"၂၁ အားမာန်"

စောဖိုးခွား
2023.02.21

"အာဏာရှင်နဲ့အတူ တွန်းလှန်ရမယ့် ဖိုကြီးစိုးရေးဝါဒ"

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့အခက်အခဲတွေအကြောင်းကြားရပါမယ်။ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ပြောကြားချက်တွေကို နားဆင်ရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"နိုင်ငံကူးလက်မှတ်နဲ့ တိုင်းတစ်ပါးအိပ်မက်"

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းထားလို့ ပြည်ပထွက်ချင်တဲ့ လူငယ်တွေ လမ်းပျောက်နေတဲ့အကြောင်း မန္တလေးမြို့က လူငယ်အမျိုးသမီးတစ်ဦးကို အခြေခံပြီး တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ပုံစံမျိုးစုံနဲ့ပေါ်လာတတ်တဲ့ ရန်ကုန်က ဆန္ဒပြလူငယ်များ"

စစ်ကောင်စီမရိပ်မိတဲ့ ဆန္ဒပြပုံစံမျိုးစုံကို တီထွင်ဆန်းသစ်ပြီး ရန်ကုန်ရဲ့လမ်းမတွေထက်ကို ရောက်ရောက်လာတတ်တဲ့ ဆန္ဒပြလူငယ်အဖွဲ့ဟာ ဒီတစ်ကြိမ်မှာတော့ ရပ်ကွက်တွေ စျေးတွေထဲအထိ သွားပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနေကြပါတယ်။ အဖမ်းအဆီးတွေကြားက ဒီလူငယ်တွေရဲ့အကြောင်း ဒီတစ်ပတ် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"မြန်မာ့အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ရဲ့ နိုင်ငံရေးခရီး"

၂ဝ၂ဝ ရွေးကောက်ပွဲဟာ အခုဆိုရင် နှစ်နှစ်တင်းတင်းပြည့်သွားပါပြီ။ လူငယ်မျိုးဆက်သစ် ကိုယ်စားလှယ်လောင်းတွေ တော်တော်များများ ဝင်ပြိုင်ခဲ့တဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တရားမမျှတဘူးဆိုပြီး နိုင်ငံအာဏာသိမ်းယူခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အာဏာသိမ်းပြီးနောက် နိုင်ငံရေးဖြတ်သန်းမှုတွေအကြောင်း ဒီတစ်ပတ်ကြားရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"စစ်ဘေးဒုက္ခသည်ကလေးငယ်တွေရဲ့ ဆရာမလေး"

တိုက်ပွဲတွေကြား ပြေးရင်းလွှားရင်း ဒုက္ခသည်ကလေးတွေကို စာသင်ပေးနေတဲ့ ကယားပြည်နယ်က ဆရာမလေးတစ်ဦးနဲ့ ကျောင်းသားတွေရဲ့လိုအပ်ချက်တွေကို ဒီတစ်ပတ်တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ရိုဟင်ဂျာစခန်းက ကျောင်းဆရာလူငယ်တစ်ဦး"

စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်းနဲ့ နေခဲ့ရတာ အခုဆို ငါးနှစ်ပြည့်ပါပြီ။ ဘာလူခါလီဒုက္ခသည်စခန်းက အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦးကတော့ သူတတ်တဲ့ပညာနဲ့ ကလေးငယ်တွေကို စာသင်ပြပေးနေပါတယ်။ စခန်းထဲမှာ နေရေးထိုင်ရေး တစ်ရက်ထက်တစ်ရက် ခက်ခဲလာနေတာကြောင့် လုံလုံခြုံခြုံနဲ့ အိမ်ပြန်ချင်ပြီလို့ RFA ကို ပြောလာပါတယ်။ဒီလူငယ်ရဲ့ အတွေ့အကြုံတွေကို ဒီတစ်ပတ်တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"စစ်ကောင်စီရဲ့ Facebook အစားထိုး အကြံအစည်"

ဒီတစ်ပတ်မှာတော့ ....Facebook လူမှုကွန်ရက်ကို သုံးစွဲခွင့်ပိတ်ပင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ကြံစည်နေပါတယ်။ Facebook နေရာမှာ အစားထိုးဖို့ လူမှုကွန်ရက်အသစ်တစ်ခုကို တီထွင်နေပြီလို့လည်း ဆိုပါတယ်။ ဒါဘာကြောင့်ပါလဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ရဲ့အတွေးအမြင်တွေကို ကြားရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"သေဒဏ်ကြောင့် ပြောက်ကျားဆန္ဒပြပွဲတွေ ပိုများလာ"

