သမိုင်းထဲက ပစ္စုပ္ပန်

ရဲခေါင်မြင့်မောင်
2023.09.27

အာဏာရှင်တွေ အသုံးချစရာ ဖြစ်နေတဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး

အခုနှစ် အောက်တိုဘာလမှာဆိုရင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယားသူလျှိုတွေ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ် အနှစ် ၄၀ ပြည့် ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာ မြန်မာဘက်က သံတမန်အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်က တာဝန်ခံတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်စခဲ့တာ နှစ်ကြိမ်ရှိနေပါပြီ။ ဘာကြာင့်လဲဆိုတာ အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ ကိုရဲခေါင်မြင့်မောင် တင်ပြပါလိမ့်မယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘေလ်ရစ်ချတ်ဆန်”

ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ မကြာခင်က ကွယ်လွန်သွားတဲ့ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘေလ် ရစ်ချတ်ဆန် (Bill Richardson) ရဲ့ ဈာပနအခမ်းအနားကို နယူးမက္ကဆီကိုပြည်နယ် ဆန်တာဖေးမြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။ မစ္စတာ ဘေလ် ရစ်ချတ်ဆန်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အပါအဝင် အမေရိကန်နဲ့ဆက်ဆံရေး မပြေလည်တဲ့ နိုင်ငံတွေကို လူကိုယ်တိုင်သွားရောက်ပြီး အကျဉ်းကျခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အောင်အောင်မြင်မြင် စေ့စပ်ညှိနှိုင်းနိုင်ခဲ့သူအဖြစ် နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေက လေးစားဂုဏ်ပြုနေကြပါတယ်။ မစ္စတာ ဘေလ် ရစ်ချတ်ဆန်ရဲ့ ဆောင်ရွက်ချက်တွေအကြောင်းကို ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲကပစ္စုပ္ပန် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာ့အရေး The Elders ရဲ့ ကြားဝင်ဖျောင်းဖျမှု”

ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းဟာ the Elders လို့ခေါ်တဲ့ ကမ္ဘာမှာ သြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်ကျော်များအဖွဲ့ကို ကိုယ်စားပြုပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ စစ်ခေါင်းဆောင်ကို ဂုဏ်တင်ပေးတဲ့လုပ်ရပ်အဖြစ် ဝေဖန်အပြစ်တင်မှုတွေ ရှိနေသလို၊ မြန်မာစစ်တပ်ရဲ့တိုက်ခိုက်သတ်ဖြတ်မှုတွေ ရပ်တန့်အောင် ဖျောင်းဖျနားချဖို့၊ quiet diplomacy လို့ခေါ်တဲ့ ကန့်လန့်ကာနောက်ကွယ်က စေ့စပ်ညှိနိုင်းမှုတစ်ခုအဖြစ်လည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ သုံးသပ်ကြပါတယ်။ အတိတ်က ကမ္ဘာ့နိုင်ငံရေးပြဿနာတွေ ကြားဝင်စေ့စပ်ပေးရာမှာ အောင်မြင်မှု သမိုင်းကြောင်းရှိခဲ့တဲ့ the Elders အဖွဲ့ရဲ့ ကြိုးပမ်းမှုအောင်မြင်နိုင်မလားဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန်အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ရှုတ်ချ၊ ပိတ်ဆို့အရေးယူတဲ့ အမေရိကန်နိုင်ငံခြားရေးမူ မထိရောက်”

ဧပြီလ ၁၁ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ အမြောက်အမြား သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုဟ်ကနေ နေ့မကူးဘဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ အခြေအနေတွေကို သမိုင်းထဲက ပစ္စုပ္ပန်အစီအစဉ်မှာ ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာစစ်တပ်ကို မဖိတ်တော့တဲ့ ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှု”

အမေရိကန်နဲ့ အာရှနိုင်ငံက စစ်တပ်တွေပူးပေါင်းပြီး Cobra Gold ခေါ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း ဒီစစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ်ပါဝင်ဖို့ မြန်မာစစ်တပ်က အရာရှိအချို့ကို ဖိတ်ကြားခဲ့ပေမယ့်၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖိတ်ကြားမခံရတော့တဲ့အကြောင်း ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“အင်ဒိုနီးရှားအထူးကိုယ်စားလှယ်သစ်က မြန်မာ့အရေးထွက်ပေါက်ပေးနိုင်မလား”

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ အင်ဒိုနီးရှား စစ်တပ်က အငြိမ်းစားဗိုလ်ချုပ်ဟောင်းတစ်ဦးကို အာဆီယံအထူးသံအဖြစ် မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်နေပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ ကြီးစိုးထားတဲ့ပုံစံကနေ ဒီမိုကရေစီအစိုးရအဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အတိတ်ကလည်း စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး မြန်မာနိုင်ငံကို စေလွှတ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကြံပေးခဲ့ဖူးပါတယ်။ အခုအသစ်စေလွှတ်မယ့် စစ်ဗိုလ်ချုပ်ဟောင်းကရော စစ်ကောင်စီ လက်အောက်က မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်လာအောင် ဆောင်ရွက်နိုင်မလားဆိုတာကို ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန်အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“လေကြောင်းရန်ကာကွယ်ရေး သုံးသပ်ခြင်း”

