သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-28
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ကို ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ထားတယ်လို့ ပြည်ထောင်စုလွှတ်တော်- ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။
2016-12-28
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှာ ဒီနေ့ ကျင်းပတဲ့ မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်နယ်က လူငယ်တွေအပြင် ကရင်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ တိုင်းနဲ့ပြည်နယ်က မွန်လူငယ်တွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
2016-12-28
ခေတ်သစ်မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ကဗျာဆရာနဲ့ စာရေးဆရာမကြီး (ဒေါ်) ကြည်အေးဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနေ့မနက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၉ မိနစ်က ကွယ်လွန်သွားပါတယ်။
2016-12-28
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေထဲက ဧကတစ်ရာကျော် ပြန် လည်ရရှိဖို့ တောင်းဆိုခဲ့တဲ့ ဒေသခံတောင်သူတွေထဲက ၇ ဦးကို ပြည်နယ်အစိုးရ အဖွဲ့က ဒီနေ့ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2016-12-28
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရန် ပုံငွေတွေဟာ အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံ သူ နိုင်ငံသားအားလုံးက ပိုင်ဆိုင် တဲ့ ငွေကြေးဖြစ်တဲ့အတွက် စိစစ်သုံးစွဲကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြား လိုက်ပါတယ်။
2016-12-28
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြထား တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း က ဒီနေ့ ပြောပါတယ်။
2016-12-28
မလေးရှားနိုင်ငံကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က မွတ်စလင်တွေကို အကူအညီပေး မယ့် ရေယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ခွင့်တောင်းတာ မရှိသလို တရားမဝင် ဝင်ရောက်လာမယ် ဆိုရင်လည်း မြန်မာအစိုးရအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-12-28
ဈေးကွက်အတွင်း ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေထဲမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်း ဆေးဝါး ၃၄ မျိုးထဲက ၁၉ မျိုးဟာ သုံးစွဲဖို့ မသင့်တဲ့ဆေးဝါးတွေဖြစ်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန် လိုက်ပါတယ်။
2016-12-28
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းက ဟိုတယ်ဝန်ထမ်း ၃၀၀ နီးပါးဟာ အနည်းဆုံးလုပ်ခလစာ အပြည့်အဝရရှိဖို့ နဲ့ ဧည့်သည်တွေဆီကတောင်းခံတဲ့ ဝန်ဆောင်မှုစရိတ်တွေကို အလုပ်သမားတွေဆီ အပြည့်အဝပြန် လည်ပေးချေဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-28
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
2016-12-28
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အထူးဒေသ ၄ က အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - မိုင်းလား အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အတွက် ရှမ်းပြည်နယ် လားရှိုးမြို့ကို ဒီနေ့ ရောက်ရှိနေ ပါတယ်။
2016-12-28
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက်ကြီးတွေ ကျရောက် ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ နှစ်ထောင်ကျော် ဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေ ကြပါတယ်။
2016-12-28
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးအကြပ်အတည်း စိန်ခေါ်မှုတွေနဲ့ပတ်သက် လို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၄ဝ လောက်က ကိုယ်စားလှယ်တွေ စုစည်းပြီး "လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာ" အမည်နဲ့ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင် ကျင်းပနေပါ တယ်။
2016-12-28
မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စား စိုက်ပျိုးရေး မွေးမြူရေးဇုံ စီမံကိန်းတွေ ဖော်ဆောင် နိုင်မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တဖက်တလမ်းက ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် အဲဒီလိုစီမံ ကိန်းတွေ ဖော်ဆောင်ပေးဖို့ အစီအစဉ် ရှိမရှိ ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒီနေ့ တိုင်းလွှတ်တော် မှာ မေးမြန်းခဲ့ပါတယ်။
2016-12-28
၂၁၀၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်အစိုးရအဖဲ့ွ အသုံးပြုမယ့် ဖြည့်စွက်ဘတ်ဂျက်ငွေ ကျပ်သန်း ၄ထောင်ကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က လွှတ်တော်မှာဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။