ဒီတစ်ပတ်မှာတော့ ....ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြနေတဲ့ လူငယ်တွေအကြောင်း ကြားရမှာပါ။ ဒီလူငယ်တွေက ဘယ်သူတွေလဲ၊ ဘာကြောင့် ဒီနေ့ထိ ပုံစံမျိုးစုံနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာပါလဲ၊ ဒီအကြောင်းတင်ပြထားတာ ကြည့်ရှုနားဆင်ရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"လေဆန်" (သို့မဟုတ်) စစ်တိုက်ရင်း အနုပညာဖန်တီးသူများ"

ဒီတစ်ပတ်မှာတော့ .... စစ်ကောင်စီကို ပြန်လည်ခုခံဖို့ ရှေ့တန်းထွက် စစ်တိုက်နေကြတဲ့ လူငယ်တွေရဲ့ အနုပညာ၊ ရုပ်ရှင်ဇာတ်လမ်းတို "လေဆန်" ကို ဖန်တီးသူတွေအကြောင်း တင်ပြပါမယ်။ ဒီလေဆန် ရုပ်ရှင်ဇာတ်လမ်းတိုရဲ့ ဒါရိုက်တာနဲ့ အဓိကဇာတ်ကောင်တွေရဲ့ နိုင်ငံရေးခံယူချက်၊ အတွေ့အကြုံတွေကို ကြားရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"စစ်ကောင်စီလက်ထက် အလုပ်သမားအခွင့်အရေး ပိုမိုချိုးဖောက်ခံနေရ"

ဒီတစ်ပတ်မှာတော့ .... စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ပိုပိုဆိုးလာနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေကို တရားမဝင် အသင်းကြေညာ၊ ကူညီလှုပ်ရှားသူတွေကို ဖမ်းဆီးထားလို့ လက်ရှိ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီပေးမယ့်သူလည်း မရှိဖြစ်နေတဲ့အကြောင်တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"စစ်ကောင်စီလက်ထက် လူနည်းစု LGBT တွေအတွက် မျှော်လင့်ချက်မဲ့လာ"

ဒီတစ်ပတ်မှာတော့ .... ဇွန်လဟာ LGBT လို့ခေါ်တဲ့ လိင်တူစုံမက်သူတွေကို ဂုဏ်ပြုတဲ့ လဖြစ်တာနဲ့အညီ အနောက်နိုင်ငံတွေနဲ့ အာရှနိုင်ငံတချို့မှာ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲကြပါတယ်။ မြန်မာနိုင်ငံက လူနည်းစု LGBT တွေအတွက်တော့ NLD အရပ်သားအစိုးရ တက်လာချိန်မှာ တန်းတူအခွင့်အရေးတွေရဖို့ ကြိုးစားတောင်းဆိုကြရင်း ပေါ်ပေါ်ထင်ထင် လူဝင်ဆံ့နေတုန်းမှာပဲ စစ်တပ်က အာဏာပြန်သိမ်းလိုက်တာမို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အရင် စစ်အစိုးရတွေလက်ထက်တုန်းကလို ကိုယ့်ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရမယ့် အခြေအနေဆီကို ပြန်လည်ဦးတည်လာနေပြီမို့ LGBT အသိုင်းအဝိုင်းက စိုးရိမ်နေတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"စစ်အာဏာသိမ်းမှုအောက်က ကလေးတွေရဲ့ ပညာရေးနှစ်သစ်"

ဒီတစ်ပတ်မှာတော့ .... စစ်ကောင်စီက ပြန်ဖွင့်တဲ့ ကျောင်းတွေကို တက်သင့်၊ မတက်သင့်ဝေခွဲမရဖြစ်နေတဲ့ ကျောင်းသားမိဘတွေနဲ့ စစ်ကောင်စီရဲ့ကျောင်းမတက်ဘူးဆိုပြီး သပိတ်မှောက်ထားကြတဲ့ ကျောင်းသားမိဘတွေအတွက်ရော ကိုယ့်ရဲ့ ကလေးအတွက် ဘယ်လိုပညာရေးမျိုးတွေ သင်လို့ရနေပါသလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"နယူးယောက်ကနေ မြန်မာပြည်ကို အွန်လိုင်းက စာသင်ပေးနေသူ"