မြန်မာ့တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းရန်ကို ကာကွယ်ဖို့ လက်နက်တွေရအောင်ကြိုးပမ်းဖို့အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရေးလေ့လာသူ Anthony Davis က သုံးသပ်ပါတယ်။ နိုင်ငံတချို့မှာ အတိတ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားစနစ် နည်းဗျူဟာအချို့ကို ထောက်ပြပြီး၊ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီကို လက်တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း သုံးသပ်ထားတာကို အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန်အစီအစဉ်ကနေ ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“စစ်ရေးပဋိပက္ခမှာ ဘယ်သူတွေ အမြတ်ထွက်”

အခုအချိန်မှာ အရှေ့အလယ်ပိုင်းက ကာတာနိုင်ငံဟာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲကြောင့် အမြတ်အထွက်ဆုံး နိုင်ငံဖြစ်လာနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အလားတူ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေ၊ စီးပွားရေး ကျဆင်းမှုတွေ ကြုံနေရတဲ့ အခြေအနေတွေကြောင့်ရော ဘယ်နိုင်ငံတွေ အကျိုးအမြတ်ရှိနေသလဲ ဆိုတာကို အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ကျူးကျော်ရှင်းလင်းရေးနှင့် စစ်ကောင်စီအကျိုးစီးပွား ဘယ်လိုဆက်စပ်သလဲ”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းထားပြီးကတည်းက အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေး ဘာတစ်ခုကိုမှ အောင်အောင်မြင်မြင် မစွမ်းဆောင်နိုင်တဲ့ စစ်ကောင်စီဟာ ကျူးကျော်တွေကို ဖိဖိစီးစီးရှင်းလင်းဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အရင်အာဏာရှင် အစိုးရတွေလက်ထက်မှာလည်း အလားတူ ကျူးကျော် ပြဿနာကနေ ကြီးမားတဲ့ အကျိုးအမြတ်တွေရခဲ့တဲ့ ဥပမာတွေ ရှိခဲ့တဲ့အကြောင်း လေ့လာစောင့်ကြည့်သူအချို့က ထောက်ပြပါတယ်။ ကျူးကျော်ရှင်းလင်းရေးနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွား ဘယ်လိုဆက်စပ်မှု ရှိနေသလဲဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ဆုပ်လည်းစူး၊စားလည်းရူး အခြေအနေနဲ့ မလေးရှားရောက်မြန်မာဒုက္ခသည်များ”

မလေးရှားအစိုးရဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်တဲ့အခါ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် ခိုလှုံခွင့်လျှောက်ထားဖို့ ရောက်လာသူအချို့ကိုပါ ပြန်လည်ပို့ဆောင်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂထိပ်တန်းအရာရှိတွေက ဝေဖန်ကြပါတယ်။ မြန်မာနိုင်ငံကို ပြန်ပို့မခံရသေးတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကလည်း များပြားပြီး ဆိုးဝါးတဲ့ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်ပြီးထိန်းသိမ်းခံထားကြရပါတယ်။ ဒီလို ဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေ ကျရောက်နေတဲ့ မလေးရှားရောက် မြန်မာဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့အခြေအနေကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာ့အရေး တရုတ်နဲ့ရုရှားကြောင့် နှောင့်နှေး”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပေမယ့် ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်ခဲ့ပါဘူး။ အတိတ်ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်ကကျူးလွန်တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာတိုင်း လုံခြုံရေးကောင်စီမှာ အခုလိုပဲ အကြိတ်အနယ်ဆွေးနွေးပြောဆိုကြပြီးရင် တရုတ်နဲ့ရုရှားရဲ့ ကန့်ကွက်မှုကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုမရှိဘဲ အဆုံးသတ်သွားတဲ့သမိုင်း ရှိခဲ့တဲ့အကြောင်း အခုတစ်ပတ် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုများ"

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်အတွက် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ် ထပ်ပြီး ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့ တရားရုံးတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးအတွက် လျှို့ဝှက်စစ်ဆေးပြီး ပြစ်ဒဏ်တွေ ချမှတ်နေတဲ့ အမှုတွေအကြောင်းကို အခုတစ်ပတ် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာစစ်အာဏာရှင်တွေနဲ့ ကုလအထူးသံတမန်များ”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံ မစ္စ နိုလင်းဟေဇာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ဒီကုလသမဂ္ဂအထူးသံ ရာထူးကို ရုပ်သိမ်းဖို့ မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။ ကုလသမဂ္ဂဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအကြား စေ့စပ်ညှိနှိုင်းစေခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တာကို ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“မြန်မာ၊ ရုရှား၊ အာဆီယံကြားက လက်နက်ရောင်းဝယ်မှုဆက်ဆံရေး”

လက်ရှိအချိန်မှာ ရုရှားနိုင်ငံဟာ အရှေ့တောင်အာရှကို လက်နက်အများဆုံးတင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး Stockholm International Peace Research Institute အဖွဲ့ရဲ့စာရင်းတွေအရ မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရုရှားလက်နက်တွေကို အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ ရုရှားနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်လာခဲ့ပေမယ့်၊ ရုရှားနိုင်ငံရဲ့နိုင်ငံခြားရေး မူဝါဒဟာ ရုရှား လက်နက်နဲ့ နည်းပညာတွေ ရောင်းရဖို့အတွက်ပဲ အဓိကထားတာ ဖြစ်တယ်လို့ စင်္ကာပူအခြေစိုက် ယူစွတ်အိုက်ဆက် (ISEAS Yusof Ishak Institute) နိုင်ငံတကာလေ့လာရေးသုတေသနအဖွဲ့က သုံးသပ်ထားတဲ့အကြောင်း အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“သေဒဏ်စီရင်ခဲ့တဲ့ အာဏာရှင်တွေရဲ့ နိဂုံး”

