စစ်တပ်ကမ်းလှမ်းတာ လက်မခံလို့ ထောင်ချခံရသူ

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်- အပိုင်း (၄၁)

ဒီတစ်ပတ်အစီအစဉ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ စစ်တပ်က ကမ်းလှမ်းတာကိုလက်မခံတဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့ စကားပြောထားပါတယ်။

ကိုသက်နှင်းအောင်ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို ၂၀၂၁ ခုနှစ် ဇွန်လမှာ မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ချမှတ်ခံရပြီးနောက် ပြန်လွတ်လာချိန်မှာပဲ ချက်ချင်း ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲမှာ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။

ဒီအစီအစဉ်ကို RFA ရဲ့ Facebook နဲ့ YouTube စာမျက်နှာတွေမှာလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။