောင်းသားတွေ ပညာဆက်သင်ခွင့် ကန့်သတ် ပိတ်ပင်ခံနေရတဲ့ အခြေအနေကို နားဆင်ရမှာပါ။

ပညာသင်ခွင့် ပိတ်ပင်ခံရတဲ့ ကျောင်းသားများ
အသံဖိုင်ယူရန်

 


သမတဦးသိန်းစိန်က ပြည်ပရောက်မြန်မာတွေပြန်လာဖို့ ဖိတ်ခေါ်တဲ့ မိန့်ခွန်းပြောပြီး နောက်ဆက်တွဲအခြေအနေ တင်ပြထားပါတယ်။

သမတဦးသိန်းစိန် မိန့်ခွန်း
အသံဖိုင်ယူရန်

 


စစ်ပွဲကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်း တင်ပြထားပါတယ်။

စစ်ပွဲရွဲ့အကျိုးဆက်
အသံဖိုင်ယူရန်

 


ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးတဲ့အပေါ် မလျော်ကန်တဲ့လုပ်ရပ်တွေ အကြောင်း တင်ပြထားပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး
အသံဖိုင်ယူရန်

 


မော်တော်ယဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေ တင်ပြထားပါတယ်။

မော်တော်ယဉ်စည်းကမ်းထိမ်းသိမ်းရေး
အသံဖိုင်ယူရန်

 


နေပြည်တော်တဝိုက်လယ်သမားတွေဆီက သိမ်းလိုက်တဲ့မြေတွေမှာ အကွက်ရိုက်ရောင်းတဲ့ အိမ်ခြံမြေ ဈေးကွက်ကြီးထွားနေတဲ့အကြောင်းနဲ့  မြေသိမ်းခံလယ်သမားတွေရဲ့ဘဝကို တင်ပြထားပါတယ်။

မြေသိမ်းခံလယ်သမား
အသံဖိုင်ယူရန်

 


ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထူးထူးခြားခြား သက်သာခွင့် မရတဲ့အကြောင်းတွေ တင်ပြထားပါတယ်။

ထူးမခြားနားသော လွတ်ငြိမ်းခွင့်
အသံဖိုင်ယူရန်

 


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ စစ်တပ်နဲ့ အာဏာပိုင်တွေအတွက် လယ်သမားတွေက တာဝန်ကျေ စပါးပေးနေရသေးတဲ့ အကြောင်းတွေ တင်ပြထားပါတယ်။

အာဏာပိုင်များအတွက် တာဝန်ကျေစပါး
အသံဖိုင်ယူရန်

 


ဒီတပတ် အစီအစဉ်မှာတော့ မြန်မာအစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအောက်မှာ အရပ်သား ပြည်သူတွေ ခါးစည်းခံနေရတာနဲ့ ပတ်သက်လို့ တင်ပြထားပါတယ်။

ပြည်သူတွေ ခံရတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများ
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ဆင်းရဲချို့တဲ့ တဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ ပတ်သက်လို့ တင်ပြထားပါတယ်။

ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ စစ်အစိုးရနဲ့ နိုင်ငံရေးပါတီတချို့ တောင်းဆိုနေတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ဘယ်တော့ ရုပ်သိမ်းနိုင်မလဲ ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။

စီးပွားရေး ဒဏ်ခတ်မှု ဘယ်တော့ ရုပ်သိမ်းနိုင်မလဲ
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ လယ်မြေတွေ အသိမ်းခံနေရတာကို တင်ပြလာရင် ဖြေရှင်းပေးမယ်လို့ စစ်အစိုးရ ဝန်ကြီးတွေ လွှတ်တော်မှာ ပြောတဲ့အတွက် လယ်သမားတွေ အဆင်ပြေတော့မှာလား ဆိုတာကို တင်ပြထားပါတယ်။

လယ်သမားတွေ အဆင်ပြေတော့မှာလား
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာတော့ မြန်မာလယ်သမားတွေ တိုးတက်နေပြီလား ဆိုတာတင်ပြထားပါတယ်။

လယ်သမားများ တိုးတက်နေပြီလား
အသံဖိုင်ယူရန်

 


ဒီတပတ် အစီအစဉ်မှာတော့ အလုပ်ခွင်တွေမှာ လုပ်ထုံးလုပ်နည်းတွေ ကမောက်ကမ ဖြစ်နေလို့ အလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံးနေတဲ့ အကြောင်းတွေ တင်ပြထားပါတယ်။

အလုပ်သမားများ အခွင့်အရေးဆုံးရှုံး
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာတော့ မှတ်ပုံတင်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားတဲ့အခါမှာ ကြန့်ကြာ ခက်ခဲရတဲ့ အခြေအနေတွေနဲ့ ဒါဟာ လူ့အခွင့်အရေး ပြဌာန်းချက်ကို လျစ်လျူရှု ခံနေရတာတွေ ဖြစ်တဲ့အကြောင်း တင်ပြထားပါတယ်။

