လေထုညစ်ညမ်းမှု ဆိုးရွားလာနေတဲ့ မြို့တော်ရန်ကုန်
2025.02.04
လေထုညစ်ညမ်းမှုညွှန်းကိန်းတွေ မြင့်တက်နေတဲ့ ရန်ကုန်မြို့ကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တွေ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာရေးအဖွဲ့အစည်း (iQAir) ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ခြောက်နာရီခွဲကနေ ကိုးနာရီကြား ဖော်ပြချက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ညွှန်းကိန်း ၂၂၆ အထိ ကမ္ဘာ့လေထု အဆိုးရွားဆုံး အဆင့် (၂) အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လေထုအရည်အသွေးညွှန်းကိန်း ၂၀၁ ကနေ ၃၀၀ အထိဟာ ကျန်းမာရေးကို အလွန်ထိခိုက်စေတဲ့ ခရမ်းရောင်အဆင့်အဖြစ် သတ်မှတ်ထားတာပါ။
ဒီနေ့မှာလည်း ခံနိုင်ရည် နည်းပါးသူတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ လိမ္မော်ရောင်အဆင့် ညွှန်းကိန်း ၁၄၄ နဲ့ အမြင့်ဆုံးရှိနေဆဲ ဖြစ်ပါတယ်။
ကားအစီးရေ သိန်းနဲ့ချီရှိတဲ့ ရန်ကုန်မှာ နေ့စဥ် ထွက်နေတဲ့ မီးခိုးငွေ့နဲ့ မီးစက်နဲ့ အမှိုက်မီးရှို့တာတွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကနေတစ်ဆင့် လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေအထိ ဖြစ်ပေါ်လာတာပါ။
ဒါကြောင့် ကလေးသူငယ်တွေနဲ့ ရောဂါလက်ခံရှိတဲ့ ကျန်းမာရေး မကောင်းသူတွေ၊ သက်ကြီးရွယ်အိုတွေ အပြင်ထွက်မယ်ဆိုရင် နှာခေါင်းစည်းကို မဖြစ်မနေအသုံးပြုဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။