အင်းလေး ရွာ ၁၇၀ ကျော် ရေကြီးမှု ရက်သတ္တသုံးပတ်ခန့်ရှိလာ

RFA Burmese
2024.10.01
အင်းလေး ရွာ ၁၇၀ ကျော် ရေကြီးမှု ရက်သတ္တသုံးပတ်ခန့်ရှိလာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ရေကြီးနစ်မြုပ်နေဆဲ ဖြစ်ပြီး ရက်နှစ်ဆယ်အတွင်း ရေနှစ်ပေလောက်ပဲ ပြန်ကျသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ ညောင်ရွှေမြို့နယ် ကျေးရွာပေါင်း ၄၄၆ ရွာရှိတဲ့အထဲက အင်းရေပြင်နဲ့ ထိစပ်နေတဲ့ ကျေးရွာပေါင်း ၁၇၁ ရွာဟာ လူနှစ်ရပ်စာ (၁၅ ပေကျော်) ရေနစ်မြုပ်သွားတဲ့အထိ ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံနေရတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

အခုလို ဆိုးရွားတဲ့ရေကြီးတဲ့ပုံစံ တစ်ခါမှ မကြုံဖူးသေးဘူးလို့ အင်းလေးကန်ထဲမှာမွေးပြီး ကြီးပြင်းလာတဲ့ အသက် ၈၀ ကျော် အင်းသူအဘွားအိုတစ်ဦးက RFA ကို ပြောပါတယ်။

"အဘွားတစ်သက်တော့ ဒီလိုမျိုး ရေတွေကြီးလာတာ ပထမဆုံးပဲ။ အဘိုး၊ အဘွားတွေလက်ထပ်က လုပ်လာခဲ့တဲ့ တစ်ရွာလုံးမှာရှိတဲ့ အင်းပေါခုံကျေးရွာက ရက်ကန်းစင်တွေလည်း အကုန်မြုပ်၊ ဆည်ခေါင်ကျေးရွာက တစ်ရွာလုံးမှာရှိတဲ ပန်းပဲဖိုတွေလည်း အကုန်မြုပ်၊ နှစ်ထပ်အိမ်တွေလောက်ပဲ အပေါ်ထပ်ကျန်တာ၊ သေတဲ့သူကို မီးသင်္ဂြိုဟ်တဲ့စက်တောင် ရေမြုပ်သွာပြီဆိုတော့ ဒီအချိန်အဘွားတို့ သေသွားရင် မီးသင်္ဂြိုဟ်ပေးမယ့်စက်က သုံးမရတော့ဘူး"

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

အင်းလေးကန်ထဲမှာ နေအိမ်တွေပြို၊ လျှပ်စစ်မီးတိုင်လဲကျ၊ လယ်ယာစိုက်ခင်းတွေနဲ့ လုပ်ငန်းခွင်အားလုံး ရေမြုပ်သွားလို့ အလှူရှင်တွေမလာရင် စားသောက်ရေး ဒုက္ခရောက်ကြရတယ်လို့ ပြောပါတယ်။

အင်းလေးရေဘေးကို ကူညီနေတဲ့အဖွဲတွေကတော့ အခုချိန်အထိ အင်းလေးကန်ထဲက ရေတွေကျသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းရှာမတွေ့သေးဘူးလို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၄၃၃ ဦးနဲ့ ပျောက်ဆုံးသူ ၇၉ ဦးရှိပြီး အဆောက်အအုံ ငါးထောင့်ခြောက်ရာကျော် ပျက်စီးသွားတယ်လို့ စက်တင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၂၁ ရက်စာရင်းအရ မြန်မာပြည်က ၆၅ မြို့နယ်မှာ လူကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။