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်၊ အာဏာရှင် အစိုးရတွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို မျှတတဲ့တရားစီရင်မှု မရှိပဲ သေဒဏ်ပေး ကွပ်မျက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ရေပ်တွေကနေ တရားမျှတမှုရဖို့ ဘယ်လို ဆောင်ရွက်ခဲ့ကြသလဲဆိုတာကို အခုတစ်ပတ်မှာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“ ရုရှားစစ်ဗျူဟာကို ပုံတူကူးဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်”

အခုအချိန်မှာ ကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံလို့ ရှုမြင်ထားကြတဲ့ ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာ ငါးလနီးပါး ကြာလာပေမယ့် စစ်ပွဲအဆုံးမသတ်နိုင်သေးတာဟာ အများက ထင်သလောက် အင်အားမရှိတဲ့ ရုရှားစစ်တပ်ရဲ့ အားနည်းချက်ကို ပေါ်လွင်လာစေတယ်လို့ The Economist မဂ္ဂဇင်းက သုံးသပ်ရေးသားလိုက်ပါတယ်။ သမိုင်းတစ်လျှောက်မှာဆိုရင် ရုရှားစစ်တပ်ဟာ deterrence strategy လို့ခေါ်တဲ့ ရန်သူဘက်က စတင်တိုက်ခိုက်လာတာမျိုး မလုပ်ရဲအောင် ကြိုတင်ဟန့်တားတဲ့ မဟာဗျူဟာကို ကျင့်သုံးပြီး၊ ဝါဒဖြန့်ချိမှုတွေကြောင့် အခုလို ပိုပြီး အင်အားရှိသယောင် ထင်နေရတာလို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ အကျင့်ပျက်ခြစားမှုတွေ၊ တပ်သားတွေ စွန့်ခွာထွက်ပြေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာလည်း ဒီရုရှားစစ်တပ်ရဲ့ ဗျူဟာကို ပုံတူကူးဖို့ ကြိုးစားနေတာဖြစ်တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“လူ့အခွင့်အရေး လေးစားလိုက်နာဖို့ စစ်ကောင်စီ တာဝန်ပျက်ကွက်နေ”

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း UDHR အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်စာတမ်းတွေကို လက်မှတ်ရေးထိုးထားပေမယ့်၊ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဒီနိုင်ငံတကာ သဘောတူညီချက်တွေကို လျစ်လျူရှုပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဆက်တိုက်ကျူးလွန်နေပါတယ်။ တစ်ဖက်မှာလည်း သူတို့ကိုယ်ကို အိမ်စောင့်အစိုးရလို့ ခေါ်ဝေါ်နေတဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုတဲ့အတွက် စစ်ကောင်စီဟာ အစိုးရတစ်ရပ်အနေနဲ့ ဒီလူ့အခွင့်အရေး သဘောတူညီချက်တွေကို လိုက်နာအောင် တာဝန်ရှိမှုတွေကနေ ကင်းလွတ်ခွင့်ရနေသလားဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“လိင်တူချစ်သူများမုန်းတီးမှုပပျောက်ရေးနေ့နဲ့ မြန်မာပြည်ကလိင်တူချစ်သူတွေရဲ့ဘဝ”

မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများကို မုန်းတီးမှုပပျောက်ရေးအထိမ်းအမှတ်နေ့ အိုင်ဒါဟိုဒေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ LGBTလို့ ခေါ်ကြတဲ့ လိင်တူချစ်သူတွေအတွက် အတားအဆီးတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလ အရပ်သားအစိုးရ သက်တမ်းတွေအတွင်းမှာ အကောင်းဘက်ကို အပြောင်းအလဲတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ LGBT တွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အခြေအနေဆီ နောက်ပြန်ဆုတ်သွား ပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


“နာဂစ်ရဲ့ သမိုင်းသင်ခန်းစာတွေကို မေ့လျော့သွားတော့မလား”

ပြီးခဲ့တဲ့ မေလ ၃ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး သဘာဘေးအန္တရာယ် ကျရောက်မှု ဖြစ်တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတာ ၁၄နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီ State Peace and Development Council စစ်အစိုးရဟာ မုန်တိုင်းဝင်ရောက်တဲ့ ဒေသတွေက ပြည်သူတွေကို ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ မလုပ်ပေးနိုင်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အပြင်၊ မုန်တိုင်း ဒဏ်ခံ ပြည်သူတွေအတွက် နိုင်ငံတကာက ပေးတဲ့ အကူအညီတွေကို ဝင်ရောက်ခွင့်ပေးဖို့ နှောင့်နှေးခဲ့တာ၊ သူတို့ စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မရမက အတည်ပြုခဲ့တဲ့ လုပ်ရပ်တွေ အားလုံးဟာ လက်ရှိ စစ်ကောင်စီရဲ့ ခါးသီးတဲ့ ဖိနှိပ်မှုတွေအောက်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီလားဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


"ရုရှား-ယူကရိန်း ပထဝီနိုင်ငံရေး"

