မတူသော ချစ်ခြင်း

2020-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပတ်လောက်သာကျန်တော့တဲ့အချိန်အထိ မြို့ပြမဟုတ်တဲ့နေရာတွေမှာ နေထိုင်ကြသူတွေဟာ မဲထွက်ပေး မပေး၊ မသေမချာဖြစ်နေသေးသလို ပေးမယ်ဆိုရင်တောင် ဘယ်ပါတီကို မဲပေးရမလဲ မဝေခွဲနိုင်သေးသူတွေ ရှိနေပါတယ်။ နယ်ကျေးလက်တွေမှာနေထိုင်သူလူဦးရေ ပိုများတာမို့ ရွေးကောက်ပွဲအခြေအနေဟာ အဲဒီလိုလူတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဆေးရုံ၊ ဆေးခန်းတွေက စွန့်ပစ်ပစ္စည်းတွေဟာ လူတွေကို အန္တရာယ်ပြန်ဖြစ်စေနိုင်တဲ့အကြောင်း မခက်မာ က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဒီနှုန်းအတိုင်းဆက်ပြီး ကူးစက်နေရင် စက်တင်ဘာလကုန်မှာ လူပေါင်း ၁ သောင်း ၆ ထောင်ကို ရောဂါကူးစက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်းနေကြတဲ့အကြောင်း RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးကို ဒီနှစ်အကုန်မှာ ဖြန့်ဝေမယ်လို့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က ပြောဆိုထားပါတယ်။ အဲဒီဆေးတွေထဲက ဘယ်ဆေးကို မြန်မာလူမျိုးတွေ သုံးခွင့်ရပြီး ဘယ်လောက်အထိ အကျိုးသက်ရောက်စေမလဲ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရန်ကုန်မြို့မှာ မိုးရာသီဆိုရင် ပြည်သူလူထုဟာ နှစ်စဉ်ကားလမ်းတွေ အိမ်တွေမှာရေလွှမ်းတဲ့ အန္တရာယ်ကိုရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် အဓိကအကြောင်းရင်းဟာ ရေမြောင်းတွေဖြစ်ပြီး ရေလျှံတာကို ရေမြောင်းစနစ်နဲ့ ထိန်းချုပ်ရာမှာ လိုက်နာသင့်တာတွေကို RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်ထဲမှာတင် အပူချိန်စံချိန်တင်မြင့်တက်တာ၊ မိုးကြီးမြေပြိုတာနဲ့ မိုးခေါင်တာတွေဖြစ်ခဲ့ပါတယ်။ သစ်ပင်သစ်တောတွေ ဆုံးရှုံးရတာကို မထိန်းချုပ်နိုင်သေးသ၍ ဒီလိုသဘာဝဘေးအန္တရာယ်တွေ နှစ်စဉ်ကြုံနေရဦးမယ်ဆိုတဲ့အကြောင်း မခက်မာ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကမ္ဘာမှာ မြန်မာနိုင်ငံလို ကျောက်စိမ်းထွက်တဲ့နိုင်ငံတွေ ရှိပေမယ့် မြန်မာပြည်ကလို ကြေကွဲဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ တွေ့ရလေ့မရှိပါဘူး။ ကျောက်စိမ်း ထုတ်လုပ်တဲ့ နိုင်ငံချင်းအတူတူ မြန်မာနိုင်ငံက ကျောက်စိမ်းမိုင်းတွေမှာ တစ်နှစ်တခြား လူ အသေအပျောက် များလာနေတဲ့အကြောင်း ပြောထားတာနားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေတဲ့ကာလအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ခက်နေတဲ့အထဲမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာလည်း အခက်အခဲရှိတဲ့အကြောင်း ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တလုံးဒုက္ခသည်စခန်းက ကမန်-မွတ်စလင်ဒုက္ခသည်တွေကို နေရာသစ်မှာ ပြန်လည်နေရာချထားတော့မယ့်အကြောင်းနဲ့ အဲဒီနေရာသစ်မှာ နေထိုင်ဖို့နဲ့ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေနိုင်တဲ့အကြောင်း