“နယ်စပ်ဖြတ်ကျော် စစ်ဘေးဒုက္ခသည်တွေရဲ့ ခရီးကြမ်း”
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.03.05
2023.03.05
ဒီတစ်ပတ်မှာတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ အသက်အန္တရာယ်မလုံခြုံတော့လို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ အိန္ဒိယနယ်စပ်တွေဆီ ထွက်ပြေးခိုလှုံကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံတွေမှာ တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြသူတွေကတော့ ထိုင်းနိုင်ငံဆိုင်ရာ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်၊ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးဥပဒေအထောက်အကူပြုအဖွဲ့တာဝန်ခံ ဒေါ်သူဇာကြိုင်၊ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်နဲ့ CDM ရဲအုပ် ခွန်အောင်ကိုကိုတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။