နိုင်ငံသား ကတ်ပြား အခက်အခဲ
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ စစ်အစိုးရက အရေးယူပိတ်ဆို့ထားလို့  ပြည်သူတွေထဲမှာ နစ်နာနေရတဲ့ ဖြစ်ရပ်တွေ တင်ပြထားပါတယ်။

စစ်အစိုးရရဲ့ အရေးယူပိတ်ဆို့မှု။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ မြန်မာပြည်ကဏ္ဍမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြားအကျဉ်းသားတွေ ဆုံးရှုံးနေတဲ့ ထောင်တွင်းအယူခံ အကြောင်း တင်ပြထားပါတယ်။

ထောင်တွင်း အယူခံ။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အင်တာနက် စာမျက်နှာတွေနဲ့ အင်တာနက်မြန်နှုန်း ထိန်းချုပ်ခံထားရတဲ့ အခြေအနေတချို့ကို တင်ပြထားပါတယ်။

အင်တာနက် ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံ။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ ညှဉ်းပန်းနှိပ်စက် ခံရမှုကနေ ကာကွယ်စောင့်ရှောက်မှု မရတဲ့ အခြေအနေတချို့ကို တင်ပြထားပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံ ကလေးသူငယ်များ။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ရခိုင်ပြည်နယ်မှာ စစ်အရာရှိတဦးက ဒေသခံတွေကို ဖိနှိပ်နေတဲ့ အခြေအနေ တချို့ကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ဖိနှိပ်မှုတချို့။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ဝ တိုင်းရင်းသားပါတီ နှစ်ခုနဲ့ ရွေးကောက်ပွဲ အခြေအနေတချို့ကို တင်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ ဝ တိုင်းရင်းသားပါတီ။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲမသမာမှုကြောင့် တစညပါတီ ရှုံးရတယ်လို့ ကိုယ်စားလှယ်လောင်း တချို့ ပြောဆိုထားတာကို တင်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး နဲ့ တစည။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ မဲဆန္ဒရှင်တိုင်းက ကိုယ့်ဆန္ဒနဲ့ အညီ ရွေးချယ်လိုတဲ့ ကိုယ်စားလှယ်လောင်းကို စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် မရပုံကို တင်ပြထားပါတယ်။

မဲဆန္ဒရှင်နဲ့ စိတ်ကြိုက်ရွေးချယ်ခွင့်။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ရဲနဲ့ စစ်တပ် အဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်နေတယ် ဆိုပေမယ့် တကယ်လက်တွေ့ ဖြစ်နေတာက ဘာတွေလဲဆိုတာကို တင်ပြထားပါတယ်။

ရဲ၊ စစ်တပ်နဲ့ ပြည်သူ။
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ရွေးကောက်ပွဲအကြို အခုချိန်မှာ အာဏာပိုင်တွေက နိုင်ငံရေးပါတီတွေကို နှောင့်ယှက် ခြိမ်းခြောက်နေတာတွေနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဖက်ကနေ အလေးပေး ဆောင်ရွက်နေတာတွေကို တင်ပြထားပါတယ်။

နိုင်ငံရေးပါတီများ ခြိမ်းခြောက်နှောင့်ယှက်ခံနေရခြင်း
အသံဖိုင်ယူရန်

 


ဒီတပတ် အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲမှာ မကွေးတိုင်းအတွင်း ထောက်ခံမဲ အများစုရအောင် အာဏာပိုင်တွေ ဘယ်လို ဆောင်ရွက်ခဲ့လဲဆိုတာ တင်ပြထားပါတယ်။

မကွေးတိုင်း ဆန္ဒခံယူပွဲ
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ Global Migration Group ခေါ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့က ထုတ်ပြန်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လူ့အခွင့်အရေးကို တင်ပြထားပါတယ်။

ရွှေ့ပြောင်းလုပ်သားများ၏ လူ့အခွင့်အရေး
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ဆင်းရဲမွဲတေမှုကြောင့် ကလေးတွေ သေဆုံးနေရတဲ့ ဖြစ်ရပ်တွေနဲ့ ပြည်သူ့ဆေးရုံတွေက အခြေအနေတချို့တွေကို တင်ပြထားပါတယ်။

ကလေးများကို သတ်နေသည့် ဆင်းရဲမွဲတေမှု
အသံဖိုင်ယူရန်

 


ဒီတပတ်အစီအစဉ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပဲခူးတိုင်းအနောက်ခြမ်းမှာ ဒေသခံအာဏာပိုင်တွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံးနေတာနဲ့ မက်လုံးပေး စည်းရုံးနေတာတွေကို တင်ပြထားပါတယ်။

အာဏာနှင့် မက်လုံး၊ မဲဆွယ်စည်းရုံး
အသံဖိုင်ယူရန်

 


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့