စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား ရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း တင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ဖခင်တာဝန်ထမ်းဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်တိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း ၁၀၁ က ကိုဇော်မျိုးအောင် နဲ့ စကားပြောထားပါတယ်။
ကိုဇော်မျိုးအောင်ဟာ အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက တပ်သားတစ်ဦးဖြစ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့သူဖြစ်ပါတယ်။
စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် အစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