ဒီတစ်ပတ်မှာတော့ .... အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်က NYU တက္ကသိုလ်မှာ ကျောင်းတက်ရင်း အာဏာသိမ်းစစ်ကောင်စီအောက်မှာ ကလေးတွေ ပညာရေးမနှောင့်နှေးရအောင် အွန်လိုင်းစာသင်ကျောင်းဖွင့် စာသင်ပေးနေတဲ့ မြန်မာ လူငယ်တစ်ဦးရဲ့ အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"CDM အင်ဂျင်နီယာဗိုလ် သက်ထူးဇော်"

ဒီတစ်ပတ်မှာတော့ .... စစ်ခေါင်းဆောင်ရဲ့ အမိန့်ကို ဖီဆန်ပြီး အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် လူငယ် ဗိုလ်သက်ထူးဇော်ရဲ့ စစ်တပ်အတွေ့အကြုံတွေ ခံယူချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"လွတ်လပ်မှ ဆယ်တန်းပြန်တက်မယ့် ညီအစ်ကိုနှစ်ယောက်"

ဒီတစ်ပတ်မှာတော့ .... အာဏာသိမ်းကတည်းက တစ်ရက်မပျက် နေ့တိုင်း လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဆယ်တန်းကျောင်းသား ညီအကို နှစ်ယောက်ရဲ့ ယုံကြည်ချက် ခံယူချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ဘွဲ့တံဆိပ်တော်ရ သံဃာဘဝကနေ PDF တပ်သား ဖြစ်လာသူ"

ဒီတစ်ပတ်မှာတော့ ....အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့ ဒဏ်ကို မခံမရပ်နိုင်လို့ လူငယ်အများအပြားဟာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုခုခံနေတဲ့ လူငယ်တွေထဲက ဘွဲ့တံဆိပ်တော်ရ ဘုန်းကြီးဘဝကနေ လူဝတ်လဲပြီး လက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့ ကိုညီရဲရင့်အကြောင်း RFA ဝိုင်းတော်သား စောဖိုးခွား ၂၁ အားမာန်အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ဖိနှိပ်မှုတွေကြား စစ်အာဏာရှင်ကို တွန်းလှန်နေဆဲ လူငယ်များ"

ဒီတစ်ပတ်မှာတော့ ..... အာဏာသိမ်း စစ်ကောင်စီဟာ လူငယ်တွေကို စွပ်စွဲချက်အမျိုးမျိုးတပ် ဖမ်းဆီးပြီး သေဒဏ်အပါအဝင် အသက်အရွယ်နဲ့ မမျှတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ အယောက် ၅၀ ကျော်ရှိပါတယ်။ အသက် ၂၄ နှစ်အောက် လူငယ်ပေါင်း ၁၃၀၀ ကျော်လည်း ဖမ်းဆီးခံထားရပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားကပဲ အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေတဲ့ လူငယ်တွေ အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ယူကရိန်းရဲ့ ခုခံစစ်ကို ထောက်ခံတဲ့ မြန်မာလူငယ်များ"

ဒီတစ်ပတ်မှာတော့ ..... ရှရှား- ယူကရိန်းစစ်ပွဲကနေ မြန်မာလူငယ်တွေ ဘာတွေ သင်ခန်းစာရသလဲဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"လူငယ် အမျိုးသမီးတစ်ဦးရဲ့ ရက်ပေါင်း ၂၂၀ ထောင်တွင်း အတွေ့အကြုံ"

ဒီတစ်ပတ်မှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ လူငယ်အမျိုးသမီးတစ်ဦးရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို ကြားရပါမယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"လူငယ်တွေရွေးချယ်လိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်"

အခုတပတ်မှာတော့..စက်တင်ဘာလ ၇ ရက်နေ့ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာလိုက်ပါပြီ။ ဒါကြောင့်တိုက်ပွဲတွေ ရှေ့လျှောက် ပြင်းထန်လာဖို့ရှိပါတယ်။ တိုက်ခိုက်ရေးလမ်းစဉ်ကို ရွေးချယ်ထားကြတဲ့ လူငယ်တွေကတော့ ဒီတိုက်ပွဲမှာ ပြည်သူတွေ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။ လူငယ်တွေရဲ့ ယုံကြည်ချက်တွေကို RFA ဝိုင်းတော်သား စောဖိုးခွားက ၂၁ အားမာန်အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"အာရှလူငယ်တွေထောက်ခံအားပေးနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေး"