အခုဆိုရင် ရုရှားနိုင်ငံကနေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲဟာ ၂၁ရာစုမှာ ထိခိုက်ဆုံးရှုံးမှု အများဆုံး စစ်ရေးပဋိပက္ခတစ်ခု ဖြစ်လာနေပါတယ်။ အနောက်နိုင်ငံတွေနဲ့ တစ်စထက်တစ်စ ပိုပြီး နီးစပ်လာနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားသြဇာခံအဖြစ် ဆက်လက်ထားရှိဖို့ ကြိုးပမ်းတာဟာ ကျူးကျော်စစ်ရဲ့ အဓိကအကြောင်းပြချက် ဖြစ်တယ်လို့ နိုင်ငံတကာရေးရာကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။ အခုအချိန်မှာ အင်အားကြီး နိုင်ငံတွေအတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံငယ်တွေရဲ့ ရှေ့ရေးဟာ စိုးရိမ်ပူပန်စရာ ဖြစ်လာတဲ့အကြောင်း ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်


"ICJ တရားရုံးက စစ်ဆေးဆုံးဖြတ်ခဲ့တဲ့ အတိတ်က လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်များ"

အခုဆိုရင် နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ အမှုအတွက် ကြားနာ စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် ကျွမ်းကျင်သူ တစ်ဦးကတော့ ICJ တရားရုံးအနေနဲ့ ဒီအမှုကို စီရင်စစ်ဆေးခွင့် မရှိကြောင်း မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ပေးခဲ့တာဟာ ဆီလျှော်မှု မရှိဘူးလို့ပြောပါတယ်။ အတိတ်က လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်တွေကို လေ့လာသုတေသန ပြုခဲ့ပြီး၊ အမေရိကန် အစိုးရရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဟုတ်မဟုတ် ဆုံးဖြတ်ချက်ပေးတဲ့ ခုံရုံးမှာ ပါဝင်ခဲ့တဲ့ ပါမောက္ခ Gregory Stanton က သမိုင်းထဲက လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ် သုံးသပ်ထားတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်


"စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထိရောက်မှုရှိရဲ့လား"

ဒီတပတ်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို နိုင်ငံတကာကနေ ဖိအားပေး အရေးယူဖို့ ကြိုးပမ်းတဲ့နေရာမှာ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်တာကို အရေးကြီးတဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုနေတာ တွေ့နိုင်ပါတယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံဟာ ၁၉၉၀ ခုနှစ် အစောပိုင်းလောက်ကတည်းက စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ စတင်ခဲ့ပေမယ့်၊ အုပ်ချုပ်သူ စစ်အစိုးရကို မထိခိုက်တဲ့အတွက် ထိရောက်မှု မရှိခဲ့ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခု အာဏာသိမ်း စစ်ကောင်စီကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကရော အမှန်တကယ် ထိရောက်မှု ရှိပါ့မလား ဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ခုတစ်ပတ် သမိုင်းထဲက ပစ္စုပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်


"ဒီမိုကရေစီဟာ ဘယ်တော့မှ မကျဆုံးဘူးလို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြောကြား"

ဒီတပတ်မှာတော့ အခုအချိန်မှာ ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းနေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီမိုကရေစီ ထိပ်သီး ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကျဆုံးမှာ မဟုတ်ပေမယ့်၊ အရေးတကြီး ကာကွယ်ရမယ့်အချိန်ရောက်နေပြီလို့ သုံးသပ်ကြတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်


"တော်လှန်ရေးလုပ်ဖို့ ငွေတိုက်စာချုပ်ရောင်းပြီး ရန်ပုံငွေရှာခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်များ"

ပြီးခဲ့တဲ့လကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ရောင်းချနေတဲ့ ငွေတိုက်စာချုပ် တွေဟာ၊ ဝယ်ယူသူတွေအတွက် အကျိုး အမြတ် တစ်စုံတစ်ရာ ရဖို့ အာမခံချက် မရှိပေမယ့် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် တော်လှန်ရေး လှုပ်ရှားမှုတွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေ ရစေမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အလားတူ အာဏာရှင် ဆန့်ကျင် တော်လှန်ရေး ရန်ပုံငွေအတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းပြီး ရှာဖွေခဲ့တဲ့ ဖြစ်ရပ်တွေရှိတဲ့အကြောင်း RFA ဝိုင်းတော်သားကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ်သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်


"ဒန်နီဖန်းစတားလွတ်မြောက်မှု ပြည်တွင်း သတင်းသမားတွေအတွက် ဘာအကျိုးရှိသလဲ"

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်းစတား ဟာ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတွေကြောင့် ပြန်လည်လွတ်မြောက်လာပေမယ့်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ပြည်တွင်း သတင်းသမား ၄၃ ဦးကတော့ အကျဉ်းထောင်ထဲမှာ ကျန်နေသေးတယ်လို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက်တွေ နဲ့ အရှိန်အဝါရှိတဲ့ သတင်းဌာနတွေက သတင်းသမားတွေကို နိုင်ငံရေး ဖိအားကြောင့် ပြန်လွှတ်ပေးခဲ့ပေမယ့်၊ အလားတူ ဖမ်းဆီးခံ ပြည်တွင်း သတင်းသမားတွေအတွက်တော့ တရားမျှတမှု ရဖို့မလွယ်ကူတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်


"အာဏာရှင်ချင်းတူပေမယ့် အာဆီယံထိပ်သီးညီလာခံ တက်ခွင့်မရတဲ့ စစ်ခေါင်းဆောင်"

