ပဋိပက္ခတွေ အလေးထားဖြေရှင်း ဖို့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ သတိပေး

2013-09-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အရေးတယူဖြေရှင်းမှုမရှိရင် မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

အမေရိကန်ပြန်ထောင်စု၊ နယူးယောက်မြို့၊  ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ကကျင်းပတဲ့ မြန်မာ့အရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ  အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေအပေါ် ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ တချိန်ထဲမှာလည်း ရိုဟင်ဂျာမွတ်စလင်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အခွင့်ရေးကိစ္စရပ်တွေကို အရေးတကြီး ဖြေရှင်းပေးဖို့လိုကြောင်း၊  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို မဖြေရှင်းရင် လုပ်ဆောင်နေတဲ့ ပြောင်းလဲရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်ကြောင်း မစ္စတာ ဘန်ကီမွန်းဦးဆောင်တဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ကို ၂ဝဝ၇ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ စင်ကာပူ၊ ဗြိတိန်၊ ကနေဒါစတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။

ကွန်မင့်များ (4)
Share

(

UN should take responsibility of Bangladesh Independence War refugees. They are main problem. If they go home all problems will be go home too. UN and Bangladesh should be enough to feed and accepted them from 1971. Our nature is used up by them, our traditions are destroyed by them, our women and girls are wifed by them up, time is lost to use our land where they stay. Ohh too much, please send them back for our country reconstruction. Please, please....

Oct 09, 2013 10:02 AM

native

နေရပ်- burma

Rohinja is not from Burma our native have always known that... So why did UN secretary accept it ... whole burma native knew this history, therefore don't create rohinja in Burma, UN.

Sep 27, 2013 11:34 PM

အမည်မဖော်လိုသူ

အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တယ်။
ဘပြောင်ကြီ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား လက်ပိုက်ကြည့်နေခဲ့တယ်။
နှိုင်းယှဉ်ကြည့်ရင် ဘယ်အစိုးရက အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလွန်းပါတယ်။

Sep 27, 2013 09:42 PM

(

ပဋိပက္ခ ဖြစ်လာမှ ဖြေရှင်းတာထက် ပဋိပက္ခလုံးဝမဖြစ်အောင် လုပ်ဖို့က အဓိကကျပါတယ်။
ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေသူကို သမ္မတဦးသိန်းစိန် အပါအ၀င် သက်ဆိုင်သူများက သိနေကြတာပဲ။
ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးနေကြသလိုပါပဲ။

Sep 27, 2013 04:49 PM

ဆိုက်တခုလုံးသို့