ဒီတစ်ပတ်အစီအစဉ်မှာတော့စစ်အာဏာသိမ်းမှုကြောင့် ဓာတ်ပုံမော်ဒယ်ဘဝကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ တိုက်ခိုက်ရေး ရဲမေတစ်ယောက်ဖြစ်လာတဲ့ မကြယ်စင်လင်း ရဲ့ဘဝဖြတ်သန်းမှုကိုတင်ပြထားပါတယ်။
မကြယ်စင်လင်းက မန္တလေးမြို့ပေါ်ကို ပြန်လာချိန် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး စစ်ကြောရေးအတွင်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံခဲ့ရတယ်လို့ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။
ဒီအစီအစဉ်ကို RFA ရဲ့ Facebook,YouTube တွေကနေလည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။