အခုတပတ်မှာတော့...မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေနဲ့ ဒေသတွင်းနိုင်ငံတချို့က လူငယ်တွေ လက်ချင်းချိတ်မိလာနေတဲ့ Milk Tea Alliance လှုပ်ရှားမှုအကြောင်းကို ဒီတပတ်အစီအစဉ်မှာ ရှုစားနားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ထိုင်းရောက် ကရင်နီလူငယ်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့ အတွေ့အကြုံ"

အခုတပတ်မှာတော့...မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ အလုပ်အကိုင်အခွင့်အလှမ်း ရှားပါးလို့ ရန်ကုန်လိုမြို့ကြီးတွေကို တက်လာပြီး အလုပ်အကိုင် ရှာဖွေကြတဲ့ လူငယ်တွေရှိသလို တိုင်းတပါးထွက်ပြီး ကြိုးစားရုန်းကန်နေတဲ့ လူငယ်တွေလည်း အများအပြားပါ။ အဲ့ဒီထဲက ဇွဲကောင်းတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ကရင်နီလူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို ဒီတပတ်အစီအစဉ်မှာ ရှုစားနားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"တရုတ်စီမံကိန်းတွေနဲ့ လူငယ်တွေအတွက် အခွင့်အလမ်း"

အခုတပတ်မှာတော့...တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မကြာခဏဆိုသလို နေပြည်တော်ကိုလာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးလေ့ရှိပါတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံတွေထဲမှာလည်း တရုတ်နိုင်ငံက ဒုတိယနေရာမှာ ရှိနေတာပါ။ ဒီတရုတ်စီမံကိန်းတွေအပေါ် မြန်မာလူငယ်တွေ ဘယ်လိုမြင်ကြပါသလဲ။ ဒီစီမံကိန်းတွေကနေ ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်နိုင်ပါသလဲဆိုတာ ဒီတပတ် တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အင်တာနက်မရှိတဲ့ အရပ်"

အခုတပတ်မှာတော့...အင်တာနက်သုံးစွဲခွင့်ဟာ လူသားတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်တစ်ရပ်ဖြစ်ပါတယ်။ အင်တာနက် သုံးစွဲခွင့်ရခြင်းကို ကမ္ဘာကြီးရဲ့ တံခါးချပ်တွေ ဖွင့်ကြည့်ခြင်းလို့ လက်ခံထားကြပြီး အင်တာနက်ဟာ ဗဟုသုတ စွယ်စုံရနိုင်တဲ့ နည်းပညာ စာကြည့်တိုက်ကြီး လို့တောင် တင်စားခေါ်ဝေါ်နေကြတာပါ ။အခုအချိန်လို တစ်ယောက်နဲ့ တစ်ယောက် ခပ်ကွာကွာနေရတဲ့ ကပ်ရောဂါကာလမှာ အင်တာနက်ရဲ့ အသုံးဝင်မှုကို လူတွေ ပိုသတိပြုလာကြသလို အင်တာနက် သုံးစွဲခွင့်မရသေးတဲ့ သူတွေလည်း အမြောက်အမြား ရှိနေပါတယ်။ အင်တာနက်လိုင်းမရှိတဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့က ဒေသခံလူငယ်တွေရဲ့ အသံတွေကို ဒီတပတ် ကြားရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အနာဂတ်ပျောက်နေတဲ့ ရိုဟင်ဂျာလူငယ်များ"

အခုတပတ်မှာတော့...မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို လက်ရှိနေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဝေးရာ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေဆီ ဘင်္ဂလားဒေ့ရှ်အစိုးရက စတင်ပို့ဆောင်နေပါတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံကြား ဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေ ကြန့်ကြာနေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ဒီအခြေအနေတွေကြား မျှော်လင့်ချက် အနာဂတ်ပျောက်နေတဲ့ ရိုဟင်ဂျာလူငယ်တွေရဲ့ အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရွေးကောက်ပွဲကရတဲ့ သင်ခန်းစာ"

အခုတပတ်မှာတော့....မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်ထဲဝင်ထိုင်ဖို့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြတဲ့သူတွေ ရွေးကောက်ပွဲကနေ ဘာတွေသင်ခန်းစာရလိုက်သလဲဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်လောင်းတွေရဲ့ မျှော်လင့်ချက်"

အခုတပတ်မှာတော့.... ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်လောင်းတွေရဲ့ အသံတွေကို ကြားရမှာပါ။။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကပ်ရောဂါကာလ ဆယ်တန်းကျောင်းသားတွေရဲ့ အခက်အခဲ"

