ရိုက်တာသတင်းထောက်တွေ လျှို့ဝှက်ချက်မရရှိဟု ရှေ့နေပြော


2018.02.01
Share on WhatsApp
Share on WhatsApp
reuters-reporters-622 ရိုက်တာသတင်းထောက်တွေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က သတင်းထောက် ၂ ဦးကို လိျှု့ဝှက်ချက် ဥပဒေနဲ့ စွဲချက်တင်ထားပေမယ့် သူတို့ထံက အာဏာပိုင်တွေ ဖမ်းဆီးရရှိ တယ်ဆိုတဲ့ စာရွက်စာတမ်းတွေဟာ လိျှု့ဝှက်ချက်တွေမဟုတ်ဘဲ အစိုးရက လူသိရှင်ကြား ထုတ်ပြန်ထားပြီးဖြစ်တဲ့ အချက် အလက်တွေပဲ ပါဝင်ကြောင်း တရားရုံးမှာ မနေ့က တင်ပြခဲ့ပါတယ်။

အစိုးရသက်သေဖြစ်တဲ့ ရဲမှူး မင်းသန့်ကလည်း အဲဒီစာရွက်မှတ်တမ်းတွေဟာ အများသူငါ သိရှိပြီး အချက်အလက်တွေဖြစ်ကြောင်း တရားရုံးမှာ ဝန်ခံခဲ့တယ်လို့ ရှေ့နေ ဦးသန့်ဇော်အောင်က ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တဲရက်စ် က အဲဒီ သတင်းထောက် ၂ ဦး လွတ်မြောက်ရေး အတွက် နိုင်ငံတကာအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းရင်း မြန်မာပြည်ရဲ့ လက်ရှိသတင်း လွတ်လပ်မှု တစစလျှော့နည်းကျဆင်းလာမှုအတွက် စိုးရိမ်ကြောင်း မနေ့က ပြောပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ နယူးယောက်မြို့ အခြေစိုက် PEN America စာနယ်ဇင်းအဖွဲ့တွေကလည်း သတင်းထောက် ၂ ဦး အာမခံငြင်းပယ်ခံရတဲ့ အတွက် ကြေညာချက်တွေ မနေ့က ထုတ်ပြန်ကာ မြန်မာအစိုးရကို ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။