စစ်တပ်ကို ပြန်တိုက်ဖို့ မိသားစုလိုက် တောခိုခဲ့သူ

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၄၃)

ဒီတစ်ပတ်အစီအစဉ်မှာတော့အသက် ၁၅ နှစ်အရွယ်မှာ စစ်အာဏာသိမ်းမှုနဲ့ကြုံပြီး လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရပြီးနောက် မိသားစုလိုက်တောခိုခဲ့ရတဲ့ မဆိုအောနို နဲ့ စကားပြောထားပါတယ်။

လက်ရှိမှာ မဆိုအောနိုနဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာ ပဲခူးတိုင်းစစ်ဒေသရဲ့ နွေဦးစစ်သည်တော်များတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။

ဒီအစီအစဉ်ကို RFA ရဲ့ Website, Facebook နဲ့ YouTube တွေကနေ ကြည့်ရှုနားဆင်နိုင်ပါတယ်။