တန့်ဆည်မြို့နယ် ကပေါင်းကျရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း
2021.05.31
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ၆ ကြိမ်မြောက် ဝင်ရောက် စီးနင်းခဲ့တဲ့အတွက် ဒေသခံရွာသားတွေ အင်တိုင်းချောက် တောထဲကို ထွက်ပြေး ပုန်းအောင်းနေကြရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကပေါင်းကျရွာကို မကြာခဏ လာရောက်ပြီး ရွာထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့သလို၊ လူတစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ RFA သတင်းထောက် မခင်မိုးညိုက တင်ပြထားပါတယ်။