မြန်မာနိုင်ငံမှာ အတိတ်က စစ်အစိုးရ အဆက်ဆက်ဟာ အာဆီယံထိပ်သီးအစည်းအဝေး စင်မြင့်ကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာက လက်ခံ အသိအမှတ်ပြုမှု ရအောင် ကြိုးပမ်းခဲ့တယ်လို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတော့ မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုမှု မရသေးသလို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ကိုလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီနဲ့ အတိတ်က စစ်အစိုးရတွေရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အခြေအနေတွေကို အခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်မှာ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က နှိုင်းယှဉ် သုံးသပ်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းခွင့်ကို နိုင်ငံတကာ ဖိအားလျော့ဖို့ စစ်ကောင်စီ အသုံးချနေ"

နိုင်ငံရေး အကျဉ်းသား အမြောက်အမြားကို အာဏာသိမ်း စစ်ကောင်စီက အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးနေတာဟာ စစ်မှန်တဲ့ စိတ်စေတနာကြောင့် မဟုတ်ဘဲ နိုင်ငံတကာ ဖိအားတွေလျှော့ချဖို့ ရည်ရွယ်တာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အတိတ်က စစ်အစိုးရတွေဟာလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့ ကိစ္စကို နိုင်ငံတကာ ဆက်ဆံရေးအတွက် အသုံးချစရာ ဖဲချပ်တစ်ခုလို အသုံးပြုခဲ့တဲ့ သာဓကတွေ ရှိခဲ့တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က အခုတစ်ပတ် သမိုင်းထဲက ပစ္စုပန် အစီအစဉ်မှာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်


"အာဏာသိမ်းပြီးနောက်ပိုင်း သီလဝါ ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်း အလားအလာ"

ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ တည်ဆောက်ပြီး၂၀၁၃ ခုနှစ်က ဖွင့်လှစ်လိုက်တဲ့ သီလဝါ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ထိုင်းနိုင်ငံက လန်ချာဘန် ဆိပ်ကမ်းနဲ့ စက်မှုဇုန်လို နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းတစ်ခု ဖြစ်လာမယ့် အလားအလာကောင်းတွေ ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုဟာ ခုလို အလားအလာကောင်းတွေ ရှိနေတဲ့ စီမံကိန်းအပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ခုတစ်ပတ် သမိုင်းထဲက ပစ္စုပန် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မြန်မာ့အရေး ဆီးရီးယား ပြည်တွင်းစစ်လို ဖြစ်လာနိုင်သလား"

မြန်မာစစ်တပ်ဟာ ကိုယ့်နိုင်ငံက ပြည်သူတွေကို ဖိနှိပ်မှုနဲ့ သတ်ဖြတ်မှုတွေကို မရပ်တန့်ရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ပြည်တွင်းစစ်ပုံစံ ဖြစ်လာပြီး၊ ဆီးရီးယားပြည်တွင်းစစ်လို ဖြစ်လာနိုင်တယ်လို့ ကုလသမဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာ မင်းကြီး မီရှဲလ် ဘက်ရှက်က ပြီးခဲ့တဲ့ အင်္ဂါနေ့က သတိပေး ပြောကြားလိုက်ပါတယ်။ ပြည်တွင်း ပဋိပက္ခ အဖြစ်ကနေ အင်အားကြီးနိုင်ငံတွေပါ ပါဝင်တိုက်ခိုက်လာတဲ့ ကာလရှည် စစ်ပွဲ တစ်ခုအဖြစ် ကူးပြောင်းသွားတဲ့ ဆီးရီးယား ပြည်တွင်းစစ် အဖြစ်အပျက်တွေကနေ မြန်မာနိုင်ငံအတွက် ဘယ်လို သင်ခန်းစာတွေ ရနိုင်မလဲဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ခေါင်းဆောင်တွေ ညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး အာဏာရှင်ကို တော်လှန်ဖို့ နိုင်ငံရေးသုတေသီ ပြော"

မြန်မာနိုင်ငံရဲ့ သမိုင်းကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းနဲ့ လူထုလှုပ်ရှားမှုကြီးဟာ အတိုက်အခံ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားပေးလိုက်ပါတယ်။ အခု ဖြစ်ပွားနေတဲ့၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုနဲ့ လူထုလှုပ်ရှားမှုတွေ အတွင်းမှာလည်း ဒေါက်တာဆာဆာလို လူထုခေါင်းဆောင်အချို့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီမျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ ဘယ်လို ကွာခြားချက်ရှိမလဲ ဆိုတာ နှိုင်းယှဉ် သုံးသပ်ပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"လူမျက်နှာပုံရိပ် မှတ်တမ်းတင်နိုင်တဲ့ နည်းပညာရဲ့ နောက်ဆက်တွဲဆိုးကျိုးများ"

စီစီတီဗီ ကင်မရာကနေရတဲ့ လူမျက်နှာပုံရိပ်တွေကို အသုံးပြုပြီး၊ လူတစ်ဦးချင်းကို မှတ်တမ်းတင်ထားလို့ ရမယ့် facial recognition နည်းပညာကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုမှုရှိနေပြီ ဖြစ်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီဟာ ဒီနည်းပညာကို တလွဲအသုံးချလာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒီအဆင့်မြင့်နည်းပညာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘယ်လိုရှိလာနိုင်တယ်ဆိုတာကိုတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"သမ္မတဖြစ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာလရှည်ကြာရည်မှန်းခဲ့"

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာချိန်မှာ အာဏာသိမ်းမှုအတွက် တာဝန်အရှိဆုံးသူအဖြစ် ရှုမြင်ကြတဲ့ တပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ဝေဖန်ရှုတ်ချမှုတွေ မြင့်တက်နေပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ စစ်ရေး လေ့လာသုံးသပ်သူ Anthony Davis ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အချိန် တော်တော်ကြာကတည်းက မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာဖို့ ရည်မှန်းချက်ရှိခဲ့တယ်လို့ သုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်အချို့ကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"မြေနေရာယူထားပြီး အကောင်အထည်မဖော်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ဖို့လို"

