ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ

RFA Burmese
2024.12.15
ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ထဲက တစ်နှစ်ထက်တစ်နှစ် များပြားလာတဲ့ ဘိန်းစိုက်ခင်းတွေကို အခုဒီဇင်ဘာလ ဘိန်းအစေးခြစ်ရာသီမှာ မြင်တွေ့ရတာပါ။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဘိန်းကို အရင်ထက် အားထားစိုက်ပျိုးလာရတာလို့ ဒေသခံတွေနဲ့ ဘိန်းစိုက်တောင်သူတွေက RFA ကို ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းနှင့် ဘိန်းစိုက်တောင်သူအချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းနှင့် ဘိန်းစိုက်တောင်သူအချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)

တွန်းဇံမြို့နယ်ထဲမှာ အရင်က တစ်ရွာကို လူငါးဦးခန့်က သုံးဧကကနေ ငါးဧကခန့်သာ စိုက်ပျိုးကြပေမဲ့ လက်ရှိမှာတော့ ရွာလုံးကျွတ်နီးပါးက ဧကဆယ်ချီစိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။ တွန်းဇံတစ်မြို့နယ်လုံးမှာ ဘိန်းစိုက်ဧက ဘယ်လောက်တိုးလာတယ်ဆိုတဲ့ အချက်အလက် အတိအကျကိုတော့ မသိရသေးပါဘူး။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး အစေးခြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး အစေးခြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)

ဘိန်းစိုက်ပျိုးဖို့အတွက် ဒေသခံတွေဟာ မတ်လကတည်းက တောင်ယာတွေကို ခုတ်ထွင်ရှင်းလင်းမီးရှို့တာ၊ ဇူလိုင်လမှာ ပေါင်းသတ်ဆေးဖျန်းတာတွေ လုပ်ပြီးနောက် ဩဂုတ်လဆန်းပိုင်းလောက်မှာ စတင် မျိုးကြဲ စိုက်ပျိုးကြတာပါ။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး ခြစ်ထားသည့် ဘိန်းစေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး ခြစ်ထားသည့် ဘိန်းစေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)

နိုဝင်ဘာမှာ စတင် အစေးခြစ်ယူကြတာဖြစ်ပြီး အခုဒီဇင်ဘာလထဲမှာတော့ စိုက်ထားတဲ့ ဘိန်းခင်းတွေအားလုံးကနေ ဘိန်းဈေးတွေ ခြစ်ယူနေကြပြီလို့ ဆိုပါတယ်။ ဘိန်းစေးတွေ စတင်ထွက်ရှိတဲ့ နိုဝင်ဘာလမှာ တစ်ပိဿာကို သိန်း ၁၅၀ ပေါက်ဈေးရှိခဲ့ပေမဲ့ အခုလက်ရှိမှာ တစ်ပိဿ သိန်း ၇၀ နဲ့ ပွဲစားတွေက လာ၀ယ်ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး ခြစ်ထားသည့် အစေးများကို အိတ်တစ်ခုထဲသို့ စုထည့်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦး ခြစ်ထားသည့် အစေးများကို အိတ်တစ်ခုထဲသို့ စုထည့်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)

ဒီနှစ်မှာမိုးများတဲ့အတွက် အပင်ဖွံ့ဖြိုးမှု အားနည်းတာကြောင့် အရင်နှစ်ထက် အထွက်နှုန်း နည်းနိုင်တယ်လို့ ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။

တွန်းဇံမြို့နယ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (DCF) တွန်းဇံက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ရေး စီစဉ်နေတယ်လို့ CDF တွန်းဇံအဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းနှင့် ဘိန်းစိုက်တောင်သူအချို့အားအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းနှင့် ဘိန်းစိုက်တောင်သူအချို့အားအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။