"ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရကိုတောင်းဆိုပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားအားထုတ်သွားမှာဖြစ်ကြောင်း UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်း က ပြောလိုက်ပါတယ်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ထိန်းချုပ်ရာ ပန်ဆန်းမှာ ဧပြီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ဝ ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုကံသာ ပန်ဆန်းမြို့ကနေ သတင်းပေးပို့ထားတာကို RFA ဝိုင်းတော်သားကိုဂျေက တင်ပြထားပါတယ်။
(ရိုက်ကူး- သီဟထွန်း၊ ကံသာ)