ဒီတပတ်မှာတော့..မြန်မာနိုင်ငံမှာ အကြီးစားစီမံကိန်းတွေ တည်ဆောက်ဖို့ မြေနေရာ ရယူထားပေမယ့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် မြန်မာနိုင်ငံဘက်က စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ ဖြစ်ရပ်အချို့ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အကျိုးစီးပွားချင်း ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ဟာ မြန်မာနိုင်ငံက အရေးပါတဲ့ နေရာဒေသတွေမှာ မြေနေရာတွေယူပြီး စာချုပ်တွေ ချုပ်ဆိုထားပေမယ့်၊ အမှန်တကယ် အကောင်အထည် ဖော်ဆောက်ရွက်ခြင်း မရှိတဲ့ စီမံကိန်းတွေနဲ့ ပက်သက်ပြီး နိုင်ငံ့အကြီးအကဲတွေအနေနဲ့ သတိထားကိုင်တွယ်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"လွတ်လပ်ရေးနေ့အပေါ် မတူညီတဲ့ ရှုမြင်ပုံများ"

ဒီတပတ်မှာတော့..အခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးဟာ နှစ်ပေါင်း ၇၃ နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံက တိုင်းရင်းသားဒေသ အချို့မှာတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရကို အပြည့်အ၀ မခံစားရသေးဘူးလို့ တိုင်းရင်းသားတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ပတ်သက်ရင် ဗမာလူများစုနဲ့ တိုင်းရင်းသားတွေအကြားမှာ မတူညီတဲ့ ရှုမြင်ပုံတွေ ရှိနေတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"၀င်ငွေနည်းနိုင်ငံတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးရဖို့ အလားအလာ"

ဒီတပတ်မှာတော့..မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးရဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဂါဗီး လို့ခေါ်တဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေး မဟာမိတ် အဖွဲ့တွေနဲ့ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ တနိုင်ငံချင်း ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ဖို့ ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်ကတော့ လုံလောက်တဲ့ ကာကွယ်ဆေးရဖို့ အခြေအနေ ဘယ်လိုရှိမလဲဆိုတာတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ဘာဆန်ချာကျွန်းကို ပြောင်းဖို့ ရိုဟင်ဂျာတွေ ဖိအားပေးခံနေရ"

ဒီတပတ်မှာတော့..ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလောက်ကို ဘာဆန်ချာ ဆိုတဲ့ ကျွန်းပေါ်ကို ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်နေတဲ့အထဲက ပထမဆုံးအသုတ်ကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ကျွန်းပေါ်ကို ပို့ဆောင်နေပါတယ်။ ဒီကျွန်းဟာ မိုးတွင်းကာလမှာ ရေကြီး ရေနစ်မြုပ်ခံရနိုင်တဲ့ အခြေအနေ ရှိနေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပေမယ့်၊ နိုင်ငံတကာမှာ အလားတူ ပြည်ပကဝင်လာတဲ့ ဒုက္ခသည်တွေကို သီးခြား ကျွန်းတွေကို ပို့ပြီး ထိန်းသိမ်းထားတဲ့ သာဓကတွေ ရှိနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုပ်ရပ်ကို ဝေဖန်ဖို့ ခက်ခဲနေတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"၁၉၈၈ နောက်ပိုင်း မြန်မာ-အမေရိကန် ဆက်ဆံရေး"

ဒီတပတ်မှာတော့..အခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲအများစုနဲ့အနိုင်ရထားတဲ့ သမ္မတသစ် ဂျိုးဘိုင်ဒင်ဟာ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ မစ္စတာ Anthony Blinkin ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒင် လက်ထက်မှာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"၁၉၉၀ ရွေးကောက်ပွဲက ပေးတဲ့ သမိုင်းသင်ခန်းစာ"

ဒီတပတ်မှာတော့..၂၀၂၀ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလိုမှာ တပ်မတော်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တာဟာ NLD ပါတီအနေနဲ့ ထပ်ပြီး တောင်ပြိုကမ်းပြို အနိုင်ရဖို့ အကြောင်းရင်းတစ်ခု ဖြစ်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ မစ္စ Priscillla Clapp က ပြောကြားလိုက်ပါတယ်။ NLD ပါတီဟာ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ အလားတူ အနိုင်ရခဲ့ပေမယ့် အာဏာသိမ်း စစ်အစိုးရက လက်မခံဘဲ အာဏာရယူထားခဲ့တဲ့နောက် ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြည်သူတွေက မမေ့ကြသေးတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ပုဂ္ဂိလ်ရေးကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ်ရဲ့ အန္တရာယ်"

ဒီတပတ်မှာတော့..ထိုင်းနိုင်ငံမှာ ကိုရိုနာကပ်ရောဂါကြောင့် အတားအဆီးတွေ ရှိနေတဲ့ကြားက သောင်းနဲ့ချီတဲ့ လူငယ်တွေ တက်ကြွလှုပ်ရှားသူတွေ လက်ရှိဘုရင်စနစ်ကို ပြောင်းလဲဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ထိုင်းနိုင်ငံက အဖြစ်အပျက်တွေကို ကြည့်ရင် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ်မျိုးဟာ အန္တရာယ်ရှိကြောင်း မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာရစေတယ်လို့ လူငယ်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"အာဏာရှင်စနစ် တကျော့ပြန်လာမှာလား"

