RFA ပေးစာ ပြန်စာ

2020-10-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရမ်းဗြဲမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မတ္တရာမြို့၊ ရန်ကုန်တိုင်း ရန်ကုန်မြို့က  RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

နေရပ်- ကရင်ပြည်နယ်၊ ဘားအံ

ကျမတို့က မဲဆန္ဒနယ်ပြင်ပရောက်နေလို့ ပုံစံ ၁၅ လျှောက်ထားပြီး ကြိုတင်မဲပေးနိုင်ဖို့ စောလျှင်စွာပင်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ ဗိုလ်စိန်မန်လမ်းရှိ ဗဟန်းမြို့နယ်ရွေးကော်ခွဲမှာ သွားရောက်မဲပေးခဲ့ပါတယ်။ အခု သတင်းတွေမှာတွေ့နေရတဲ့ ကြိုတင်မဲစာအိတ်တွေ အိတ်ပွင့်နေတာနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်။ မဲရုံးတာဝန်ရှိသူတွေက ကျမတို့ကို အပြင်စာအိတ်အကြီးကိုပဲ ကော်ပိတ်ဖို့လိုတယ်။ စာအိတ်အသေးတွေ ပိတ်စရာမလိုဘူးလိုပြောတဲ့ အတွက်ကြောင့် အပြင်စာအိတ်ကိုပဲ အသေချာလေးပိတ်ပြီးပေးခဲ့ပါတယ်။ ထို့အတွက်ကြောင့် မဲစာအိတ်တွေပွင့်နေတာဟာ သက်ဆိုင်ရာ ရွေးကော်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ လုပ်ငန်းစဥ်ကို သေချာမသိတာလား။ ကျွမ်းကျင်မှုမရှိတာလား။ ပေါ့ဆတာလား။ အခုအတိုင်းဆို ကျမတို့ရဲ့ မဲတွေက ပယ်မဲဖြစ်တယ်ဆိုရင် မတရားပါဘူး။
မဲရုံးမှူးလက်မှတ်မပါလို့ ပေးတော့့ ကြိုတင်မဲဖြစ်လို့ မဲစာရွက်မှာ မဲရုံးမှုးလက်မှတ်မပါဘူးလို့ပြောပါတယ်။ မဲစာရွက်ရဲ့ အနောက်မှာ တံဆိပ်တုံးနဲ့ လက်မှတ်ပါရင်ရပြီတယ်။ နောက်ပြီးတော့ မဲတံဆိပ်တုံးထုစရာမလိုဘူးတဲ့။ ဘောပင်နဲ့ အမှန်ခြစ်ရင်ရပြီးတဲ့။ သေချာလေးခြစ်ခဲ့ပါတယ်။ လက်မှာ မင်တို့စရာမလိုဘူးလားပေးတော့ မလိုဘူးတဲ့။ နောက်ပြီး ယင်းစာအိတ်တွေကို မဲရုံးက တာဝန်ရှိသူကို ဒီအတိုင်းပဲ မဲစာအိတ်ကို လွဲပေးခဲ့ရပါတယ်။ ထည့်ရမယ့် မဲပုံးလည်းမရှိပါဘူး။ ဒါကြောင့် ‌ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်ရှင်အဖွဲ့ခွဲတွေမှာ တာဝန်ရှိပါတယ်။ ကျမတို့ရဲ့ မဲတွေ ပယ်မဲ မဖြစ်အောင် RFA ပြောကြားပေးပါအုံးလို့ မေတ္တာရပ်ခံပါတယ်။

Oct 29, 2020 03:25 AM

ဆိုက်တခုလုံးသို့