သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-27
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ အခွန်ဆောင်ပြီး တူးဖော်ရေး ယာဉ်၊ စက်ယန္တရား အရေအတွက်ဟာ လောလောဆယ် ဖားကန့်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့က ရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း အစီးရေ လေးထောင်ဝန်းကျင်ရှိပါတယ်။
2015-12-27
ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက မြန် မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အမိန့်ချမှတ် လိုက်တာနဲ့ ပတ်သက်ပြီး၊ တရားရေးနည်းလမ်းနဲ့ ပြေလည် မှုရရှိရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့အတွက် ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အေးချမ်း တည်ငြိမ်စွာ နေကြဖို့၊ ဒီအမှုမှာ ငွေအား၊ လူအား အပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ က မေတ္တာရပ်ခံလိုက်ပါတယ်။
2015-12-27
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည် သစ်ပါတီ NMSP ရဲ့ အဌမအကြိမ်မြောက် ပါတီညီလာခံကို ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေးချောင်းဖျား ဒေသမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့က စတင် ကျင်းပနေပါတယ်။
2015-12-27
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက် စိမ်းတူးဖေါ်နေတဲ့ မြေစာပုံတစ်ခု မှာ သောကြာနေ့က မြေပြိုမှု ထပ်မံ ဖြစ်ပွား ခဲ့ရာမှာ၊ အခုထိ ပျောက်ဆုံးသူ သုံးဦးသာ တရားဝင် စာရင်း ရရှိသေးတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
2015-12-27
ဒီအတွင်း မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် စီရင်ချက် ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး၊ ထိုင်း မြန်မာ နယ်စပ်၊ မြန်မာဘက်ခြမ်းက ဘုရားသုံးဆူ နယ်စပ် ဂိတ်ကို မြန်မာ အာဏာပိုင်တွေက ဒီနေ့ပိတ်ထား လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2015-12-27
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ရှေ့မှာ ဆန္ဒပြ သူတွေက ဒီကနေ့ ညနေပိုင်းက ရောက်ရှိလာကြ ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကူအညီပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။
2015-12-27
အစိုးရက ရေးဆွဲထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းဟာ ကာ/လုံ အစည်းအဝေးတွေမှာ သဘောကွဲလွဲမှုတွေဖြစ်လာ ရင် တပ်မတော်က ခန့်ထားသူတွေကသာ မဲအနိုင်ရဖို့ အတွက် ကြိုတင်ပြီးရေးဆွဲတဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။
2015-12-26
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ဗြိတိန်နိုင်ငံ သားနှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲပြီး ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ် အမိန့်ချလိုက်တာကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ တိုင်းရင်း သားလက်နက်ကိုင်တော် လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကထိုင်းအစိုးရကို မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ မေတ္တာရပ်ခံ စာတစ်စောင်ပေးပို့လိုက်ပါတယ်။
2015-12-26
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင် အတွင်းရေးမှူး ကိုရဲ ရင့်ပိုင်မှူးကို ဒီမိုကရေစီ ပညာရေးတောင်း ဆိုလှုပ်ရှားမှုတွေကြောင့် သက်ဆိုင်ရာက ပြီးခဲ့တဲ့ သော ကြာနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အိုးဘို အကျဉ်းထောင်မှာပို့ထား တယ်လို့သိရပါတယ်။
2015-12-26
ရေနံမြေအလုပ်သမားတွေရဲ့ဆုံးရှုံးနစ်နာ မှုတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ခု ကို ရေနံချောင်းမြို့မှာ ဒီဇင်ဘာလ ၂၆ နဲ့ ၂၇ ရက်၊ နှစ်ရက်တာပြုလုပ်နေပါတယ်။
2015-12-26
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့တဲ့ ဆိုက်ကားဆရာတွေရဲ့ စိတ်ဓာတ်ဟာ တချို့ ကိုယ်စားလှယ်လောင်းတွေရဲ့ စိတ်ဓာတ်ထက် ပိုပြီး မြင့်မြတ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောကြား လိုက်ပါတယ်။
2015-12-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ်စုပေါင်းမြေ စာပုံမှာ ဒီဇင်ဘာ ၂၅ ရက် မနေ့ညနေပိုင်း က မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေသူ ၃ဝ ကျော် မြေစာပုံထဲ ပိတ်မိနေတယ်လို့ သတင်း ထွက်နေပေမယ့် အခုအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
2015-12-26
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို Koh Samui ခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးက မြို့ကြီးတွေ အများအပြားမှာ ကန့််ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေကြ ပါတယ်။
2015-12-26
ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦး ကို သေဒဏ် ချမှတ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဆန္ဒပြတာတွေ မလုပ်ဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် သတိပေးထား တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။
2015-12-26
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ ဒီနေ့ မနက်စောစောပိုင်းက ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပါွးလို့ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒါဏ်ရာ ရရှိခဲ့ပါတယ်။