ဒီတပတ်မှာတော့..မြန်မာနိုင်ငံမှာ လက်ရှိအာဏာရပါတီရဲ့ အခြေအနေဟာ အတိတ်က ပါလီမန် ဒီမိုကရေစီခေတ်ဦးက ဝန်ကြီးချုပ်ဦးနု အစိုးရနဲ့ ဆင်တူနေတယ်လို့ မြန်မာ့အရေး လေ့လာသုတေသနပြုနေတဲ့ သုတေသီတစ်ဦးက သုံးသပ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်ပါတီက ရွေးကောက်ပွဲ အနိုင်ရသည်ဖြစ်စေ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို မဖြေရှင်းနိုင်သရွေ့ အာဏာရှင်စနစ် တကျော့ပြန်လာဖို့ ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"သမိုင်းမှာ ကြုံခဲ့ရတဲ့ ကပ်ရောဂါဒုတိယလှိုင်း"

ဒီတပတ်မှာတော့..မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်ချိန်မှာ ကိုရိုနာ ကပ်ရောဂါ ဒုတိယလှိုင်းအဖြစ်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် တဟုန်ထိုး တိုးလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အတိတ်က စပိန်တုပ်ကွေး ကပ်ရောဂါ ဖြစ်တဲ့အချိန်မှာ လူစုလူဝေး အခမ်းအနားတွေကို မဖျက်သိမ်းဘဲ ဆက်လက်ကျင်းပခဲ့တဲ့အတွက် ကပ်ရောဂါ ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့ခဲ့တဲ့ သာဓကတွေကလည်း ရှိနေပါတယ်။ အခုကိုရိုနာကပ်ရောဂါ ဒုတိယလှိုင်းဖြစ်နေချိန်မှာ ရွေးကောက်ပွဲနဲ့ မဲဆွယ်စည်းရုံးမှုတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျင်းပပြုလုပ်ဖို့ ဖြစ်နိုင်မလားဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"သေနင်္ဂဗျူဟာကျ နေရာများကို ထိန်းချုပ်ခြင်း "

ဒီတပတ်မှာတော့..ထိုင်းနိုင်ငံမှာ ၁၆ရာစုလောက်ကတည်းက တည်ဆောက်ဖို့ စိတ်ကူးပြီး မလုပ်ဖြစ်ခဲ့တဲ့ ကရာတူးမြောင်း စီမံကိန်းကို တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖောက်လုပ်ခွင့်ပေးဖို့ စီစဉ်ထားတာကို ဖျက်သိမ်းဖို့တောင်းဆိုနေကြပါတယ်။ အတိတ်က နေမဝင်အင်ပါယာ တည်ထောင်နိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ အလားတူ ရေကြောင်းသွားလာရေးအတွက် အရေးပါတဲ့ နေရာတွေကို သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် အင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းထားတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာလည်း အလားတူဖြစ်လာမလားလို့ စိုးရိမ်ပူပန်နေကြတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ သီးခြားနိုင်ငံ ခွဲထွက်ခြင်း"

ဒီတပတ်မှာတော့..အခုလို စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေချိန်မှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင်ရရေးကိစ္စတွေဟာ အလေးထားဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။ ဒီညီလာခံမတိုင်ခင် ရက်ပိုင်းကပဲ မြန်မာအစိုးရအနေနဲ့ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဆန္ဒမရှိရင် သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခွင့်ပေးရမယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အတိတ်ကို ပြန်ကြည့်ရင် ဒီလို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မူကို စွဲကိုင်ပြီး သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခဲ့တဲ့ နိုင်ငံတွေ အောင်မြင်မှုရခဲ့သလား။ လက်ရှိ ကမ္ဘာ့အခြေအနေတွေအရကော အောင်မြင်မှုရနိုင်မလားဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ပြည်တော်ပြန်လာသူတွေအတွက် နေရာ"

ဒီတပတ်မှာတော့.. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာတွေကို ပြည်တော်ပြန်လာပြီး နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပေမယ့် လက်တွေ့မှာတော့ ပြည်တော်ပြန်လာတဲ့ မြန်မာတွေဟာ အခက်အခဲအမျိုးမျိုး ကြုံနေရတဲ့အပြင်၊ ပြည်တွင်းက ရှိနှင့်ပြီးသူတွေရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ ကြိုးပမ်းတာတွေ ကြုံနေရပါတယ်။ အတိတ်ကို ပြန်ကြည့်ရင် တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်း အလားတူ အခြေအနေတွေကို ကြုံခဲ့ရပြီး၊ ပြည်တော်ပြန်တွေရဲ့ စွမ်းအားကို အပြည့်အ၀ အသုံးချနိုင်ဖို့ ဘယ်လို ကြိုးစားခဲ့ကြသလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


"ရေမဆေးကျောက်ရှာသူတွေ ဥပဒေရဲ့ အကာအကွယ် ရနိုင်မလား"

