သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-10
အရပ်သားနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဇန်နဝါရီလ ၇ ရက်ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ အရပ်သားလေးဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-01-10
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မတိုင်ခင်ညမှာ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၀ ရက် ဒီကနေ့ဟာ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။
2023-01-10
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွရွာကို ဇန်နဝါရီလ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ရှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်သုံးဦး အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-10
ရန်ကုန် လှိုင်သာယာ၊ ရွှေပြည်သာက နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူတွေရဲ့ မွေးရပ်ဇာတိ ဧရာဝတီတိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။
2023-01-10
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်နေဆဲပဲလို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
2023-01-10
ချင်းပြည်နယ်က ထွက်တဲ့ မျောက်ငိုသီးတွေဟာ အိန္ဒိယနိုင်ငံ ကသည်းလူမျိုးတွေရဲ့ အစားအစာတစ်ခုဖြစ်တဲ့အတွက် မျောက်ငိုသီးပေါ်ချိန် ဒီဇင်ဘာလကနေ မတ်လအထိ မျောက်ငိုသီးပွဲစားတွေက ချင်းတောင်အထိ လာရောက်ယူရပါတယ်။ အခုနှစ်မှာတော့ နိုင်ငံရေး အခြေနေမတည်ငြိမ်မှုတွေကြောင့် မျောက်ငိုသီးစိုက်တောင်သူတွေ အခက်တွေ့နေကြရပါတယ်။
2023-01-10
ထီးချိုင့်မြို့နယ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဇန်နဝါရီလ ၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် ဦးကျော်ခင် သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-10
ပန်းညိုရွာမှာ နေအိမ် တစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
အဲဒီစခန်းမှာ ဆယ်စုနှစ်နှစ်ခုမက နေထိုင်ခဲ့ရသူတွေနဲ့ သူတို့က မွေးဖွားခဲ့တဲ့ ကလေးတွေကတော့ တတိယနိုင်ငံတစ်ခုခုကို သွားခွင့်ရဖို့ ဒါမှမဟုတ် ထိုင်းမှာပဲ အဆင့်မြင့်ပညာတွေ သင်ခွင့်ရပြီး နေထိုင်ရှင်သန်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
2023-01-09
စစ်ကောင်စီက စိတ်ထင်တိုင်း ညှဥ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာကသိရှိ အာရုံစိုက်အောင် လာမယ့် ၂၀၂၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
2023-01-09
လက်နဲ့ရိုက်နှက်တာအပြင် နည်းပေါင်းစုံသုံးပြီး နှိပ်စက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အသက် ၆၄ နှစ်အရွယ် ပရီမာ နရေနာစမီ ဆိုတဲ့ အမျိုးသမီးကို ပြစ်ဒဏ်စီရင်လိုက်တာပါ။
2023-01-09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
2023-01-09
ဒုက္ခသည်တွေဘက်က ရိက္ခာမသယ်ပေးဘူးဆိုရင် ဒုက္ခသည်စခန်းတွေကို ထောက်ပံ့နေတဲ့ ဆန်တွေကို ဖြတ်တောက်မယ်လို့ ခလရ (၂၈၉) ဒုတပ်ရင်းမှူးအောင်မင်းသူက ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။
2023-01-09
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်ကနေ ၇ ရက်အထိ ဒေသခံအရပ်သား ခြောက်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မော်မောင်းလျန်နဲ့ ဗလခမှော်ကို ဇန်နဝါရီလ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်သားအင်အား ၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။