သမ္မတဦးသိန်းစိန်ရဲ့ ပြည်တော်ပြန်ကမ်းလှမ်းချက်

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကိုယ် ပြန်လာပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကြပါလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့တဲ့ ကိစ္စကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ အမေရိကန်ပြည်ထောင်စု ဘာကလေ တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ကြိုးပမ်းနေတဲ့ ကိုမင်းဇင်၊ အင်ဒီယားနားပြည်နယ်မှာ နေထိုင်နေတဲ့ မြန်မာ့တပ်မတော် ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်နဲ့ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့က မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်းလှုပ်ရှားနေသူ ကိုအောင်ဖေခင်တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။