ဒီတပတ်မှာတော့.. ဖားကန့်ဒေသမှာ မြေစာပုံပြိုကျတဲ့ ဖြစ်ရပ်တွေကြောင့် ရေမဆေးကျောက်ရှာသူတွေ ရာနဲ့ချီပြီး နှစ်စဉ်နှစ်တိုင်း သေဆုံးနေရပေမယ့်၊ ဒီရေမဆေး ကျောက်ရှာသူအများစုဟာ တရားမဝင် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် တည်ဆဲဥပဒေတွေအရ အကာအကွယ်မရနိုင်ဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ အလားတူပဲ နိုင်ငံတကာမှာကော ဘေးအန္တရာယ်များတဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ တရားမဝင် တူးဖော်လုပ်ကိုင်နေတဲ့ ပြည်သူတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဘယ်လိုလုပ်ပေးထားသလဲ ဆိုတာကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့.. ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကမ္ဘာတဝှမ်းမှာ လူဖြူလူမည်း ခွဲခြားမှု ဆန့်ကျင်ရေး Black Lives Matters လှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာတာနဲ့ အမျှ အတိတ်က ထင်ရှားတဲ့ လူပုဂ္ဂိုလ်အချို့အတွက် ဂုဏ်ပြုစိုက်ထူထားတဲ့ ရုပ်တုတွေကို ဖြိုချတာ၊ အချို့နေရာတွေမှာ အာဏာပိုင်တွေ ကိုယ်တိုင်က ဖယ်ရှားပေးလိုက်ရတာတွေ ဖြစ်နေပါတယ်။ အတိတ်က ဂုဏ်ပြုထိုက်သူလို့ လက်ခံထားသူအချို့ဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လူထုတရပ်လုံးကို ကိုယ်စားမပြုတော့တဲ့ အခြေအနေ ရောက်လာရင် ဂုဏ်ပြုခံနေရာကနေ ဖယ်ရှားခံရတဲ့ အခြေအနေရှိနေတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့.. မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုမှာ ကုလသမဂ္ဂ အဖွဲ့ကြီးက ထောက်ခံထားတဲ့ Universal jurisdiction ဆိုတဲ့ သဘောတရားအရ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။ Universal Jurisdiction ဆိုတဲ့ သဘောတရားကို အခြေခံပြီး အတိတ်က နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုပြီး အပြစ်ပေးနိုင်ခဲ့တဲ့ သာဓကတွေ ရှိတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့.. ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ဆက်စပ် ဖြစ်စဉ်တွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွားရေး ကျဆင်းမှုတွေ ကြုံနေရချိန်မှာ စီးပွားရေး ပြန်ပြီးနာလန်ထူနိုင်ဖို့ အစိုးရက သင့်တော်မှန်ကန်တဲ့ နည်းဗျူဟာတွေ ချမှတ်အကောင်အထည်ဖော်ဖို့ လိုတယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားကြပါတယ်။ အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တဲ့ ၁၉၃၀ ကမ္ဘာ့ စီးပွားပျက်ကပ်ကာလအတွင်းမှာ ဂျာမနီနဲ့အမေရိကန်နိုင်ငံက အာဏာရအစိုးရတွေဟာ စီးပွားရေး ပြန်ပြီး နာလန်ထူလာဖို့ မတူညီတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီနိုင်ငံတွေရဲ့ လုပ်ရပ်တွေကြောင့် သက်ဆိုင်ရာ နိုင်ငံတွေတင်မကပဲ တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို တဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ သာဓကတွေအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့.. ကိုရိုနာရောဂါ ဖြစ်ပွားမှုတွေ အဆုံးမသတ်သေးတဲ့အပြင်၊ နောက်ထပ် ဒုတိယအကြော့ ပြန်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ၊ နိုင်ငံအချို့ကတော့ herd immunity လို့ ခေါ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါပိုးကို ခံနိုင်ရည်ရှိလာဖို့ မျှော်မှန်းနေကြပါတယ်။ ဒီလိုရှိလာအောင် ကြိုးစားတာဟာ ကိုရိုနာကပ်ရောဂါကို ရပ်တန့်သွားဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်မလားဆိုတာကို သမိုင်းထဲက အလားတူ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့.. နိုင်ငံတနိုင်ငံမှာ စစ်ပွဲတွေ၊ ကပ်ရောဂါ ဘယ ဖြစ်ပွားမှုတွေနဲ့ အစိုးရရဲ့ မူဝါဒ အပြောင်းအလဲတွေ ကြုံရတိုင်း အဲဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေး အခြေအနေတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ လာပါတယ်။ ပထဝီဝင်ပညာရပ်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေကို Population Pyramid လို့ခေါ်တဲ့ လူဦးရေ ပိရမစ် ရေးဆွဲကြည့်တဲ့အခါမှာ အတိတ်က သမိုင်းဝင်ဖြစ်ရပ်တွေရဲ့ သက်ရောက်မှုကို ထင်ထင်ရှားရှား တွေ့ရပြီး၊ သင်ခန်းစာယူစရာတွေ တွေ့နိုင်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့..ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်ကလည်း အလားတူ စပိန်တုပ်ကွေးလို့ ခေါ်တဲ့ ကပ်ရောဂါတစ်မျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ ဒီ စပိန်တုပ်ကွေးရောဂါပိုးဟာ အဲဒီအချိန်က တကမ္ဘာလုံး လူဦးရေရဲ့ သုံးပုံတစ်ပုံအထိအောင် ကူးစက်ပျံ့နှံ့ခဲ့ပြီး၊ လူသန်း ၅၀လောက်အထိ ဒီရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ မျက်မှောက်ခတ် သမိုင်းကြောင်း တလျှောက်မှာ အဆိုးဆုံး ကပ်ရောဂါအဖြစ် ကျရောက်မှုအဖြစ် သတ်မှတ်ထားတဲ့ ဒီအဖြစ်အပျက်ကနေ ဘယ်လို သင်ခန်းစာတွေများရနိုင်မလဲဆိုတာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။