အခုတပတ်မှာတော့....ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းက ကျောင်းသား တစ်ဘီလီယံကျော်ဟာ ကျောင်းခန်းထဲ ပြန်မသွားနိုင်သေးဘဲ အွန်လိုင်းကနေ စာသင်နေရပါတယ်။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံက ကျောင်းသားတွေလည်း ပါပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးစနစ်မှာ အရေးကြီးဆုံးဖြစ်တဲ့ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းစာမေးပွဲ ဖြေဆိုမယ့် ဒီနှစ် ကျောင်းသားတွေ ဘယ်လိုအခက်အခဲတွေ ရှိနေလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မျက်နှာသစ်ကိုယ်စားလှယ်လောင်းတွေ ကပ်ရောဂါကာလ ဘယ်လိုမဲဆွယ်ကြသလဲ"

အခုတပတ်မှာတော့....ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မျက်နှာသစ်လူငယ်ကိုယ်စားလှယ်လောင်းတွေဟာ ကိုယ့်ဒေသက မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံမိတ်ဆက်နိုင်ဖို့ အခက်အခဲရှိနေပါတယ်။ နေအိမ်အပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့မြို့နယ်တချို့က ကိုယ်စားလှယ်လောင်းတွေကတော့ အခုထိရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မစရသေးသလို၊ တချို့မြို့နယ်က ကိုယ်စားလှယ်လောင်းတွေလည်း လူစုလူဝေးနဲ့ မဲဆွယ်လို့မရတာကြောင့် တအိမ်တက်ဆင်းနဲ့ မဲဆွယ်နေကြပါတယ်။ လူငယ်မျက်နှာသစ်ကိုယ်စားလှယ်လောင်းတွေ ဒီကာလဘယ်လိုမဲဆွယ်နေကြသလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"တောင်ကိုးရီးယားမှာ မြန်မာသင်္ဘောသား ၁၅၀၀ ကျော်ပိတ်မိနေ"

အခုတပတ်မှာတော့....တောင်ကိုးရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသား ၁၅၀၀ ကျော်ရှိနေတဲ့ အကြောင်းကို တင်ဆက်ထားပါတယ်။ ပိတ်မိနေတဲ့သူတွေကို အစိုးရဘက်က အမြန် ပြန်ခေါ်ဖို့ အခက်အခဲတွေရှိနေသလို ပိတ်မိနေတဲ့သူတွေကလည်း အိမ်အမြန်ပြန်ရောက်ဖို့ ဆန္ဒပြင်းပြနေကြတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ခွဲခြားဆက်ဆံမှုတွေ ပိုများလာတဲ့ မြန်မာ့ရုပ်ရှင်"

အခုတပတ်မှာတော့....မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေရဲ့ စိတ်ကို ထိခိုက်နစ်နာစေတဲ့ ဇာတ်ဝင်ခန်းတွေ ပိုများလာနေတဲ့အကြောင်းကို၊ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့နဲ့ မြန်မာ့ယဉ်ကျေးမှု သုတေသနလုပ်ငန်းအဖွဲ့ MCRS တို့ ပူးပေါင်းပြီး တုန်ခြင်း၊ မှုန်ခြင်းသည်းခံပါလို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။ ဒီရုပ်ရှင်တွေကနေ အနာဂတ်လူငယ်တွေ အတုယူမမှားဖို့နဲ့ ပြင်ဆင်ဖို့လိုအပ်နေတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဗိုင်းရပ်စ်ပိုး အသံတိတ်သယ်ဆောင်နေတဲ့ လူငယ်များ"

အခုတပတ်မှာတော့.... လူငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို အသံတိတ်သယ်ဆောင်နေသူတွေ ဖြစ်လာနေပြီးတော့ မြန်မာနိုင်ငံက ရောဂါကူးစက်သူ ၆ဝ ရာခိုင်နှုန်းကျော်ဟာ ရောဂါလက္ခဏာမပြဘဲ အသံတိတ် ကူးစက်ခံနေရတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"လူငယ်ကိုယ်စားလှယ်လောင်းတွေရဲ့ အခက်အခဲ"

အခုတပတ်မှာတော့.... လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လူငယ်ကိုယ်စားလှယ်လောင်းတွေအတွက် စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ မဲဆန္ဒရှင်တွေကရော လူငယ်ကိုယ်စားလှယ်လောင်းတွေကို လက်ခံနိုင်မယ့် အနေအထားရှိသလားဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ပထမဆုံးအကြိမ်မဲပေးခွင့်ရမယ့် လူငယ်တွေ ဘယ်သူ့ကိုမဲပေးကြမလဲ"

