SSPP/SSA ဗိုလ်မှူးစိုင်းစုနဲ့ တွေ့ဆုံမေးမြန်းချက်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော် အကြား ပြီးခဲ့တဲ့မေလက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA အနေနဲ့ NLD အစိုးရဖော်ဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ အချက်ကို လက်ခံပြီး၊ အဲဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ SSPP/SSA သတင်းနဲ့ပြန်ကြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူးစိုင်းစုက ပြောပါတယ်။ ဗိုလ်မှူးစိုင်းစုကို RFA သတင်းထောက် ကိုကံသာက တွေ့ဆုံမေးမြန်းထားပါတယ်။