ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာ ထွန်းလွင် သတိပေး

2014-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တောင်သူတွေ ကောက်စိုက်နေစဉ်
တောင်သူတွေ ကောက်စိုက်နေစဉ်
Photo: Wai Mar Tun/RFA

အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထား ပါတယ်။

မိုးကြီးနိုင်လို့ လက်ရှိစပါးရိတ်သိမ်းချိန်ရာသီချိန်မှာ လယ်သမားတွေအနေနဲ့ အထူးသတိထားကြဖို့ ဦးထွန်းလွင်က အခုလိုပြောပါတယ်။

"လယ်သမားတွေကတော့ သတိထားရမှာပဲ၊ မွန်၊ ကရင်၊ တနင်္သာရီကတော့ တော်တော်ရွာတယ် ၊ မြစ်ဝကျွန်းပေါ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်တို့ကတော့ မိုးက ကွက်ကြားလောက်ရွာတယ်၊ ရွာတော့ရွာတယ်၊ သတိတော့ထားရမှာပဲလေ၊ မိုးမိမခံနိုင်တဲ့ဟာတွေ ကတော့ ကြိုတင်မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ အမိုးအကာအောက်ဖို့တော့ ဂရုစိုက်ရမှာပေါ့၊ တစ်ချက်မိလိုက်ရင် သွားမှာပဲ"

အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ဦးတည် ဝင်ရောက်နိုင်ကြောင်း၊ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တွေအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ချိန်ခါမဟုတ်မိုးကြီးနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း လက်ကျန်မုန်တိုင်းတွေရှိနေသေးတာမို့ နိုဝင်ဘာလကုန်ပိုင်းအထိ မိုးရွာနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပြောကြားထားပါတယ်။

ဒေါက်တာ ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (1)
Share

(

NEED TO CHANGE THE WEATHER REPORTING SYSTEM.
PEOPLE ARE GETTING FALSE ALARMS.
THAT IS THE REASON MANY PEOPLE ARE IGNORING THE WEATHER WARNING.
NEED TO REPORT MORE PRECISE WITH EFFECTED ZONES.
FOR EXAMPLE;
FOR ALL COASTAL STATES AND DIVISION.
TANINTHARYI ZONE 1,2,3 ETC
YANGON DIVISION ZONE 1,2,3 ETC
AYEYARWADY DIVISION ZONE 1,2,3 ETC
RAKHINE STATE ZONE 1,2,3 ETC

Nov 01, 2014 11:45 AM

ဆိုက်တခုလုံးသို့