အခုတပတ်မှာတော့.... လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်လို့ ပထမဆုံးအကြိမ်မဲပေးခွင့်ရမယ့် လူငယ်တွေရဲ့ အတွေးအမြင်တွေ မျှော်လင့်ချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကျောင်းလာတက်နိုင်ဖို့ ပိုပိုခက်လာတဲ့ အမေရိက"

အခုတပတ်မှာတော့.... နိုင်ငံတကာက ကျောင်းသားတွေကို အိမ်ပြန်ပို့ဖို့စီစဉ်နေတဲ့ အမေရိကန်သမ္မတထရမ့် အစိုးရရဲ့ မူဝါဒသစ်တွေကြောင့် ကျောင်းသားတွေ အတော်လေး ဒုက္ခရောက်နေကြတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုမှာ လာရောက်ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားတွေကို အခြေခံပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အမျိုးသမီးလို ဝတ်စားဆင်ယင်တဲ့ မြန်မာအမျိုးသားများ"

အခုတပတ်မှာတော့.... မြန်မာပြည်က LGBTQ လို့ ခေါ်တဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေ လိင်တူစုံမက်သူတွေဟာ မှောင်ရိပ်ခိုမှုနဲ့ မကြာခဏဖမ်းဆီးအရေးယူခံနေရတာကြောင့် သူတို့အတွက် အကာအကွယ်ပေးရေးဥပဒေတွေ ဖော်ဆောင်နိုင်ရေး LGBTQ အရေးလှုပ်ရှားသူတွေ တောင်းဆိုနေကြတဲ့ အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မတူကွဲပြားမှု ပြဿနာနဲ့ ယနေ့ခေတ်လူငယ်များ"

အခုတပတ်မှာတော့.... အမေရိကန်ပြည်ထောင်စုတဝှမ်း ပေါ်ပေါက်နေတဲ့ လူမျိုးရေးခွဲခြားမှု ရပ်တန့်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်နေကြတဲ့ လူငယ်တွေရဲ့ သဘောထားအမြင်တွေကိုအခြေခံပြီး တကမ္ဘာလုံးရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ မတူကွဲပြားမှုအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အခွင့်အလမ်းရှာရင်း အွန်လိုင်းမှာ စျေးရောင်းတဲ့လူငယ်များ"

အခုတပတ်မှာတော့ ကမ္ဘာကပ်ရောဂါကာလအတွင်း အခက်အခဲကြားကနေ အခွင့်အလမ်းရှာရင်း အွန်လိုင်းကနေ စျေးရောင်းနေကြတဲ့ လူငယ်တွေရဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မြန်မာပြည်မှာ လူငယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ"

အခုတပတ်မှာတော့ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံနေရတဲ့သူတွေထဲမှာ လူငယ်၊လူလတ်ပိုင်းတွေမှာ အများဆုံးပါဝင်နေတဲ့အကြောင်းကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ပြည်တော်ပြန်အလုပ်သမားတွေရဲ့ အနာဂတ်"

အခုတပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ စက်ရုံတွေပိတ်လို့ အလုပ်လက်မဲ့ဖြစ်ပြီး ပြည်တော်ပြန်လာကြတဲ့ မြန်မာနိုင်ငံသားလူငယ်တွေရဲ့ အနာဂတ်တွေ၊ သူတို့မှာပါလာတဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို ပြည်တွင်းမှာ ဘယ်လိုအသုံးချကြမလဲဆိုတာတွေကို တင်ဆက်ပေးထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ"

အခုတပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကိုထိန်းချုပ်နိုင်ဖို့ တတ်နိုင်သလောက်အိမ်ထဲမှာနေပေးကြဖို့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းနေပါတယ်။ မြန်မာအပါအဝင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျနိုင်ငံတို့မှာ ရောဂါကုသပေးနေတဲ့ ဆရာဝန်တွေနဲ့အတူ တင်ဆက်ပေးထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဗိုင်းရပ်စ်ကာလနဲ့ အိမ်ကနေအလုပ်လုပ်တဲ့ လူငယ်များ"

အခုတပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိမ်ကနေအလုပ်လုပ်နေရတဲ့ လူငယ်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို အမေရိကန်၊ အင်္ဂလန်နဲ့ ရန်ကုန်က လူငယ်တွေနဲ့အတူ တင်ဆက်ပေးထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။