ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာက စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေနဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် အနည်းဆုံး လူနှစ်ဆယ်ကျော် သေဆုံးပြီး သုံးဆယ်ကျော်ဒဏ်ရာရတဲ့သတင်းနဲ့ ဘိုကလေးမြို့နယ်မှာ ဂဏန်းထောင်တဲ့အလုပ်နဲ့အသက်မွေးနေရင်း ဆင်းရဲမွဲတေနေရတဲ့ မိသားစုတစ်စုအကြောင်းအပါအဝင် ထူးခြားတဲ့သတင်းတွေတင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
