ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်အရာရှိ ဘ၀ကနေ အာဏာသိမ်းမှုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်လာပြီးနောက် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်က စာသင်ကျောင်းတစ်ခုမှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေတဲ့ ဗိုလ်ကြီး ထွန်းမြတ်အောင်နဲ့ စကားပြောထားပါတယ်။
ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဗိုလ်ကြီးထွန်းမြတ်အောင်ဟာ စစ်တပ်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းတာမှာ ကျည်အစစ်တွေကို အသုံးပြုခဲ့တာကြောင့် CDM ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
