ရွေးကောက်ပွဲကော်မရှင်နဲ့ မီဒီယာ

ရွေးကောက်ပွဲတွေ အောင်မြင်ဖို့အတွက် သတင်းမီဒီယာတွေ ပူးပေါင်းကူညီပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Summit Park View Hotel မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတာပါ။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။