ဒေါ်အောင်ဆန်းစုကြည်နဲ့ လောင်းလုံ NLD အဖွဲ့ဝင်များ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အင်မတန်မှ အရေးကြီးပြီး မှန်မှန်ကန်ကန် မျှမျှတတစဉ်စားဖို့လိုမယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်း တင်ပြထားပါတယ်။