ဒုက္ခသည်တွေက ပြောထားတာနားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကူးစက်မှုနှုန်းများနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ပြည်သူတွေဟာ မမြင်ရတဲ့ ရန်သူကြောင့် ဖိစီးမှုတွေများလှပြီဖြစ်သလို ရှေ့တန်းက တိုက်စစ်ဆင်နေရတဲ့ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး လုပ်သား လုပ်အားပေးတွေအနေနဲ့ ပင်ပန်းလာကြပါပြီ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ဒီတိုက်ပွဲကို ဆက်တိုက်နိုင်ဖို့ လူထုဆီက မေတ္တာနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဆီက တိကျတဲ့လမ်းညွှန်မှုတွေကို လိုချင်ပါတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ကာလကစပြီး ဒီနေ့ထိ မိခင်တိုင်းပြည်ကို ပြန်လာသူ သိန်းနဲ့ချီ ရှိနေပါပြီ။ သူတို့အလုပ်မလုပ်နိုင်တော့တဲ့အတွက် မိသားစုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်မှာ လူအချင်းချင်း နည်းအမျိုးမျိုးနဲ့ ချစ်ခင်စောင့်ရှောက်ကြတာတွေကို မုဒိတာပွားစဖွယ်မြင်လာရပါတယ်။ အဲဒီလိုပဲ တကိုယ်ရေ အဆင်ပြေဖို့ပဲစဉ်းစားပြီး အဆင်အခြင်မဲ့ စည်းကမ်းမဲ့သူတွေကြောင့် ရောဂါပွားမှာကိုလည်း စိုးရိမ်နေရတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ကပ်ရောဂါကျရောက်နေချိန် လူထုမှာခံစားရတတ်တဲ့ စိတ်ဖိစီးမှုတွေနဲ့ အဲဒီဖိစီးမှုတွေကနေ ကျော်လွှားနိုင်ရေးအတွက် ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ တွင်းထွက်သယံဇာတ ထုတ်လုပ်ရေးကနေ ဒေသခံပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ ပြဿနာတွေအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တောင့်တခဲ့တဲ့ငြိမ်းချမ်းရေးဟာ ၂ဝ၁၈ ခုနှစ်ထိ ရုပ်လုံးမပေါ်သေးတဲ့အကြောင်းနဲ့၊ ငြိမ်းချမ်းရေးဆီကို သင့်မြတ်မှုနဲ့ ခြေလှမ်းစကြဖို့ တိုက်တွန်းထားတဲ့ ကဗျာတပုဒ်အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သဘာဝတောတောင်တွေကို ပြုစုထိန်းသိမ်းတာဟာ ကိုယ်တိုင်နဲ့ကိုယ့်မိသားစုအပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်သမိုင်းကိုပါ ချစ်ခြင်းမည်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သဘာဝတောတောင်တွေကို ချစ်ချစ်ခင်ခင် ပြုစုထိန်းသိမ်းပြီး ဝင်ငွေရှာတဲ့နည်းလမ်းဟာ တောတောင်တွေဖျက်ဆီးပြီး စီမံကိန်းတွေလုပ်လို့ရတဲ့ ဝင်ငွေထက် ပိုနိုင်သလို စီမံကိန်းပြီးချိန်မှာ ဒေသခံတွေ ဒုက္ခရောက်ကျန်ရစ်တဲ့ဘေးကလည်း ကာကွယ်နိုင်တဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မတူတဲ့ချစ်ခြင်းတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC တင်ရေးနဲ့ပတ်သက်ပြီး မတူတဲ့အငြင်းပွားမှု တွေ ဖြစ်ပေါ်လာပုံကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ သစ်ပင်တောတောင်တွေကို ချစ်ပုံခြင်း မတူကြပုံအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့