မြန်မာ့ဈေးကွက်မှာ နေရာယူလာနေတဲ့ တရုတ်အိမ်ဆောက်ပစ္စည်း

တရုတ်နိုင်ငံဟာ မြန်မာနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်ရုံတင်မက ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတခုလည်း ဖြစ်နေလို့ မြန်မာနိုင်ငံက အစစအရာရာဆိုသလို တရုတ်ကို တနည်းမဟုတ် တနည်း မှီခိုနေရပါတယ်။

မြန်မာနိုင်ငံက အိမ်ဆောက်ပစ္စည်း ဈေးကွက်မှာလည်း တရုတ်နိုင်ငံလုပ် ပစ္စည်းတွေကပဲ လွှမ်းမိုးထားတာပါ။ ဒီအကြောင်းကို မနန်းထက်ဦးက RFA အတွက် ရိုက်ကူး တင်ဆက်ထားပါတယ်။